ဘဝတွင် သွားရောက်ဆင်နွှဲသင့်သော နိုင်ငံတကာမှပွဲတော် ၉ ခု

Published on September 7, 2025 Reading time: 1 mins Tags: #International Festivals #Travel Destinations #Cultural Events

ပုံတွေကိုတော့ အွန်လိုင်းမှကူးယူဖော်ပြထားပါသည်

Holi, India

(အရောင်များ၏ပွဲတော်) ဟိန္ဒူလူမျိုးများ၏ နွေဦးတွင်ပြုလုပ်သောပွဲတော်ဖြစ်သည်။ ကောင်းမွန်သော စပါးရိတ်သိမ်းချိန်အတွက် ကျေးဇူးတော်ကို ချီးမွမ်းသောအနေဖြင့် ကျင်းပခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလရဲ့အဆုံး မတ်လအလယ်ကြားတွင် ကျင်းပလေ့ရှိသည်။ တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ရောင်စုံအမှုန့်များနှင့် ရောင်စုံအရည်များဖြင့်ပက်ကြသော ပွဲတော်ဖြစ်သည်။ နှစ်ရက်တိတိကြာမြင့်သောပွဲတော်ဖြစ်ပါသည်။

Burning Man Festival, Black Rock Desert, Nevada, U.S.A

သဲကန္တာရထဲတွင် ယာယီဖန်တီးထားသောမြို့ကြီးထဲမှာ ကိုယ်ဖန်တီးထားသော အနုပညာကို လွတ်လပ်စွာ ဖော်ပြကြသည့်ပွဲတော် ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်အားကိုးခြင်း၊ အနုပညာများဖန်တီးခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ရိုးသားစွာ ငွေကြေးများမပါပဲ ဆက်သွယ်ခြင်း အစရှိသော ဖန်တီးမှုရသမှန်သမျှကို အစွမ်းကုန်ဖန်တီးပြသသောပွဲတော်ဖြစ်ပါသည်။ ကိုးရက်တိတိကြာသော ထိုပွဲတော်ကို နှစ်စဉ် သြဂုတ်လအဆုံးမှ စက်တင်ဘာလအထိ နှစ်စဉ်နှစ်တိုင်းကျင်းပနေကျဖြစ်ပါသည်။

The Carnival in Rio de Janeiro, Brasil

အကြီးဆုံးနှင့် အရှည်လျားဆုံးဘရာဇီးအကပွဲတော်ဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးဘရာဇီးစစ်ရေးပြလမ်းတွေပေါ်မှာ ဘော်ကြယ်တွေနှင့် အမွှေးအတောင်တွေဆင်ယင်ထားသော အကအဖွဲ့တွေနောက်ကို လိုက်ပြီး သူတို့နှင့်အတူလမ်းလျှောက်ဖို့ ပြင်ဆင်ထားရမှာပါ။ လမ်းတိုင်းမှာ ထိုပွဲတော်ကို လူအပြည့်အလျှံနှင့်ကျင်းပမှာမို့ သင်သွားမယ်ဆိုရင်တော့ မျက်နှာဖုံးအနည်းဆုံ းတစ်ခု၊ နှစ်ခုလောက်တော့ ယူသွားမှဖြစ်မှာပါ။

La Tomatina, Buñol, Valencia, Spain

စပိန်နိုင်ငံဗလင်စီယာအနီးရှိ Bunol မြို့မှာ နှစ်စဉ်နှစ်တိုင်း သြဂုတ်လရဲ့နောက်ဆုံးအပတ်မှာ ကျင်းပနေကျပွဲတော်ဖြစ်ပါသည်။ ထောင်ပေါင်းများစွာသောလူတွေက ကမ္ဘာအကြီးဆုံးစာနပ်ရိက္ခာတိုက်ပွဲတစ်ခုအဖြစ် ကျင်းပသည်။ အမှည့်လွန်ခရမ်းချဉ်သီး မက်ထရစ်တန်ချိန်တစ်ရာကျော်ကိုလမ်းတွေပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ပစ်ပေါက် ဆော့ကစားရတဲ့ပွဲတော်ဖြစ်ပါသည်။

