နိုင်ငံတကာတွင်ကျင့်သုံးသောယဉ်ကျေးမှု ဓလေ့ထုံးစံများ
Published on September 5, 2025 Reading time: 1 mins Tags: #Culture #Traditions #International #Knowledge
Pointing with lips in Nicaragua
၁) နှုတ်ခမ်းဖြင့် ညွှန်ပြခြင်း (Nicaragua နိကရာဂူရာ ယဉ်ကျေးမှု)
အရာဝတ္ထုတစ်ခုခုကို လက်ချောင်း (သို့) လက်မဖြင့် မညွှန်ပြဘဲ ပြလိုတဲ့အရာကို နှုတ်ခမ်းဖြင့် ညွှန်ပြခြင်းဖြစ်ပါတယ်။ လူတစ်ယောက်က သူ့ရဲ့နှုတ်ခမ်းနဲ့ တစ်စုံတစ်ခုကို ညွှန်ပြတယ်ဆိုတာ အံ့သြစရာကောင်းတယ်မလား။ နှုတ်ခမ်းဖြင့်ညွှန်ပြခြင်းကို စကားဝိုင်းဖွဲ့ပြောဆိုကြတဲ့အခါ အနီးအနားမှာရှိတဲ့တစ်စုံတစ်ခုကို ညွှန်ပြတဲ့အခါမျိုးမှာ အသုံးပြုလေ့ရှိကြပါတယ်။ Kissing in France
၂) နမ်းခြင်း (ပြင်သစ်ယဉ်ကျေးမှု ဓလေ့)
ပြင်သစ်လူမျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြတဲ့အခါမျိုးမှာ နမ်းရှုံ့ခြင်းဓလေ့ကို ပြုလုပ်လေ့ရှိကြပါတယ်။ လက်တင်အမေရိကန်လူမျိုးယဉ်ကျေးမှုနဲ့ ရိုမန်တစ်ဆန်တဲ့ယဉ်ကျေးမှုတွေမှာ ချစ်ခင်ဖွယ်၊ ရင်းနှီးဖွယ်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် ပါးပြင်ကို နမ်းခြင်းဓလေ့လည်းရှိပါတယ်။ ပြင်သစ်တွေဟာ အလားတူဓလေ့မျိုးရှိပါတယ်။ ဒေသတစ်ခုနဲ့တစ်ခု နှုတ်ဆက်ကြတဲ့နေရာမှာ နမ်းတဲ့အကြိမ်အရေအတွက်လည်း မတူညီကြပါဘူး။ Spitting on the bride at wedding in Greece
၃) သတို့သမီးကို တံတွေးဖြင့်ထွေးခြင်း(ဂရိလူမျိုးတို့၏ယဉ်ကျေးမှု)
၂၀၀၂ ခုနစ်”My Big Fat Greek Wedding” ဆိုတဲ့ ရုပ်ရှင်မှာ ထိုဓလေ့ထုံးစံကို ကံကောင်းစေဖို့၊ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ပြသခဲ့ပါတယ်။ တခြားသော အခမ်းအနားတွေမှာလည်း ဂရိလူမျိုးတွေက လုပ်လေ့ရှိပါတယ်။ တံတွေးထွေးခြင်းက ပုံမှန်စကားဝိုင်းဖွဲ့ကြတဲ့နေရာမှာတောင် မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် လုပ်လေ့ရှိတဲ့ ဂရိတို့ရဲ့ အယူသီးမှုဓလေ့တစ်ခုဖြစ်ပါတယ်။ September 12 is the Day of Conception in Russia
၄) Sep 12 ရက်နေ့ (ရုရှားတို့ သနေ ္ဓသားယူသောနေ့)
လက်ထပ်မင်္ဂလာပြုခြင်း၊ ကလေးမွေးဖွားခြင်းနှင့် လိင်ဆက်ဆံခြင်းတို့အတွက် သီးသန့်နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ရုရှားလူမျိုးတွေဟာ အဲဒီ့ဓလေ့ကို နိုင်ငံရဲ့ဥပဒေ၊ ဓလေ့ရိုးရာတစ်ရပ်အနေနဲ့ လက်ခံထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားနိုင်ငံ စုံတွဲတွေရဲ့ ကလေးမွေးဖွားနှုန်းဟာ အမျိုးသားအမျိုးသမီးအချိုးမတူတာကြောင့်လူ့အဖွဲ့အစည်းအတွက် ရုရှားအမျိုးသားတွေရဲ့သက်တမ်းကို သတိပေးတဲ့အနေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက စုံတွေတွေအတွက် အစိုးရရုံးပိတ်ရက်လုပ်ပေးပြီး အဲဒီ့နေ့မှာ သန္ဓေ ဆောင်နိုင်ရန်ရည်ရွယ်တာဖြစ်ပါတယ်။ Tipping in US
