အရက်ကို ရုပ်ပျက်ဆင်းပျက်မမူးရအောင် ဘယ်လိုသောက်ကြမလဲ။
Published on September 4, 2025 Reading time: 2 mins Tags: #Alcohol Consumption #Health #Avoiding Overdrinking
မြောက်အမေရိကန်တွေနဲ့ ကမ္ဘာတစ်ဝန်းမှာ အရက်သောက်ခြင်းဆိုတာ ယဉ်ကျေးမှုတစ်ရပ်လို သောက်သုံးလာကြပါတယ်။ အရက်သောက်တဲ့အခါ တန်ဆေးလွန်ဘေးဆိုသလို သောက်တတ်ရင်ဆေးလိုဖြစ်ပြီး မသောက်တတ်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။ အရက်သောက်ခြင်းကို ထမင်းစားခြင်းနဲ့ အခြားနေ့စဉ်လုပ်နေကျအလုပ်တွေကဲ့သို့ စည်းစနစ်တကျနဲ့ သောက်သုံးမယ်ဆိုရင် ကျန်းမာရေးနဲ့သင့်တော်ပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်မျိုးကို ပိုင်ဆိုင်ရမှာပါ။
၁) သင့်ရဲ့ပမာဏကို သိပါ
- သင်မူးတတ်တဲ့ပမာဏက ဘယ်လောက်ဆိုတာ အစောထဲကမသိထားဘူးဆိုရင် သင့်ကိုသင်ထိန်းချုပ်ဖို့ လွယ်မှာမဟုတ်ပါဘူး။ သင့်ကိုသင်ထိန်းချုပ်နိုင်တဲ့မာဏလောက်အထိပဲ သောက်တာက သင့်ကို ရုပ်ပျက်ဆင်းပျက်အမူးလွန်ခြင်းဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။
၂) အရက်သောက်နေစဉ်မှာ အစာစားပါ
- ချိစ်နဲ့မြေပဲထောပတ်လို ပရိုတင်းဓာတ်များတဲ့အစားအစာများစားခြင်းက သွေးလှည့်ပတ်မှုဆိုင်ရာစနစ်အတွင်း အရက်ကိုစုပ်ယူမှုကို နှေးကွေးစေပါတယ်။ အဲဒါကြောင့် အရက်မူးခြင်းကိုထိန်းထားပေးနိုင်ပါတယ်။
၃) တစ်ငုံချင်းစီသောက်ပါ
- အရက်ကို အငမ်းမရသောက်တဲ့အခါ သင့်ရဲ့အရက်သောက်တဲ့အပေါ်မှာ သက်တောင့်သက်သာမဖြစ်နိုင်တော့ပါဘူး။ အငမ်းမရသောက်တဲ့အတွက် မူးဖို့ပိုပြီးလွယ်စေပါတယ်။
၄) အခြားအရက်မဟုတ်တဲ့သောက်စရာတစ်ခုခုသောက်ပါ
- ပါတီပွဲလိုနေရမျိုးမှာ တစ်စုံတစ်ယောက်က သင့်ကို အခြားတစ်ခုခုသောက်ဖို့တိုက်တွန်းတယ်ဆိုရင် အရက်မဟုတ်တဲ့သောက်စရာသောက်တာမျိုး ရွေးချယ်သောက်ပါ။
၅) အရသာကိုမြည်းစမ်းပါ
- ကွာလတီကောင်းတာကို ရွေးချယ်ပါ။ ကောင်းမွန်တဲ့အရသာရှိတဲ့ ဝိုင်တွေ၊ ဝီစကီတွေနဲ့ ဘီယာတွေကို မှတ်ထားပါ။ ဘယ်လိုအစားအစာမျိုးနဲ့ ဘယ်လိုသောက်စရာမျိုးတွေက လိုက်ဖက်သလဲဆိုတာ သိအောင်သင်ယူတာမျိုးပေါ့။ ကွာလတီကောင်းတဲ့သောက်စရာမျိုးက ကျန်းမာရေးအတွက်လည်း ဘေးထွက်ဆိုးကျိုးနည်းပါးစေမှာပါ။
၆) သောက်စရာတစ်ခုခုသောက်ပြီးတဲ့နောက် ထပ်မသာက်ပါနဲ့တော့
