ခေါင်းမာတဲ့သူတွေနဲ့ ထိထိရောက်ရောက် ပြောဆိုဆက်ဆံနည်း
Published on August 15, 2025 Reading time: 2 mins Tags: #Stubborn people #Conversation #Relationship #Tips #Myanmar
ခေါင်းမာတဲ့သူတွေနဲ့ စကားပြောရတဲ့အခါ သင့်အတွက် အရမ်းကို စိတ်ရှုပ်တာမျိုး၊ ပြောရတာ ခြေကုန်လက်ပန်းကျစေတာမျိုး ကြုံဖူးမှာပါ။ အဲလိုမျိုး ခေါင်းမာသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဘာတွေကို သတိထားသင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁)လိုက်လျောညီထွေဖြစ်ပါစေ ခေါင်းမာသူနဲ့ စကားပြောရတဲ့အခါ သူ့ရဲ့အတွေးအခေါ်တွေ၊ သူရဲ့ယုံကြည်မှုတွေကို အပြစ်မတင်မိပါစေနဲ့။ အဲဒါဆို ပိုပြီး သူတို့နဲ့ဆွေးနွေးရတာပိုခက်သွားနိုင်ပါတယ်။ သူတို့ရဲ့အတွေးတွေ၊ အပြောတွေကို လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားပါ။ အဲဒါမှ သူတို့နဲ့ဆက်လက်ဆွေးနွေးဖို့ အဆင်ပြေစေမှာပါ။ သူတို့ရဲ့အမြင်ထက် သင့်ရဲ့အမြင်ကိုသာ ပြောပြပြီး တိုက်တွန်းဖို့ ဆွေးနွေးနိုင်ဖို့က ပိုပြီးခက်သလို၊ အဲလိုလုပ်ခြင်းက သင့်တို့ကို အငြင်းအခုံတောင် ဖြစ်လာစေနိုင်ပါတယ်။ ခေါင်းမာတတ်သူနဲ့ ယေဘုယျအားဖြင့် ညှိုယူလို့ရနိုင်သလောက် နည်းလမ်းကိုရှာဖွေပါ။ ပြီးတော့ သူ့ထက်သင်က အများကြီးပိုသိပါတယ်ဆိုတဲ့ပုံစံမျိုး မဖြစ်ဖို့ သတိထားပါ။
၂) မတူညီသောအတွေးအခေါ်အယူအဆများကို လက်ခံနိုင်အောင်ကြိုးစားကြည့်ပါ။ သူတို့ခေါင်းမာလို့ သူတို့နဲ့ ဆန့်ကျင်ပြီး အပြိုင်ပြောချင်ပေမယ့်လည်း သူတို့ရဲ့ အတွေးအခေါ်အယူအဆများကို တကယ်နားလည်အောင်ကြိုးစားကြည့်ပါ။ ကိုယ်ကြိုးစားနေကြောင်းကိုလည်း သူတို့သိပါစေ။ အချို့သောခေါင်းမာသောသူတွေကတော့ ကိုယ်နားလည်ပေးနိုင်ရန် ကြိုးစားနေကြောင်းသိတဲ့အခါ နည်းနည်းလျော့ပေးလာတတ်ပါတယ်။ ထိုကဲ့သို့ တဖြည်းဖြည်းချင်းသာ ကြိုးစားပါ။
၃)မတိုက်ခိုက်ပါနဲ့။ သင့်ရဲ့အမြင်ကို ခေါင်းမာသူတစ်ယောက်ပြန်လက်ခံလာဖို့အတွက် သင်သူ့ကိုမတိုက်ခိုက်မိဖို့လိုပါတယ်။ သူနဲ့သင်စကားပြောနေတဲ့အတောအတွင်းမှာ သူပြောတဲ့စကားတွေအပေါ် သင်ဘယ်လိုအာရုံစိုက်သလဲဆိုတာကို သူ့ကိုပြသမှဖြစ်မှာပါ။
၄)လက်ခံရာကနေ လက်မခံနိုင်ကြောင်းဆီသို့ဖြေးဖြေးချင်းသွားပါ။ သင်တို့စကားဝိုင်းကအရှိန်ရလာပြီဆိုရင် ဥပမာ။ သူပြောသမျှ သင်ကအလေးထားနားထောင်တယ်၊ သူ့အယူအဆတွေကို သင်ကလေးလေးနက်နက်တွေးပြီးလက်ခံတယ်လို့ သူယုံကြည်လာပြီဆိုရင်တော့ သဘောတူရာကနေ သဘောမတူကြောင်းဆီကိုဖြေးဖြေးချင်းပြောင်းလဲဖို့အချိန်ကောင်းပါပဲ။
၅)စိတ်ရှည်ပါ။ ခေါင်းမာတဲ့သူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ သင်စိတ်ရှည်ဖို့လိုပါတယ်။ သင့်အပေါ် စိတ်တိုဒေါသထွက်ဖို့ သူ့ကိုအခွင့်အရေးမပေးလိုက်ပါနဲ့။ အဲဒါဆိုရင် သင်ဆွဲခေါ်ချင်တဲ့အကြောင်းအရာဆီကို ဆက်သွားလို့ရတော့မှာမဟုတ်ပါဘူး။
၆)အသုံးအနှုန်းတွေကို သတိထားပါ။ ခေါင်းမာသူနဲ့စကားပြောတဲ့အခါ အသုံးအနှုန်းတွေ၊ အပြောအဆိုတွေကို သတိထားပါ။ သင်က သူ့ရဲ့အတွေးတွေ၊ သူ့ရဲ့အကြံဉာဏ်တွေကို နားမထောင်ဘဲ မကြိုက်တဲ့ပုံစံမျိုး တုံ့ပြန်မိရင် ပိုပြီးဆွေးနွေးရခက်သွားတတ်ပါတယ်။ သူ့ရဲ့အတွေးအမြင်တွေကိုအကောင်းဘက်က တုံ့ပြန်ပေးပါ။ ခေါင်းမာတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ သူတို့က အမှားအယွင်းသိပ်မခံတတ်သူတွေဖြစ်ကြောင်းသတိထားပြီး စကားကိုအစပျိုးပါ။ အရှိန်လေးရလာမှ ကိုယ့်ရဲ့အတွေးအခေါ်လေးတွေ ညှိုယူရမှာဖြစ်ပါတယ်။ အားလုံးပဲစိတ်ရှည်ဖို့တော့လိုပါလိမ့်မယ်နော်။
https://www.quora.com/Whats-the-best-way-to-deal-with-stubborn-people မှ အချက်အလက်အချို့ကို ဘာသာပြန်ပြီး ကိုးကားဖော်ပြထားပါတယ်။