၅) အမေရိကန်နိုင်ငံရဲ့ ဘောက်ဆူးပေးခြင်းဓလေ့
တခြားနိုင်ငံတွေနဲ့ မတူဘဲ အစားအသောက်ကောင်းစားတဲ့အခါဖြစ်ဖြစ် အမေရိကန်မှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဘောက်ဆူးပေးတဲ့ဓလေ့ရှိပါတယ်။ စားသုံးသူတွေဟာ အမြဲတမ်း စားပွဲထိုးလေးတွေအတွက် ဘောက်ဆူး 20%ကို စုစုပေါင်းဘေလ်ထဲကနေ ဆုကြေးအနေနဲ့ပေးလေ့ရှိပါတယ်။ စားပွဲထိုးလေးတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် ဒီဆုကြေးလေးတွေအပေါ်မှာ မူတည်ပါတယ်။ တရားဝင်လစာဟာ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ အဖျော်ယမကာဆိုင်က စားပွဲထိုး၊ delivery သမားတွေနဲ့ အခြားသော ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်သူတွေအတွက် ဆုကြေးပေးတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်းရှိပါသေးတယ်။ ပိုကောင်းတဲ့ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မက်လောက်စရာပေးတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ Hanging out in cemeteries in Denmark
၆) သုသာန်သို့ သွားရောက်လည်ပတ်ခြင်း (ဒိန်းမတ်တို့၏ယဉ်ကျေးမှု)
နိုင်ငံတော်တော်များများ သုသာန်ဆိုတာကို မနှစ်မြို့စရာနေရာတစ်ခုလို့ ယူဆနေချိန်မှာ ဒိန်းမတ်တွေကတော့ လားလားမျှ ထိုကဲ့သိုမယူဆကြပါဘူး။ လူတွေက ပန်းခြံတွေကို အလည်သွားရတာပိုကြိုက်ပေမယ့် ဒိန်းမတ်လူမျိုးတွေကတော့ လူစုလူဝေးနဲ့ လက်တွေ့ဆန်ဆန် သုသာန်ရဲ့နေရာကျယ်ကျယ်မှာ လည်ပတ်စုဝေးကြပါတယ်။ သုသာန်တွေဟာ ဒေသခံဒိန်းမတ်တွေပြည့်နှက်နေလေ့ရှိပြီး ရာသီဥတုနွေးထွေးတဲ့နေ့မျိုးမှာ လည်ပတ်တတ်ကြပါတယ်။ Pointing with the thumb in Malaysia
၇) လက်မဖြင့် ညွှန်ပြခြင်း (မလေးလူမျိုးတို့၏ဓလေ့)
တစ်ချို့နိုင်ငံတွေက လက်ချောင်းတွေနဲ့ညွှန်ပြတာက ရိုင်းတယ်လို့ ထင်ကြပေမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ ဒီဓလေ့ကို လက်ခံကြပါတယ်။ Kneeling or lying prostrate as greeting in Nigeria
၈)ဒူးထောက်ခြင်းယဉ်ကျေးမှု (နိုင်ဂျီးရီးယားယဉ်ကျေးမှု)
နိုင်ဂျီးရီးယားလူမျိုးနွယ်ဝင်တွေဟာ နှုတ်ဆက်တဲ့ဓလေ့အရ ဒူးထောက်လေ့ရှိကြပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို နှုတ်ဆက်တဲ့အခါ လူငယ်တွေဟာ သူတို့ဒူးကိုချပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးက ဒူးထောက်ပြီး အမျိုးသားကဝမ်းလျားမှောက်ပြီး အရိုအသေပေးကြပါတယ်။ ဒီအပြုအမူက အသက်ကြီးသူတွေအပေါ်လေးစားမှုဖြစ်ပါတယ်။ Slurping in Japan
၉) ဟင်းရည်ကို တရှုံ့ရှုံ့မြည်အောင်စားသောက်ခြင်း (ဂျပန်ယဉ်ကျေးမှု)