The Carnival of Venice, Venice, Italy

ကမ္ဘ္ဘာမှာကျင်းပသမျှပွဲတော်များအားလုံးထဲမှာမှ ဗင်းနစ်ရဲ့ပွဲတော်က တပ်မက်ဖွယ်အကောင်းဆုံးနှင့် သေချာပေါက်အခမ်းနားဆုံးပွဲတော်ဖြစ်သည်။ နှစ်ပတ်ကြာကျင်းပသောပွဲဖြစ်သည်။ ဘောလုံးကဲ့သို့ဝတ်ရုံများ၊ အမျိုးသမီးဝတ်ရုံအရှည်များနှင့် လှပသောအံံ့သြဖွယ်မျက်နှာဖုံးများဝတ်ဆင်ထားကြမှာဖြစ်ပါသည်။ ဗင်းနစ်ရဲ့လမ်းတွေမှာ ဟန်ရေးပြသူတွေနဲ့ပြည့်နေသလို ဗင်းနစ်ရဲ့တူးမြောင်းတွေမှာစီးရသည့် လှေဦးကော့ပဲထောင်လှေများမှာလည်း လူအပြည့်နဲ့ဖြစ်နေမှာပါ။ မူးမေ့အံ့အားသင့်ရလောက်တဲ့ပွဲမို့ သင်လက်မလွှတ်သင့်တဲ့ပွဲပါ။

Loy Krathong& Yee Peng Lantern Festivals, Chiang Mai, Thailand

ညဘက်တွေမှာ မီးတွေအမှန်တကယ်ထွန်းညှိုပြီး စတိုင်လ်တစ်ခုအနေနှင့် ကျင်းပချင်ရင်တော့ ယခုပွဲတော်ကအသင့်တော်ဆုံးပါ။ Loy Krathong ပွဲတော်မှာ လက်မှုပညာဖြင့် ပြုလုပ်ထားသေ ာ(ငှက်ပျောရွက်နှင့်ပြုလုပ်ထားသော) သေးငယ်သောလှေလေးတွေ အများအပြားကို မီးထွန်းပြီး ကန်တွေ၊ မြစ်တွေထဲမှာ မျောရသောပွဲတော်ဖြစ်ပါသည်။ Yi Peng ပွဲတော်မှာ မီးထွန်းညှိ့ထားသောမီးပုံးများကို ညအချိန်မှာ တစ်ပြိုင်တည်းကောင်းကင်ကိုလွှတ်တင်ခြင်းဖြစ်ပါသည်။ နှစ်တိုင်းရဲ့ နိုဝင်ဘာလမှာ ကျင်းပလေ့ရှိပါသည်။

St Patrick’s Day, Dublin, Ireland & New York, USA

တစ်ကမ္ဘာလုံးမှာ ကျင်းပကြပါသည်၊ အထူးသဖြင့် အမေရိကန်နှင့် အိုင်ယာလန်မှာ ကျင်းပကြသည်။ စိန့်ပက်ထရစ်သေဆုံးတဲ့နေ့ကို သတ်မှတ်ထားသောပွဲတော်ဖြစ်ပြီး အိုင်ယာလန်မှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပိတ်ရက်တစ်ရက်လည်းဖြစ်ပါသည်။ ပွဲတော်ကို လူထောင်ပေါင်းများစွာလာရောက်ကြပြီး အိုင်းရစ်လူမျိုးတွေရဲ့ ရိုးရာအစားအစာတွေကို စားသောက်ကြပါသည်။ အစိမ်းရောင်ဝတ်စုံတွေကို ဝတ်ဆင်ကြပြီး အိုင်းရစ်အမွေအနှစ်ပွဲတော်အဖြစ် ဆင်နွှဲကြပါသည်။ နှစ်စဉ်မတ်လ ၁၇ ရက်နေ့တိုင်း ကျင်းပသောပွဲတော်ဖြစ်ပါသည်။

