အကျိုးရှိစွာလား၊ အကျိုးမဲ့စွာလားဆိုတာ ကိုယ်ပိုင်ရွေးချယ်မှု

Published on September 16, 2025 Reading time: 2 mins Tags: #Internet #Social Platforms #Pros and Cons

Dhobi.co Laundry Service

✅ အဝတ်အထည်များကို သန့်ရှင်းတောက်ပြောင်၊ မွှေးကြိုင်စေဖို့ တာဝန်ယူနိုင်ခြင်း၊ Application ကနေ တဆင့်မှာယူနိုင်ခြင်း၊ လျှော်မည့်အဝတ်များကို လာယူပေးခြင်း၊ delivery service ရှိခြင်း

❌ လတ်တလော မြို့နယ် အနည်းငယ်သာ service ရနိုင်ခြင်း

YouTube

✅ ဘဝအတွက် အကျိုးရှိစေမည့်၊ အထောက်အကူဖြစ်စေမည့် ဗီဒီယိုများကြည့်ရှုနိုင်ခြင်း။

❌ ဘဝအတွက်အကျိုးမရှိသည့် ဗွီဒီယိုများကို ကြည့်ရှုရုံတင်သာမက စွဲလမ်းစေနိုင်ခြင်း။

Linkedin

✅ ကိုယ့်ရဲ့ ကျွမ်းကျင်မှုမှန်သမျှကို ဖော်ပြထားနိုင်ခြင်း၊ အလုပ်ရှာရာတွင် များစွာအထောက်အကူပြုနိုင်ခြင်း။

❌ အသစ်များသွားတင်သည်ဆိုတာနှင့် လက်ရှိဘော့ခ်မှ ကိုယ်အလုပ်ထွက် ပြင်ဆင်နေပြီဆိုတာ ခန့်မှန်းနိုင်ခြင်း၊

Instagram

✅ အလှဆုံးဓာတ်ပုံနဲ့ ဗီဒီယိုများကို အခြားသူများနဲ့ မျှဝေခံစားနိုင်ခြင်း

❌ ပိုကောင်းတဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုများကို ကြည့်ရင်း ကိုယ့်ရဲ့ follower နည်းပါးမှုကို အားငယ်၊ စိတ်ပျက် လာနိုင်ခြင်း။အင်တာနက်ဘေလ်ပိုကုန်ခိုင်ခြင်း

Netflix

✅ Update ရှပ်ရှင်ကြည့်ဖို့ အဆင်ပြေနိင်ခြင်း

တလောကလုံးနဲ့ အဆက်အသွယ် ပြတ်သွားလောက်အောင် ရုပ်ရှင် များကြား ငြိတွယ်နိုင်ခြင်း။

Facebook

✅ တစ်ကမ္ဘာလုံးက ဝေးကွာနေသူတွေနဲ့ ဆုံတွေ့နိင်ခြင်း

❌ အနီးနားမှာ ရှိနေသူတွေနဲ့တော့ ပိုပြီး ဝေးကွာသွားနိုင်ခြင်း

Messenger

✅ သူငယ်ချင်းတွေနဲ့ ရင်းနှီးစွာ စကားလက်ဆုံပြောဆိုနိင်ခြင်း၊ ဖုန်းပြောနိင်ခြင်း

❌ သူစိမ်းများနဲ့လည်း စကားပြောခွင့် ရခိုင်သောကြောင့် မကောင်းသော အကျိုးဆက်များ ဖြစ်လာနိင်ခြင်း

Twitter

✅ နိုင်ငံတကာမှအကြောင်းအရာ များစွာကို တိုတိုရှင်းရှင်း အချိန်နှင့် တပြေးညီသိရှိနိုင်ခြင်း

❌ စာလုံးအကန့်အသတ်ရှိခြင်းကြောင့် အချို့သောအရာများကို ထိမိစွာ ရေးသားရန် အင်မတန်မှ G ခေါင်းစားခြင်း။

Gmail

✅ ကိုယ်တိုင်သွားစရာမလိုဘဲ ပေးပို့လိုသမျှကို ကလစ်တစ်ချက် နှိပ်ရုံနဲ့ ပို့ပေးနိင်ခြင်း

❌ နွေးနွေးထွေးထွေးခံစားရမည့် ကိုယ်ပိုင်လက်ရေးနဲ့ ရေးသားသော စာများပျောက်ဆုံးလာခြင်း

Google Maps

✅ သွားလိုတဲ့နေရာကို

google maps o

ကြည့်ပြီး သွားနိင်ခြင်း

❌ အချို့ နေရာများတွင်မှားယွင်း နေသေးသောကြောင့်

map ပဲကြည့်နေလျှင် ရေကန်ထဲသို့ ကျသွားနိုင်ခြင်း။

Viber

✅ ရပ်ဝေးမှ သူငယ်ချင်းတွေကို အကုန်အကျမရှိသလောက် ဖုန်းခေါ်ဆိုနိုင်ခြင်း

❌ စကားမပြောချင်သည့်သူများ အလွယ်တကူခေါ်နိုင်ခြင်း စိတ်အနှောင့်အယှက်ဖြစ်ရခြင်း

No related content found.