- ပါတီပွဲတွေမှာ အရက်မဟုတ်တဲ့အခြားသောက်စရာတစ်ခုခုသောက်ပြီးတဲ့နောက်မှာ အရက်သောက်မယ်ဆိုပြီး ထပ်သောက်လိုက်တာမျိုး မလုပ်ပါနဲ့။ သင့်ရဲ့သွေးထဲမှာ အရက်ပါဝင်မှု နည်းပါးနေတာကို ထိန်းထားဖို့အတွက် အရက်ကိုထပ်မသောက်လိုက်ပါနဲ့။ သွေးထဲမှာအရက်ပါဝင်မှုနည်းပါးနေတဲ့အတွက် သင့်ကိုအလွန်အကျွံ့မူးတာမျိုးမဖြစ်စေနိုင်တော့ပါဘူး။
၇) မရင်းနှီးတဲ့သောက်စရာတွေသတိထားပါ
- သင်နဲ့မရင်းနှီးတဲ့သောက်စရာတွေက ဘယ်လောက်ပမာဏသောက်ရင်မူးစေမလဲဆိုတာ သင်မသိနိုင်တဲ့အတွက် အနည်းငယ်ပဲသောက်တာတောင်မှ အမူးလွန်သွားတတ်တာမျိုးဖြစ်စေနိင်ပါတယ်။
၉) လူမှုဆက်ဆံရေးပိုပြီးတိုးတက်ဖို့ သေချာအောင်လုပ်ပါ
- အရက်သောက်တယ်ဆိုတာ လူမှုဆက်ဆံရေးအတွက်၊ အလုပ်ကိစ္စအတွက် စသည်ဖြင့် အဓိကအချက်တွေကို ဖြည့်ဆည်းပေးတဲ့အဖြည့်ခံသဘောမျိုးပါပဲ။ အဲဒါကို သေချာအောင် သိဖို့လိုပါတယ်။ အရက်တွေချည်းအလွန်အကျွံ့သောက်ပြီး မူးလာဖို့အဓိကမဟုတ်တဲ့အတွက် ကိုယ်တကယ်အာရုံစိုက်ရမှာက အလုပ်ကိစ္စလား၊ လူမှုရေးကိစ္စလား စသည်ဖြင့် သေချာသိထားပါဘ
၁၀) ဘာမှမစားထားဘဲ အရက်သောက်ထာမျိုးကို ရှောင်ရှားပါ
- သင့်ရဲ့အစာအိမ်ထဲမှာ ဘာမှမရှိနေဘူးဆိုရင် အရက်သောက်လိုက်တဲ့အခါ သင့်ကိုပိုပြီးမူးလွယ်စေတယ်။ အားနည်းစေတယ်။ ခံစားချက်တွေပြောင်းလဲသွားနိုင်ပါတယ်။
၁၁) တစ်ပတ်ကို ယောကျ်ားတစ်ယောက်က ၂၁ ကြိမ်၊ မိန်းကလေးတစ်ယောက်က ၁၄
ကြိမ်ထက်ပိုမသောက်သင့်ပါဘူး
- လေ့လာချက်များအရ ကျန်းမာရေးအတွက် ထိခိုက်မှုမရှိနိုင်တဲ့ ပမာဏကို ပြောပြထားပါတယ်။ ထိန်းထိန်းသိမ်းသိမ်းသောက်ခြင်းက သင့်ကို နှလုံးရောဂါတိုက်ဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ တစ်ရက်မှာ အစားအစာရင်းဖြင့် အရက်သောက်ခြင်းကို ယောကျ်ားတစ်ယောက်က ၂-၃ ကြိမ်သောက်သုံးနိုင်ပြီး မိန်းမတစ်ယောက်က ၁ကြိမ်နှစ်ကြိမ်သာသောက်သုံးသင့်ပါတယ်။ ရုပ်ပျက်ဆင်းပျက်မဖြစ်ရဘဲ အရက်ကို သောက်သုံးနိုင်ပြီး ကျန်းမာရေးအတွက်လည်း မထိခိုက်နိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလိုက်နာကျင့်သုံးပြီး အရက်အလွန့်အကျွံ့အမူးလွန်ခြင်းမှ ရှောင်ရှားနိုင်ကြပါစေ။ http://www.indiana.edu/~engs/hints/holiday.html လင့်မှ ဘာသာပြန်ပြီး ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။