နိုင်ငံတကာတွင်လူမှုအကျိုးပြုလုပ်ငန်းဆောင်တာများ
Published on September 7, 2025 Reading time: 1 mins Tags: #Humanitarian #Aid #Philanthropy
အများအကျိုးကို ကူညီသယ်ပိုးတာဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ လူသားတွေနေထိုင်နေရာ ဒီကမ္ဘာမြေကြီး ပိုမိုကောင်းမွန်လာဖို့အတွက် လူသားအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ အခုဖော်ပြမှာကတော့ ကိုယ်က ျိုးကို မငဲ့ကွက်ပဲ နိုင်ငံတကာမှာ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ ခ ျီးက ျူးထိုက်တဲ့ လေးစားဖွယ် အာဂလူသားအချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုအားက ျအတုယူနိုင်ရန်ရှယ်ပေးလိုက်ရပါတယ်။
၁။ ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေကို အလုပ်ခန့်ထားတဲ့ Bitty & Beau ကော်ဖီဆိုင် မြောက်ဘက် ကာရိုလိုင်းနားက ဝယ်လ်မင်တန်ဆိုတဲ့ မြို့လေးမှာ Bitty & Beau’s Coffee ဆိုတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ထူးခြားချက်ကတော့ အဲ့ဒီဆိုင်မှာရှိတဲ့ ဝန်ထမ်း၊ အလုပ်သမားတွေဟာ Down syndrome, Autism, Cerebral Palsy စတဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေဖြစ်နေတာပါပဲ။ ဆိုင်ပိုင်ရှင် Amy Wright ကိုယ်တိုင်မှာလဲ Beau နဲ့ Bitty လို့ခေါ်တဲ့ Down syndrome ဖြစ်နေတဲ့ကလေး ၂ ယောက်ရှိပါတယ်။ ဒါကသူမရဲ့ စိတ်ကိုလှုံ့ဆော်ပေးခဲ့ပါတယ်၊ အကူအညီလိုအပ်နေတဲ့ လူမှုအသိုက်အဝန်းတစ်ခုကို သူမဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ။ ဒါနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ စိတ်ကူးစရခဲ့ပါတယ်။ ၂၀၁၆ မှာစဖွင့်ခဲ့တဲ့ သူမရဲ့ဆိုင်မှာ အခုဆိုရင် ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူ ၄၀ ခန့်ကို အလုပ်ခန့်ထားနိုင်နေပြီး ကောင်းမွန်စွာ လည်ပတ်နေပါတယ်။ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲရှိသူတွေရဲ့ ၇၀% ဟာအလုပ်မရှိကြပါဘူး။ Bitty & Beau’s Coffee Shop ဟာသူတို့အတွက်တော့ မျှော်လင့်ချက်တွေ မွေးဖွေးပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နားခိုရာနေရာတစ်ခုလဲဖြစ်ပါတယ်။
၂။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ဆပ်ပြာတွေဖြန့်ဝေပေးနေတဲ့ Eco-Soap Bank ကမ်ဘောဒီးယားနိုင်ငံသားအများစုအတွက် ဆပ်ပြာဆိုတာ ဇိမ်ခံပစ္စည်းတစ်ခုလိုပါပဲ၊ သုံးစွဲဖို့ မတတ်နိုင်ကြပါဘူး။ ကေ ျးလက်ဒေသမှာဆို ကလေးငယ်တွေမှာ ရောဂါတွေဖြစ်ကြတယ်၊ လက်ဆေးတဲ့အခါ ဆပ်ပြာမသုံးနိုင်ကြလို့ပါ။ UNICEF ရဲ့စစ်တမ်းအရ ကမ်ဘောဒီးယားမှာ အသက် ၅ နှစ်အောက် ကလေး ၅ ယောက်မှာ ၁ ယောက်က ဝမ်းရောဂါကြောင့် သေဆုံးနေရပါတယ်။ ဒီလိုအခြေအနေတွေကို ၂၀၁၄ ခုနှစ်မှာ ကမ်ဘောဒီးယားကျေးရွာတစ်ခုမှာ လာရောက်ကူညီတဲ့ ကောလိပ်ကျောင်းသား Samir Lakhani တစ်ယောက်တွေ့သွားခဲ့ပါတယ်။ ဒီကျန်းမာရေး ပြသနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက အလဟသဖြစ်နေတဲ့ ဟော်တယ်တွေက ဆပ်ပြာတုံးတွေဖြစ်တယ်ဆိုတာလဲ သိလာခဲ့ပါတယ်။ ဒါနဲ့ Eco-Soap Bank ကိုစတင်တည်ထောင်ခဲ့တယ်။ သူ့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကနေ ကမ်ဘောဒီးယားမှာရှိတဲ့ ဟော်တယ်တွေကနေ အလဟသဖြစ်နေတဲ့၊ အသုံးပြုနိုင်သေးတဲ့ စွန့်ပစ် ဆပ်ပြာတုံးတွေကို စုဆောင်းတယ်၊ ပြီးတော့ ပြန်လည်အသုံးပြုနိုင်အောင် ထုတ်လုပ်တယ်၊ နောက်ပြီး လိုအပ်တဲ့နေရာတွေကို ဖြန့်ဝေပေးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုပြသနာကိုလဲ တစ်ထောင့်တစ်နေရာက ပါဝင်ဖြေရှင်းပေးပြီးသားဖြစ်တယ်၊ သူ့ရဲ့လုပ်ငန်းအတွက် ပြည်တွင်း အမျိုးသမီးအလုပ်သမား ၃၅ အတွက်လဲ အလုပ်ရှာဖွေခန့်ထားပေးနိုင်တယ်၊ ဟော်တယ်တွေမှာ မလိုအပ်ပဲ အမှိုက်ပွနေတာကိုလဲ ရှင်းပေးပြီးသားဖြစ်ပါတယ်။ ခဲတစ်လုံးထဲနဲ့ ငှက် ၃ ကောင်ထိသလိုပါပဲ၊ Eco-Soap Bank ဟာယနေ့မှာဆို လူပေါင်း ၆၅၀,၀၀၀ ကျော်ရဲ့ ကျန်းမာရေးကို အထောက်အကူပြု တိုးတက်စေနိုင်ခဲ့ပြီဖြစ်ပါတယ်။
၃။ မိဘမဲ့ AIDS ကလေးငယ်တွေရဲ့ ကယ်တင်ရှင် Mama Rosie UNICEF ရဲ့ခန့်မှန်းချက်အရ တောင်အာဖရိကမှာ မိဘမဲ့ကလေးငယ် အရေအတွက်ဟာ ၃.၇ သန်းကျော်ရှိပါတယ်။ ၎င်းတို့ထဲက ကလေးငယ်တစ်ဝက်ခန့်ရဲ့ မိဘတွေဟာ AIDS နဲ့သေဆုံးခဲ့သူတွေ ဖြစ်ပါတယ်။ ဒီကလေးငယ်တွေကို ဘယ်သူကကြည့်ရှုစောင့်ရှောက်ပေးမှာလဲ။ Rosie Mashale ဟာကျောင်းဆရာမဟောင်းတစ်ဦး ဖြစ်ပါတယ်။ ကိတ်ပ်တောင်းမြို့ကို ပြောင်းရွှေ့နေထိုင်တဲ့အချိန်မှာ မြောင်းကြိုမြောင်းကြားတွေထဲမှာ အစာရှိလိုရှိငြား လိုက်ရှာနေကြတဲ့ ကလေးငယ်လေးတွေကို စိတ်ထိခိုက်စွာ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ သူမတတ်နိုင်သလောက် ကလေးငယ်တွေကို စောင့်ရှောက်ပေးရင်းနဲ့ သူမရဲ့ အိမ်ဟာ နေ့ကလေးထိန်းဂေဟာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ သူမရဲ့အိမ်ရှေ့မှာ လာရောက်စွန့်ပစ်ထားခံရတဲ့ ကလေးငယ်လေးကို တွေ့ခဲ့တယ်၊ ၂ နှစ် ၃ နှစ်ခန့်သာရှိပါဦးမယ်။ ဒီလိုနဲ့ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာကိုပါ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာဆိုရင် Rosie Mashale နဲ့ သူမရဲ့အဖွဲ့ဟာ အစွန့်ပစ်ခံ AIDS ကလေးငယ် ၅၀၀၀ ကျော်ကို စောင့်ရှောက်ကူညီပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