ကမ္ဘာပေါ်ကလူ့အဖွဲ့အစည်းတွေမှာ စားသောက်ပွဲအပြုအမူစည်းမျဉ်းတွေရှိတတ်ကြပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုအတွက် ဆူဆူညံညံစားသောက်ခြင်းက ရိုင်းတယ်လို့ ယူဆကြပေမယ့် ဂျပန်ကတော့ စားသောက်တဲ့အသံထွက်ခြင်းက ယဉ်ကျေးမှုတစ်ရပ်အနေနဲ့လက်ခံပါတယ်။ ခေါက်ဆွဲစားတဲ့အခါ ဇွန်းနဲ့ခေါက်ဆွဲကို လှည့်ပြီး စားသောက်လေ့ရှိပါတယ်။ ဂျပန်တွေက သူတို့ခေါက်ဆွဲစားတဲ့အခါ ခေါက်ဆွဲကိုမလှည့်ဘဲ အသံထွက်အောင် တရှုံ့ရှုံ့စားသောက်တတ်ကြပါတယ်။ အဲဒီလို အသံထွက်စားသောက်ခြင်းက သူတို့ကို ပျော်ရွှင်စေပါတယ်။ Use the left hand for things
၁၀) ဘယ်လက်ကိုအသုံးပြုခြင်း (အိန္ဒိ္ဒယ၊ သီရိလင်္ကာ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံတွေ)
အချို့နိုင်ငံတွေက ဘယ်လက်နဲ့စားသောက်ခြင်းဟာ ရိုင်းတယ်လို့ယူဆကြပါတယ်။ အိမ်သာသွားတဲ့အခါ ဘယ်လက်ကို အသုံးပြုတာကြောင့် ညစ်ပတ်တယ်လို့ ယူဆကြပေမယ့် သီရိလင်္ကာ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတွေမှာတော့ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ ညာလက်နဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပိုက်ဆံလဲလှယ်ခြင်း၊ ကုန်ပစ္စည်းတွေကိုင်တွယ်ခြင်း၊ စားသောက်ခြင်းတွေမှာ ဘယ်လက်ကို အသုံးပြုကြပါတယ်။ Happy Feet In China
၁၁) ခြေဖဝါးကို စည်းနှောင်ခြင်း(တရုတ်ယဉ်ကျေးမှု)
လှပတဲ့တရုတ်အမျိုးသမီးတွေရဲ့ ကြီးလွန်းတဲ့ခြေထောက်ကို သေးသွယ်စေဖို့ အနစ်နာခံပြီး ချည်နှောင်တဲ့ တရုတ်ရိုးရာဓလေ့ထုံးစံမျိုးဖြစ်ပါတယ်။ ၁၉၃၀ခုနစ်များမှာတော့ အဲဒီ့ဓလေ့က ရပ်တန့်သွားခဲ့ပါတယ်။ Silver Protection In Norwe
၁၂) ငွေရောင်သရဖူဆောင်းခြင်း (နော်ဝေယဉ်ကျေးမှု)
နော်ဝေနိုင်ငံက လူမျိုးတွေက သတို့သမီးကို ရိုးရာထုံစံအရ သတို့သမီးကို ငွေရောင်သရဖူနဲ့ အဆောင်လက်ဖွဲ့ဆွဲစေတာက မကောင်းဆိုး-ဝါးတွေကို မောင်းထုတ်နိုင်ဖို့ဖြစ်ပါတယ်။ Don’t Muddy the Carpet. In Japan
၁၃) ကော်ဇောတွေပေါ် ရွှံ့မပေစေရန် (ဂျပန်ယဉ်ကျေးမှု)
ဂျပန်နိုင်ငံက အိမ်တွေကို မဝင်ခင် ဖိနပ်ချွတ်ရတဲ့ဓလေ့ရှိပါတယ်။ အိမ်ရဲ့ကော်ဇောတွေပေါ် ရွံ့တွေမပေစေဖို့ ရည်ရွယ်တာကနေ ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာပါတယ်။ အိန္ဒိယကအိမ်တွေမှာလည်း ထိုဓလေ့ရှိကြပါတယ်။ Kidnapping Their Brides in Sudan
၁၄) သတို့သမီးကို ပြန်ပေးဆွဲခြင်း(Sudan ယဉ်ကျေးမှု)
