နိုင်ငံတကာတွင်တည်ရှိသောဆိတ်ငြိမ်အေးချမ်းသည့်တရားစခန်းများ

Published on August 16, 2025 Reading time: 1 mins Tags: #Meditation Retreat #Mindfulness #International #Meditation

မြန်မာလူမျိုးတွေနဲ့ တရားစခန်းဆိုတာ စိမ်းတဲ့အရာတော့ မဟုတ်ပါဘူး။ Meditation တရားထိုင်ခြင်းဟာ ဘာသာဝင်အားလုံးပြုလုပ်နိုင်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ စိတ်ကိုတည်ငြိမ်အေးချမ်းစေတာကြောင့် ခုနောက်ပိုင်းမှာဆိုရင် နိုင်ငံတကာက လူငယ်တွေကြားမှာပါ ရေပန်းစားလာတဲ့ စိတ်လေ့ကျင့်ခန်းတစ်ခုပါ။ တရားစခန်းများစွာရှိတဲ့အထဲက ထူးထူးခြားခြားကို ဆိတ်ငြိမ်အေးချမ်းပြီး သဘာဝနဲ့တစ်သားထဲကျနေတဲ့ ကမ္ဘာတစ်ဝှမ်းက တရားစခန်း (၁၀) ခုကိုရှာဖွေဖော်ပြပေးလိုက်ပါတယ်။

၁။ White Cloud Sanctuary – Santa Ana, Costa Rica မှာ ၁၉၇၂ ခုနှစ်ထဲက ဖွင့်လှစ်ထားတဲ့ တရားစခန်းတစ်ခုပါ။ တစ်ကြိမ်မှာ ဧည့်သည်တစ်ယောက်ကိုသာ လက်ခံလေ့ရှိပါတယ်။ အဲ့ဒါမှတစ်ကယ်ကိုတစ်ယောက်တည်းဆိတ်ငြိမ်စွာအနှောင့်အယှက်မရှိတရားက ျင့်နိုင်အောင်လို့ဖြစ်ပါတယ်။

၂။ The Middle Way Meditation Retreat – Thailand ရဲ့သာာယာလှပတဲ့ တောင်ကုန်းတွေပေါ်မှာ တည်ရှိတဲ့ ဒီတရားရိပ်သာဟာ သဘာဝအလှတရားနဲ့ စိတ်တည်ငြိမ်စွာ တရားလေ့ကျင့်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၃။ Ananda – Himalayas, India နိုင်ငံမှာရှိတဲ့ ဆိတ်ငြိမ်ပြီး အေးချမ်းလှတဲ့ တရားစခန်းဖြစ်ပါတယ်။

၄။ The Holy Isle – Scotland ရဲ့အနောက်ဘက် ကမ်းရိုးတန်းဘက်မှာ ဖွင့်လှစ်ထားပါတယ်။ ဧည့်သည်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်း ၅ ချက်ရှိပါတယ်။ • ရှင်သန်မှုကို လေးစားရမယ်၊ အသက်မသတ်မရဘူး။ • တစ်ပါးသူရဲ့ ပိုင်ဆိုင်မှုကို လေးစားရမယ်၊ မခိုးမဝှက်ရဘူး။ • အမှန်ကိုသာ ပြောဆိုရမယ်၊ မလိမ်ညာရဘူး။ • ကျန်းမာခြင်းကို တန်ဖိုးထားရမယ်၊ အဆိပ်အတောက် (အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး) တို့ကို မသုံးစွဲရဘူး။ • တစ်ပါးသူတွေကို လေးစားရမယ်၊ အပျော်အပါး လိင်ကိစ္စတွေမှ ရှောင်ကျဉ်ရမယ်။

၅။ Green Gulch Farm Zen Centre – San Francisco မြို့မြောက်ဘက်မှာ တည်ရှိပြီး အေးချမ်းလှတဲ့ ဒီတရားစခန်းကို Green Dragon Temple လို့လဲလူသိများပါတယ်။

၆။ Osho Meditation Resort – Pune, India နိုင်ငံရဲ့ ကိုရီဂါဝန်ဥယျာဉ်အတွင်းမှာ တည်ရှိတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ဝန်းရံနေတဲ့ ဒီတရားရိပ်သာဟာ သဘာဝ အိုအေစစ်လေးတစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ကျန်းမာရေးအတွက် ရေကူးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုလဲ လုပ်ဆောင်ရပါတယ်။

၇။ Silent Stay Retreat Home – နာမည်နဲ့လိုက်အောင် သင့်စိတ်ကို ဆိတ်ငြိမ်စေမှာပါ။ California ပြည်နယ်မှာ တည်ရှိပါတယ်။ ဆူညံသံတွေ များပြားနေတဲ့ ကမ္ဘာပေါ်က တိတ်ဆိတ်အေးချမ်းရာ နယ်မြေလေးတစ်ခုပါပဲ။

၈။ Insight Meditation Society – Massachusetts ပြည်နယ်မှာ တည်ရှိပြီး ဗုဒ္ဓရဲ့ ဝိပဿနာ တရားနည်းလမ်းတွေကို ပို့ချနေတဲ့ တရားစခန်းတစ်ခုဖြစ်ပါတယ်။ အဓိကတရားရိပ်သာ ၂ ခုရှိပါတယ်။ တစ်ခုကတော့ Retreat Centre ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ Forest Refuge လို့ခေါ်ပါတယ်။

၉။ Rolling Meadows Meditation Retreats - ဧက ၁၀၀ ကျော်ကျယ်ဝန်းတဲ့ Mexico ကတရားရိပ်သာဖြစ်ပါတယ်။ တရားလေ့ကျင့်ဖို့ အကောင်းဆုံးရိပ်သာတစ်ခုအဖြစ် ခရီးသွားဝက်ဆိုဒ်တွေက သတ်မှတ်ထားပါတယ်။

၁၀။ The Abode of the Message – New York မြို့မှာ ၁၉၇၅ ခုနှစ်ထဲက စတင်ဖွင့်လှစ်ထားခဲ့တဲ့ ဒီတရားစခန်းဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံး တရားရိပ်သာတစ်ခုပါ။ ရသေ့ကျောင်းသင်္ခမ်း၊ တဲစခန်း၊ သဘာဝသီးနှံစိုက်ခင်း၊ ဥယျာဉ်နဲ့ ရေကူးကန်တွေ ပါဝင်ပါတယ်။

ရှုပ်ထွေးစွာ ဖြတ်သန်းနေကြ နေ့စဉ်ဘဝအတွက် အခုလိုတရားစခန်းတွေဟာ စိတ်နားခိုရာ နေရာတွေဖြစ်ပါတယ်။ အခုဆောင်းပါးကို ဖတ်ရှုနေကြတဲ့ သူငယ်ချင်းတို့အားလုံးပဲ စိတ်အေးချမ်းမှုကို ရှာတွေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ဒ

Source: “The top 10 meditation retreats,”exploremeditation.com မှဘာသာပြန်ဖော်ပြထားပါသည်။

No related content found.