ခုခံအားကောင်းစေဖို့ လိုက်နာသင့်နည်းလမ်း (၉)ခု

Published on September 22, 2025 Reading time: 5 mins Tags: #Immune System #Health Tips #Lifestyle

ကျွန်တော်တို့ရဲ့ခုခံအားစနစ်က ကျွန်တော်တို့အပေါ်အများကြီးမူတည်နေပါတယ်။ ခုခံအားကောင်းတဲ့အခါ အခြားသော ပြင်ပကူးစက်ရောဂါ ကူးစက်နိုင်ချေ နည်းပါတယ်။ အဲဒါအပြင် စိတ်သွားတိုင်းကိုယ်ပါလို့ ကျန်းမာသွက်လက်စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေဖို့ လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန် များများစားပေးပါ။ ၂) တစ်နေ့လျှင် လေ့ကျင့်ခန်းကို အနည်းဆုံး မိနစ် ၃၀ခန့်လုပ်ပေးပါ။ ၃) အိပ်ရေး၀၀ အိပ်ပါ။ ၄) အပြင်ကပြန်လာတိုင်း သင့်ရဲ့လက်ကို သတိတရ ဆေးကြောပါ။ ၅) ပုံမှန်ထိုးထားသင့်တဲ့ ကာကွယ်ဆေးထိုးပါ။ ဥပမာ။ တုတ်ကွေးကာကွယ်ဆေးလိုမျိုး ၆) သင့်ရဲ့ပေါင်ချိန်ကို ထိန်းထားပါ။ ၇) အရက်ကို အလွန်အကျွံ့မသောက်ပါနဲ့။ ၈) ဆေးလိပ်မသောက်ပါနဲ့။ ၉) စိတ်ခံစားချက်ကောင်းမွန်ပါစေ။ စိတ်ဖိစီးမှုလျှော့ပါ။

Related content