ဆူတာနိုင်ငံက လူမျိုးစု Latuka လူမျိုးတွေဟာ သတို့သမီးကို ပြန်ပေးဆွဲတဲ့ ယဉ်ကျေးမှုရှိပါတယ်။ အမျိုးသားက သူလက်ထပ်ချင်တဲ့အ မျိုးသမီးကို ပြန်ပေးဆွဲရပါတယ်။ အမျိုးသားမိသားစုရဲ့ အသက်အကြီးဆုံးမိသားစုဝင်တွေဟာ အမျိုးသမီးအိမ်ကိုခေါ်သွားပြီးအမျိုးသမီးဖခင်ကို လက်ဆက်ပေးဖို့ ပြန်တောင်းဆိုပါတယ်။ ဖခင်ကသဘောတူရင် ဖခင်က အမျိုးသားကိုလက်ခံတဲ့အနေနဲ့ ရိုက်နှက်ရပါတယ်။ ဖခင်ကသဘောမတူဘူးဆိုရင်တောင် အမျိုးသားက အမျိုးသမီးကို သူနဲ့လက်ထပ်ဖို့ တွန်းအားပေးနိုင်ပါတယ်။ Bull Jumping as Proof of Manhood in Ethiopia
၁၅) ယောကျ်ားပီသကြောင်းသက်သေပြသော နွားရိုင်းပြေးခုန်ပစ်ပွဲ (အီသီယိုးပီးယား ယဉ်ကျေးမှု)
အီသီယိုးပီးယားနိုင်ငံမှ Hamer လူမျိုးစုတွေဟာ ယောကျ်ားပီသကြောင်းပြသဖို့ရာ ပြေးလွှားခုန်ပေါက်ပြီး နွားရိုင်းကိုခုန်ကျော်နိုင်ဖို့လိုပါတယ်။ တစ်ကြိမ်အောင်မြင်တာနဲ့ သူတို့ဟာ နွားရိုင်းပေါင်းများစွာရဲ့ကျောကို ကျော်ပြီး ဖြတ်ပြေးရပါတယ်။ နွားရိုင်းခုန်ပွဲအခမ်းအနားဟာ သုံးရက်ထိကြာမြင့်တတ်ပါတယ်။ ထိုပွဲကိုအောင်မြင်သူတွေကို Maza ဟုခေါ်တွင်ပါတယ်။ အဲဒီ့လိုအောင်မြင်တာနဲ့ သူတို့အတွက်သူတို့နှစ်သက်တဲ့ဇနီးကို ယူနိုင်ပါပြီ။ ရှုံးနိမ့်သွားခဲ့ရင်တော့ နောင်နှစ်မှာ ထိုပြိုင်ပွဲကိုတစ်ခါပြန်ဆင်နွှဲဖို့ စောင့်စားနေရပါတော့တယ်။ A Fair Price on the Bride in Afica
၁၆) သတို့သမီးတင်တောင်းသောငွေ (အာဖရိက ယဉ်ကျေးမှု)
အာဖရိကမှာရှိတဲ့ lobola လူမျိုးတွေဟာ သတို့သမီးတစ်ယောက်ကိုတင်တောင်းဖို့ ဈေးသတ်မှတ်တဲ့ ယဉ်ကျေးမှုရှိပါတယ်။သတို့သားက သတို့သမီးကိုလက်ထပ်ဖို့ ဈေးကို သတ်မှတ်ရပါတယ်။သတို့သားသတို့သမီးနှစ်ဖက်မိဘဆွေမျိုးတွေက ဈေးဆုံဖြတ်တဲ့ပွဲကို အတူတကွတက်ရောက်ကြပါတယ်။ နှစ်ဖက်လုံးသဘောတူညှိုနှိုင်းပြီမှ သတို့သားကပိုက်ဆံပေးရပါတယ်။ သတို့သမီးကြေးမှာ နွားတွေကျွဲတွေကို ရိုးရာအရပေးနိုင်ပေမယ့် အခုခေတ်မှာတော့ ပိုက်ဆံကိုသာပေးကြပါတော့တယ်။ Christmas Eve books giving in Iceland
၁၇) ခရစ်စမတ်အကြို စာအုပ်လက်ဆောင်ပေးခြင်း(အိုက်စလန်ယဉ်ကျေးမှု)
ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်ခင်တဲ့သူတွေအတွက် နည်းပညာအသစ်တွေအတွက် ငွေတွေဖြုန်းတီးနေကြပါတယ်။ လုံခြုံပြီး အန္တရာယ်ကင်းတဲ့ ခရစ်စမတ်အကြိုလက်ဆောင်တစ်ခုလောက်ပေးဖူးကြပါသလား။ အိုင်စလန်နိုင်ငံမှာတော့ ခရစ်စမတ်အကြိုလက်ဆောင်ပြဿနာကို စာအုပ်တစ်အုပ်ပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။ အဲဒီနေ့ညနေမှာ လူတိုင်းဟာ စာအုပ်တစ်အုပ်စီဖတ်ရင်း အချိန်ဖြုန်းကြပါတယ်။ အိုင်စလန်နိုင်ငံက လှပတဲ့ခရစ်စမတ်ဓလေ့ထုံးစံကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ အခြားသောနိုင်ငံများကလည်း ထိုကောင်းမွန်တဲ့ဓလေ့ကို အတုယူသင့်ပါတယ်။ ဒီလို နိုင်ငံတကာတွင် ထူးခြားသော ရိုးရာဓလေ့ထုံးစံများကို အွန်လိုင်းမှ ဖတ်ရှုပြီး အများဗဟုသုတ ရစေရန် ပြန်လည်ဝေမ ျှပေးလိုက်ပါသည်။