၄။ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခုဖန်တီးပေးနေတဲ့ Harlem Grown စိုက်ခင်း Tony Hillery ဟာလွန်ခဲ့တဲ့ ၆ နှစ်ခန့်က နယူးယော့ခ်မြို့၊ ဟာလမ်မက ပုဂ္ဂလိကကျောင်းတစ်ခုမှာ သင်ကြားရေးပိုင်း လုပ်အားပေးအနေနဲ့ ဝင်ရောက်ကူညီခဲ့ဖူးပါတယ်။ ကလေးငယ်တော်တော်များများရဲ့ မိသားစုတွေဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ တစ်နေ့တော့ မူလတန်းကျောင်းသားလေးတစ်ဦးကို ခရမ်းချဉ်သီးဘယ်ကသီးလဲလို့မေးလိုက်တဲ့အခါ စူပါမားကတ်ကသီးတယ်လို့ပြန်ပြောတော့ သူအံ့သြသွားခဲ့ပါတယ်။ ကလေးငယ်တော်တော်များဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မတတ်နိုင်ကြသလို ပိုဆိုးတာက ဟင်းသီးဟင်းရွက်တွေ ဘယ်ကရတယ်ဆိုတာကိုပါ မသိတာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလဲ ကွဲကွဲပြားပြား မသိကြပါဘူး။ ဒါနဲ့ ကေ ျာင်းမ ျက်စောင်းထိုးမှာရှိတဲ့ စွန့်ပစ်ထားတဲ့ ဥယ ျာဉ်ဟောင်းတစ်ခုကို အသုံးချဖို့ အကြံရသွားပါတယ်။ လိုအပ်တဲ့ စီစဉ်မှုတွေ ပြုလုပ်ပြီးနောက်မှာ သီးနှံစိုက်ခင်းအဖြစ် ပြောင်းလဲလိုက်ပြီး Harlem Grown ဆိုတာဖြစ်ပေါ်လာပါတယ်။ ယနေ့မှာဆိုရင် Harlem Gorwn စိုက်ခင်း ၁၀ ခုအထိရှိလာပြီဖြစ်ပါတယ်။ Tony Hillery နဲ့သူ့ရဲ့ဝန်ထမ်းတွေက ကလေးငယ်တွေကို သီးနှံစိုက်ပျိုးနည်းတွေ သင်ပေးတယ်၊ ဟင်းချက်နည်းတွေလဲ သင်ကြားပေးပါတယ်။ Harlem Grown ဟာသီးနှံစိုက်ခင်းတစ်ခုဆိုတာထက် ပိုပါတယ်၊ ဒါဟာ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ နှစ်စဉ် ကလေး ၄၀၀၀ ကျော်ကို ကောင်းမွန်တဲ့ ပညာရေးသင်ကြားမှုတွေနဲ့ ချိတ်ဆက်ပေးနေလျက်ရှိပါတယ်။
၅။ အိမ်ခြေယာမဲ့တွေအတွက် ရွေ့လျားကိုယ်လက်သန့်စင်ခန်း Lava Mae Lava Mae ဆိုတာ စပိန်ဝေါဟာရဖြစ်ပါတယ်၊ “Wash me” လို့အဓိပ္ပါယ်ရပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ထောင်ချီတဲ့ အိမ်ခြေမဲ့တွေအတွက် ကိုယ်လက်သန့်စင်ခန်းအရေအတွက်က ၂၀ ထက်နည်းပါတယ်။ ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကိုယ်လက်သန့်စင်ခြင်းကိုတောင် လုပ်ဖို့ခက်ခဲနေတဲ့ ဒီလူမှုအသိုက်အဝန်းအတွက် တစ်စုံတစ်ခုလုပ်ပေးရမယ်ဆိုတာ Doniece Sandoval အတွေးရခဲ့ပါတယ်။ ဒါနဲ့ ၂၀၁၃ ခုနှစ်မှာ မြို့ပတ်ဘတ်စ်ကားဟောင်းတွေကို ရွေ့လျားကိုယ်လက်သန့်စင်ခန်းတွေအဖြစ် အသွင်ပြောင်းပြီး Lava Mae လို့ခေါ်တဲ့ အိမ်ခြေမဲ့တွေ ကိုယ်လက်သန့်စင်နိုင်မယ့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကိုယ်လက်သန့်စင်တာအပြင် ဆံပင်ညှပ်တာ၊ အဝတ်အစားထောက်ပံ့ပေးတာ၊ ကျန်မာရေးစောင့်ရှောက်မှု စတာတွေကိုပါ ထောက်ပံံ့ပေးလျက်ရှိပါတယ်။ အခကျေးငွေမယူတဲ့ ဒီ Lava Mae အစီအစဉ်ဟာ လက်ရှိအချိန်ထိ အိမ်ခြေမဲ့ပေါင်း ၄,၀၀၀ ကျော်အတွက် ကိုယ်လက်သန့်စင်ဖို့နေရာ ထောက်ပံ့ပေးနိုင်ခဲ့ပါပြီ။ အခုဆိုရင် ဆန်ဖရန်စစ္စကိုမှာသာမက လော့စ်အိန်ဂျလိစ်နဲ့ ဆီလီကွန်ဗယ်လီမှာပါ ရွေ့လျားကိုယ်လက်သန့်စင်ခန်းတွေထားရှိပြီး အိမ်ခြေယာမဲ့တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။
#Inspiration
Original Source of Translation : “CNN Heroes,” cnn.com Photo Credit : CNN