Jack Ma ရဲ့ အလုပ်နှင့် ရှုံးနိမ့်မှုအကြောင်း
Published on September 7, 2025 Reading time: 2 mins Tags: #Jack Ma #Failure #Success #Inspiration
ယနေ့ခေတ်ရဲ့ အအောင်မြင်ဆုံး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့၊ တစ်နည်းပြောရရင် ၂၁ ရာစုရဲ့အကြီးက ျယ်ဆုံး entrepreneur တစ်ဦးဖြစ်တဲ့ Jack Ma ပြောနေကြစကားတစ်ခွန်းရှိပါတယ်။ “ဒီနေ့က ခက်ခဲတဲ့နေ့ဖြစ်တယ်။ မနက်ဖြန်က ပိုခက်မှာပဲ။ ဒါပေမယ့် သဘက်ခါကျရင်တော့ အဆင်ပြေသွားလိမ့်မယ်။ ခက်တာက လူအများစုက မနက်ဖြန်ထက်ကျော်ပြီး မကြိုးစားနိုင်ကြတာပဲ။” ဘဝမှာ လူတိုင်း အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ ရှုံးနိမ့်ခဲ့ကြဖူးပါတယ်။ အကြိမ်ရေ နည်းတာနဲ့ မ ျားတာပဲ ကွာပါတယ်။ ဒီရှုံးနိမ့်မှုတွေကြောင့် တက်ကြွနေတဲ့စိတ်တွေ ပေ ျာက်ဆုံးသွားတယ်။ တစ်ခါတစ်လေ ဒီရှုံးနိမ့်မှုတွေကြောင့်ပဲ ကိုယ်ကြိုးစားနေတဲ့အရာတွေ၊ ကိုယ့်ရည်မှန်းချက်တွေပါ စွန့်လွှတ်ပစ်ချင်စိတ်တွေ ပေါ်လာစေပါတယ်။ ဒါပေမယ့် လူအများစုသတိမထားမိကြတာက ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ အနိုင်၊ အရှုံးဆိုတာမရှိပါဘူး။ ကိုယ်နိုင်တဲ့အခါရှိမယ်၊ ကိုယ်သင်ခန်းစာယူရမယ့်အခါရှိတယ်၊ ဒါပါပဲ။ Alibaba Group ရဲ့တည်ထောင်သူ၊ ယခုအချိန်မှာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Jack Ma ဟာပုံမှန်လူတစ်ယောက်ထက်ပိုပြီး ရှုံးနိမ့်မှုပေါင်းများစွာ ကြုံတွေ့ခဲ့ရတယ်လို့ပြောရင် ယုံကြည်နိုင်ကြပါ့မလား။ ဒါအမှန်ပါပဲ။ Jack Ma ရဲ့ ရှုံးနိမ့်မှုတွေကို စာရင်းပြုကြည့်မယ်ဆိုရင်
• မူလတန်းစာမေးပွဲ (၂) ကြိမ်ကျခဲ့ဖူးပါတယ်။ • အလယ်တန်းမှာ (၃) ကြိမ်စာမေးပွဲကျခဲ့ပါတယ်။ • တက္ကသိုလ်မှာ (၃) နှစ်ကြိုးစားခဲ့တာလဲ မအောင်မြင်ခဲ့ပါဘူး။ • ဒါနဲ့ အလုပ်လျှောက်တယ်။ အကြိမ် (၃၀) အငြင်းခံခဲ့ရပြန်တယ်။ • ရဲဌာနမှာ လျှောက်လွှာသွားတင်တယ်။ ရုပ်ရည်ကြောင့် အငြင်းခံခဲ့ရပါတယ်။ • KFC တရုတ်ပြည်ကို လာဖွင့်တဲ့အခါ Jack Ma အလုပ်သွားလျှောက်ခဲ့ပြန်ပါတယ်။ ၂၄ ယောက်မှာ ၂၃ယောက် အလုပ်ရခဲ့ပါတယ်၊ Jack Ma ကလွဲလို့ပေါ့။ • Harvard တက္ကသိုလ်ကိုလဲ (၁၀) ကြိမ်တိတိ ကျောင်းဝင်ခွင့်လျှောက်ခဲ့ဖူးပါသေးတယ်။ (၁၀) ကြိမ်လုံးဝင်ခွင့်မရခဲ့ပါဘူး။
Jack Ma လောက်ရှုံးနိမ့်မှု၊ အထူးသဖြင့် အလုပ်နဲ့ပတ်သက်လာရင် ငြင်းငယ်ခံရဖူးသူ ရှားပါလိမ့်မယ်။ များစွာသော သူ့ရဲ့ရှုံးနိမ့်မှုတွေကနေရတဲ့ သင်ခန်းစာတွေကနေ Jack Ma ပြောတာကတော့ ကိုယ်ကဘယ်လောက်ပဲ တော်နေပါစေ၊ ကိုယ့်ကို ငြင်းငယ်မယ့်သူတစ်ယောက်ယောက်ကတော့ အမြဲရှိနေပါတယ်။ ရှုံးနိမ့်မှုဆိုတာ ကြုံရမှာပါပဲ။ သင်ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။ ကိုယ်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာကို ခွဲခြားပြီးသိရမယ်။ ပြီးတော့ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ အရှုံးမပေးသရွေ့ အခွင့်အလမ်းဆိုတာရှိပါတယ်။ Jack Ma ကသူ့ကို စိတ်ဓာတ်ခွန်အားတွေပေးခဲ့တဲ့ သင်ခန်းစာလေးတစ်ခုရှိတယ်လို့ ဆိုပါတယ်။ နာမည်ကျော် Forrest Gump ဇာတ်ကားထဲက စာသားလေးပါ။
“ဘဝဆိုတာ ချောကလက်အစုံပါတဲ့ဗူးလိုပဲ။ အထဲကနေ ကိုယ့်အတွက်ဘာချောကလက်ရမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူး။”
အလုပ်နဲ့ပတ်သက်ပြီးတော့ Jack Ma ရဲ့မှတ်သားစရာစကားကတော့ ကိုယ်ယုံကြည်ရာကိုလုပ်ပါ။ တခြားလူတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကိုယ်လုပ်တဲ့အရာကို ယုံကြည်ပါ၊ ချစ်ပါလို့ ပြောခဲ့ပါတယ်။ ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ရှုံးနိမ့်မှုများစွာကနေ ရတဲ့သင်ခန်းစာတွေကပဲ Jack Ma ကိုယနေ့လက်ရှိနေရာကိုရောက်အောင် အထောက်အပံ့ပေးခဲ့တာဖြစ်ပါတယ်။
Source: “Turning Failure into Success: Jack Ma,” www.illumeably.com “Jack Ma on Rejection and Failure,” www.youtube.com ဓါတ်ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။