စီးပွားရေးလုပ်ငန်းရှင်ကြီး Jack Ma ၏မှတ်သားဖွယ်စကားများ

Published on September 4, 2025 Reading time: 2 mins Tags: #Jack Ma #Business #Success #Inspirational Quotes

၁) ကျွန်တော်တို့ဘယ်တော့မှ ငွေကြေးမချို့တဲ့ခဲ့ဘူး။ အိမ်မက်မက်တဲ့သူတွေကိုသာ ချို့တဲ့တာပါ၊ ဘယ်လိုလူမျိုးလဲဆိုတော့ အဲ့ဒီအိမ်မက်အတွက် သေဆိုတာတောင် သေရဲတဲ့သူတွေပါ။

၂) မြေပြင်ပေါ်မှာ ယုန်ကိုးကောင်ရှိတယ်ဆိုရင် သင်လိုချင်တဲ့ တကောင်ကိုသာဖမ်းဖို့ အာရုံစိုက်လိုက်ပါ။

၃) ပေါတောတောသူတွေက အပြောသာရှိပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ လူတယောက်ကတော့ သူ့ရဲ့ဦးနှောက်ကို အသုံးပြုပြီး ဉာဏ်ပညာရှိတဲ့ လူတယောက်ကတော့ သူ့ရဲ့နှလုံးသားကိုသာ အသုံးပြုပါတယ်။

၄) သင်ဘာမှမလုပ်ဘူးဆိုရင်တော့ ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။

၅) ဘယ်တော့မှ ဈေးနှုန်းပေါ် ပြိုင်ဆိုင်ဖို့မကြိုးစားပါနဲ့။ ဆန်းသစ်တီထွင်မှုနဲ့ ဝန်ဆောင်မှုအပေါ်မှာသာ ပြိုင်ဆိုင်ပါ။

၆) သင်ကိုယ်တိုင်က လူတိုင်းကို သင်ရဲ့ရန်သူလို့ ထင်နေတဲ့နောက်တော့ သင့်ပတ်ဝန်းကျင်မှာလည် ရန်သူတွေသာ ဝိုင်းနေလိမ့်မယ်။

၇) ၂၁ ရာစုမှာ သင်အောင်မြင်ချင်တယ်ဆိုရင် အလုပ်ခွင်မှာ အခြားသူတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ပါ။ သူတို့က သင့်ထက် ပိုကောင်းကောင်းလုပ်နိုင်ပြီဆိုတဲ့နောက်တော့ သင်အောင်မြင်လာပါလိမ့်မယ်။

၈) ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ ဒီနေ့က ခက်ခဲတယ်။ မနက်ဖြန်က ပိုပြီး ဆိုးရွားလိမ့်မယ်။ ဒါပေမယ့် သဘက်ခါကတော့ နေရောင်ခြည်ရဲ့ အလင်းရောင်ကို ရလာပါလိမ့်မယ်။

၉) လူတိုင်းမမြင်နိုင်တာကမှသာ တကယ့်အခွင့်အရေးအစစ်ပါ။

၁၀) သင့်ရဲ့ပြိုင်ဘက်အကောင်းကို မေ့ထားပါ။ သင်ရဲ့ ဖောက်သည်ကိုသာ အာရုံစိုက်ပါ။

၁၁) သင့်ရဲ့ပြိုင်ဘက်တွေဆီကနေ သင်ယူပါ။ ဒါပေမယ့် ပုံတူတော့ မကူးချမိစေနဲ့။ ပုံတူကူးချမိတဲ့နောက်တော့ သင်သေဆုံးသွားပြီ။

၁၂) သင့်ဘဝမှာ တကြိမ်တော့ တစုံတခုအတွက် လုပ်ကြိုးစားပါ။ ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်နိုင်မှာလဲ။

၁၃) ကျွန်တော်တို့အသင်းကောင်းတခုဖြစ်မယ်၊ ကျွန်တော်တို့ဘာတွေလုပ်ချင်လဲဆိုတာ ကောင်းကောင်းမွန်မွန်သိမယ်ဆိုရင်တော့ ကျွန်တော်တို့ထဲက တယောက်က သူတို့ဆယ်ယောက်ကို အေးဆေးနိုင်ပြီလေ။

၁၄) အကောင်းဆုံးဝန်ထမ်းကိုမရှာပါနဲ့။ မှန်ကန်တဲ့ ဝန်ထမ်းကိုသာ ရှာဖွေပါ။

၁၅) သင်အရှုံးမပေးသေးဘူးဆိုရင်တော့ သင့်အတွက် အခွင့်အရေးတခုက ရှိနေတုန်းပါပဲ။

Related content