ကမ္ဘာကြီးကိုပြောင်းလဲခဲ့သောလူသားများ၏နာမည်ကြီးအဆိုအမိန့်များ
Published on September 7, 2025 Reading time: 2 mins Tags: #Famous Quotes #Influential People #Motivational
ကမ္ဘာကိုပြောင်းလဲနိုင်ခဲ့တဲ့ သို့မဟုတ်၊ နိုင်ငံနဲ့ချီပြီး လွှမ်းမိုးမှုကြီးမားခဲ့တဲ့ လူသားတွေ ခေတ်အဆက်ဆက်မှာ အသီးသီးထွက်ပေါ်ခဲ့ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာကျော်ခဲ့တဲ့လူသားတွေရဲ့ ကမ္ဘာကေ ျာ်အဆိုအမိန့်တွေထဲက အချို့ကိုထုတ်နုတ်ပြီး အတတ်နိုင်ဆုံးဘာသာပြန်ကာသူငယ်ချင်းတို့နဲ့ မျှဝေလိုက်ပါတယ်။
၁။ “လကမ္ဘာပေါ်ကိုချခဲ့တဲ့ ခြေတစ်လှမ်း၊ လူသားတစ်ယောက်အနေနဲ့တော့ ဒါက ခြေလှမ်းသေးသေးလေးပါပဲ။ ဒါပေမယ့် လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်ဆိုရင်တော့ ကြီးမားတဲ့ခြေတစ်လှမ်းပါ။” – Neil Armstrong
၂။ “ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျလို့ရှိရင် ကျွန်တော့်ရဲ့ ကလေး ၄ ယောက်ဟာ လူတစ်ယောက်ရဲ့ အသားအရောင်ကိုကြည့်တာမဟုတ်ပဲ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တအပေါ်ကိုသာ မူတည်ပြီး ဝေဖန်အကဲဖြတ်ခံရမယ့် နိုင်ငံမှာနေနိုင်ရမယ်။” – Martin Luther King
၃။ “ကျွန်မဘဝမှာ အဖြစ်အပျက်ဆိုးတွေကြုံခဲ့ရပေမယ့်၊ လူသားတွေရဲ့ တကယ့်အတွင်းစိတ်ဟာ ကောင်းမွန်တယ်လို့ ကျွန်မအခုထိ ယုံကြည်ဆဲပါ။” – Anne Frank
၄။ “ကျေးကျွန်ပြုတဲ့ အလေ့အထကသာ မမှားယွင်းဘူးဆိုရင် တခြားဘယ်အရာမှ မမှားယွင်းတော့ဘူး။” – Abraham Lincoln
၅။ “လူတိုင်းက ကမ္ဘာကြီးကို ပြောင်းလဲဖို့ တွေးကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ကျဘယ်သူမှ မတွေးကြဘူး။” – Leo Tolstoy
၆။ “အားနည်းပေ ျာ့ညံ့သူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြဘူး၊ ခွင့်လွှတ်ခြင်းဆိုတာ ခွန်အားကြီးသူတွေရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။” – Mahatma Gandhi
၇။ “ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် ပညာရေးက စွမ်းအားအရှိဆုံးလက်နက်ဖြစ်တယ်။” – Nelson Mandela
၈။ “တံခါးတစ်ချပ်ပိတ်သွားရင် နောက်တံခါးတစ်ချပ်ပွင့်သွားတယ်။ ဒါပေမယ့် ကျွန်မတို့တွေက ပိတ်သွားတဲ့တခါးကိုပဲ အချိန်အကြာကြီးကြည့်နေတတ်ကြတဲ့အတွက် ဖွင့်ပေးလိုက်တဲ့ နောက်တံခါးကို မမြင်ကြတတ်ပါဘူး။” – Helen Keller #QuotesByInfluentialPeople
Source: “History best quotes,” by huffingtonpost.com