သင့်စိတ်ကိုသင်သိစေဖို့ ပြန်မေးကြည့်သင့်သောမေးခွန်းများ

Published on August 18, 2025 Reading time: 2 mins Tags: #Questions #Self-discovery #Reflection

ဘဝအတွက်ရည်မှန်းချက်ကဘာလဲ…..၊ ကိုယ်ဖြစ်ချင်တာက ဘာလဲ……၊ ကိုယ်အခုလက်ရှိအလုပ်မှာ မပျော်ဘူး ဘာကြောင့်လဲ….. စသည်ဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တဲ့အခါ အဖြေမရှိတာမျိုး ဖြစ်ဖူးမှာပါ။ လူတော်တော်များများက ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်း၊ ဘာလုပ်ချင်မှန်း မသိတတ်ကြတာမျိုးဖြစ်တတ်ကြပါတယ်။ အဲလိုမျိုးဖြစ်နေပြီဆိုရင်တော့ အောက်ကမေးခွန်းလေးတွေနဲ့ သင့်ကိုသင်ပြန်မေးခြင်းက အဖြေထွက်လာစေပါလိမ့်မယ်။

၁) သင့်ရဲ့ အားသာချက်က ဘာလဲ။

၂) သင့်ရဲ့ ရေတိုရည်မှန်းချက်က ဘာလဲ၊ ရေရှည်ရည်မှန်းချက်က ဘာလဲ။

(ခုလက်တလော ပြီးမြောက်အောင်လုပ်ဖို့သတ်မှတ်ထားတာက ဘာလဲ။ အဲဒီ့ပြီးမြောက်မယ့် ရည်မှန်းချက်က ရေရှည်မှာဖြစ်ချင်တာတွေအတွက် အကျိုးပြုမလား)

၃) ဘယ်သူကကိုယ့်အတွက် အထောက်အကူပေးနေတဲ့သူလဲ။ ဘယ်သူက ကိုယ့်အတွက် အကျိုးရှိစေတာလဲ။

၄) သင့်ကို အရှက်ရစေတာ ဘာဖြစ်မလဲ။

၅) ပျော်ရွှင်ဖို့အတွက် ဘာတွေ လုပ်သင့်သလဲ။

၆) သင်တကယ်စိတ်ဝင်စားပြီး အမှန်တကယ်ကြိုးစားချင်တဲ့ လုပ်ဆောင်ချက်အသစ်က ဘာလဲ။

၇) သင် စိုးရိမ်တတ်တာက ဘာဖြစ်မလဲ။

၈) သင့်ရဲ့ တန်ဖိုးက ဘာလဲ၊ သင်က ဘာကိုယုံကြည်တာလဲ။

၉) သင့်မှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ်ဆိုရင် ဘာဆန္ဒဖြစ်မလဲ။

၁၀) ဘယ်နေရာက အလုံခြုံဆုံးလို့ သင် ခံစားရသလဲ။

၁၁) ဘယ်အရာ ဒါမှမဟုတ် ဘယ်သူက ကိုယ့်ကို သက်တောင့်သက်သာမှု ပေးနိုင်သလဲ။

၁၂) ကြောက်လန့်စရာမလိုဘူးဆိုရင် သင်လုပ်ချင်တာဘာလဲ။

၁၃) ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သမျှထဲမှာ သင်ဘယ်အရာကို ဂုဏ်အယူဆုံးလဲ။

၁၄) သင့်ရဲ့အကြီးမားဆုံးကျဆုံးခြင်းက ဘာဖြစ်မလဲ။

၁၅) သင့်ရဲအကျင့်၊ အပြုအမူပိုင်းတွေကို ပိုပြီးကောင်းမွန်အောင် စီမံနိုင်ဖို့ ဘယ်လိုလုပ်သင့်လဲ။

၁၆) သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး သင်ကြိုက်တဲ့အချက်နဲ့ မကြိုက်တဲ့အချက်တွေကဘာတွေလဲ။

၁၇) သင့်ကိုသင်ပြန်ဝေဖန်ကြည့်တဲ့အခါ ဘာအချက်တွေတွေ့ရသလဲ။

၁၈) သင့်ကိုသင်ဂရုစိုက်ပြီး ကိုယ်ကိုကိုယ်ကြင်နာမှုကို ပြသဖို့ ဘာတွေလုပ်နေသလဲ။

၁၉) အခြားသူများနဲ့ ဝန်းရံနေရတဲ့အခါ သွက်လက်စေသလား၊ တစ်ယောက်တည်းနေရတာကိုပဲ နှစ်သက်သလား။

၂၀) သင့်ကိုစိတ်လှုပ်ရှားစေတဲ့အကြောင်းက ဘာလဲ။

၂၁) သင့်ရဲ့ပျော်စရာအကောင်းဆုံး သတိရစရာတွေက ဘာတွေလဲ။

၂၂) သင့်ရဲ့စိတ်ကူးအိပ်မက်တွေအတွက် ဘာတွေလုပ်ပြီးပြီလဲ။

၂၃) သင့်အနှစ်သက်ဆုံးစာအုပ်၊ ရုပ်ရှင်၊ တံဆိပ်၊ အစားအစာ၊ အရောင်၊ တိရိစ္ဆာန် တစ်ခုခုက ဘာလဲ။

၂၄) သင့်ကိုကြီးမြတ်မှုကို ခံစားရစေတာက ဘာလဲ။

၂၅) သင်စိတ်ညစ်နေတဲ့အချိန်မှာ ဘာကိုခံစားရသလဲ။

၂၆) သင်ဘာလုပ်ရတဲ့အချိန်မှာ စိတ်ဓာတ်ကျလေ့ရှိသလဲ။

သင့်ကိုသင်ပြန်မေးမယ်ဆိုရင် မေးခွန်းတွေအများကြီးပါပဲ။ အထက်ပါမေးခွန်းတွေထဲက တစ်နေ့ကို တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်သာဖြေသွားပါ။ သင့်ရဲ့ကိုယ်ပိုင်နေရာ(သင့်အခန်းလိုမျိုး) မှာ ဖြေပါ။ သင်တကယ်လုပ်ဖြစ်ဖို့ တပတ်လောက်တော့ကြာကောင်းကြာနိုင်ပါတယ်။ စိတ်မပူပါနဲ့ ဒါက ပြိုင်ပွဲတစ်ခုမှမဟုတ်တာ။ သင့်ကိုသင်ပြန်လည်ရှာဖွေခြင်း ကိစ္စပါပဲ။ အဲဒါကို တွေးပါ၊ ပြောပါ ၊ ချရေးပါ ။ တကယ်လုပ်ကြည့်ပါ။ တဖြေးဖြေးနဲ့ သင့်ပုံရိပ်ကို သင်ပြန်ရှာတွေ့လာပါလိမ့်မယ်။

https://blogs.psychcentral.com/imperfect/2016/04/26-question-to-help-you-know-yourself-better/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content