Oktoberfest, Munich, Germany

၁၈ရက်တိတိကြာသောပွဲတော်ဖြစ်ပါသည်။ စက်တင်ဘာလလယ်မှ အောက်တိုဘာလအစပိုင်းမှာကျင်းပလေ့ရှိပါသည်။ လူပေါင်းခြောက်သန်းခန့် တက်ရောက်ကြပြီး ဘီယာရွက်ဖျင်တဲများနှင့် အပန်းဖြေစရာပွဲခင်းကြီးကို နှစ်ပတ်ခွဲကြာအောင် ကျင်းပဖို့အတွက် ပြင်ဆင်ပေးထားပါသည်။ အဲဒါကြောင့် Bavarian ဘီယာတစ်စည်သောက်ပြီး ညှို့အားပြင်းစွဲဆောင်မှုရှိတဲ့မိန်းမလှလေးတွေရဲ့ ရိုလာကိုစတာသဖွယ် ရင်ခုန်မှုတွေရဲ့ ဒဏ်ကိုခံစားးနိုင်တယ်ဆိုလျှင်တော့ သင့်ရဲ့အထုပ်အပိုးတွေကို ဒီပွဲအတွက်ပြင်ဆင်ထားလိုက်ပါ။

Chinese New Year, China

တရုတ်နှစ်သစ်ကူးပွဲသည် တရုတ်လူမျိုးများအတွက်အရေးအကြီးဆုံး၊ အကြီးကျယ်ဆုံးပွဲတော်ဖြစ်ပါသည်။ ကွဲကွာနေသောမိသားစုဝင်တွေ ပြန်လည်ဆုံဆည်းသည့်ပွဲလည်းဖြစ်ပြီး အစိုးရရုံးပိတ်ရက်ရှည်လည်းဖြစ်ပါသည်။ ဒီပွဲတော်က ကလေးတွေနှင့်တိရစ ္ဆာန်တွေကိုစားသော “Nian”ဆိုသော တစေ ္ဆ္ဆကြီးကို ဆန့်ကျင်တဲ့ပွဲတော်အဖြစ်ထင်ရှားပါသည်။ ထိုတစေ ္ဆ ကြီးကအနီရောင်နှင့်ဆူညံကျယ်လောင်တဲ့အသံတွေကိုကြောက်လန့်တတ်သည်ဆိုသော အယူရှိတာကြောင့် အိမ်တွေမှာ အနီရောင်သုတ်ပြီး မီးရှုးမီးပန်းတွေပစ်ဖောက်ကြပါသည်။ တရုတ်နိုင်ငံရဲ့တောင်ပိုင်းနှင့်မြောက်ပိုင်းမှာကျင်းပါကြပါသည်။ ကျင်းပသောပုံစံတွေမတူညီကြပါ။ တရုတ်တောင်ပိုင်းမှာ ရိုးရာအစားအစာအနေနှင့်ပေါက်စီကျွေးလေ့ရှိပြီး တရုတ်မြောက်ပိုင်းမှာတော့ ဆန်မုန့်ကျွေးလေ့ရှီပါသည်။ မြောက်ပိုင်းမှာ နှစ်ကူးပန်းချီကားတွေကို အိမ်ပြတင်းပေါက်တွေမှာချိတ်ဆွဲအလှဆင်တတ်ကြပြီး ရောင်စုံစက ္ကူတွေလည်းချိတ်ဆွဲတတ်ကြပါသည်။ တောင်ပိုင်းမှာတော့ ချိတ်ဆွဲလေ့မရှိဘဲ အန်ပေါင်းပေးလေ့ရှိပါသည်။ မြောက်ပိုင်းမှာ အဖိုးအဖွားတွေကို အမျိုးသားတွေကသာ ကန်တော့ကြပြီး တောင်ပိုင်းမှာတော့ အမျိုးသမီးတွေပါ ပါဝင်ခွင့်ရှိပါသည်။ တရုတ်ပြက္ခဒိန်ရဲ့ ပထမလ၊ ပထမရက်မှာ ကျင်းပကြပါသည်။ နှစ်သစ်ကူးညမှာ အထူးစပါယ်ရှယ်ဟင်းလျာများချက်ပြုတ်စားသောက်ကြပြီး အံပေါင်းလဲလှယ်ကြ၊ အိမ်သန့်ရှင်းရေးတွေလုပ်ကြတာမျိုး ပြုလုပ်ကြပါသည်။

No related content found.