မကောင်းသောအကျင့်တို့ကိုဖျောက်ဖျက်နည်း

Published on August 16, 2025 Reading time: 1 mins Tags: #Bad habits #Personal growth #Motivation #Tips

မကောင်းတဲ့အကျင့်မျိုးဆိုတာ အားလုံးမှာရှိတတ်ကြပါတယ်။ အိပ်ရာထနောက်ကျတာမျိုး၊ ချိန်းထားရင် အချိန်မှီမရောက်တာမျိုးကအစ ကတိလွယ်လွယ်ပေးပြီး မတည်တာမျိုးပေါ့၊ နည်းတာများတာပဲကွာပါတယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ချက်က လူတိုင်းမှာ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ကိုယ်မကြိုက်တဲ့ အကျင့်ဆိုးလေးတွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြောင်းလဲနိုင်ရန်ဒီပို့စ်ကိုရှယ်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင် (၂) မျိုးရှိပါတယ်။ ကိုယ်တိုင်တော့ရှိမှန်းမသိဘူး၊ ဒါပေမယ့် လူတွေသတိထားမိတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေနဲ့ ဘယ်သူမှမသိဘူး ကိုယ်တိုင်ပဲသိတဲ့ မကောင်းတဲ့အကျင့်လေးတွေပေါ့။ ကိုယ်တိုင်တောင်ရှိမှန်းမသိတာကို ဘယ်လိုပြင်ဆင်ရမှာလဲဆိုပြီး မေးစရာရှိမှာပေါ့။ နည်းလမ်းတော့ရှိပါတယ်၊ ရှက်မနေဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့ အရင်းနီးဆုံး သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်းသာ မေးလိုက်ပါ၊ ကိုယ့်မှာဘာအကျင့်ဆိုးတွေ ရှိနေတယ်ထင်ပါသလဲလို့။ နောက်တစ်မျိုးဖြစ်တဲ့ ကိုယ်တိုင်ပဲသိတာမ ျိုးကြတော့ ပြင်ရမှာခက်ခဲပါလိမ့်မယ်၊ သိနေရက်သားနဲ့ အခုထိရှိနေတုန်းဆိုတော့ စွဲနေတာမျိုးပေါ့။ ဒါပေမယ့် ဘယ်လိုအက ျင့်ဆိုးပဲဖြစ်ဖြစ် ပြင်ဆင်နိုင်ပါတယ်။ ပြင်ချင်စိတ်ရှိဖို့ပဲ အရေးကြီးတာပါ။ အခု ကိုယ့်ရဲ့မကောင်းတဲ့ အကျင့်ဆိုးလေးတွေကို ဖျောက်ဖျက်နိုင်မယ့် အဆင့် (၇) ဆင့်ကိုပြောပြပေးလိုက်ပါတယ်။ ၁။ ပြင်ချင်စိတ်ရှိရမယ် ပထဆုံးအဆင့်နဲ့ အရေးကြီးဆုံးကတော့ ကိုယ့်စိတ်ပါပဲ။ ဘယ်လိုမကောင်းတဲ့ အမူအကျင့်မျိုးပဲဖြစ်ဖြစ် ကိုယ်တိုင်ပြင်ချင်စိတ်ရှိမှ ရမှာပါ။ ကိုယ့်ကိုယ်ကို သေချာပြန်မေးပါ၊ ငါတကယ်ပြင်ချင်စိတ်ရှိရဲ့လားဆိုတာကို။ သေချာပြီဆိုရင် နောက်တစ်ဆင့်ဆက်သွားလို့ရပါပြီ။ ၂။ ဘာကြောင့်ပြင်ချင်တာလဲ ပြင်ချင်တာသေချာပြီဆိုရင်တော့ ဘာကြောင့်ပြင်ချင်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေက ကိုယ့်ကိုဘယ်လိုအနှောင့်အယှက်ဖြစ်စေလဲ၊ ပြင်လိုက်မယ်ဆိုရင် ဘာတွေကောင်းသွားမလဲ စတာတွေကို စာရင်းလုပ်ပြီး စိတ်ထဲစွဲနေအောင် မှတ်ထားလိုက်ပါ။ ဥပမာကိုယ်က ဝိတ်ချဖို့စိတ်ကူးရှိတယ်ဆိုရင် ဝိတ်ချတာကိုအောင်မြင်စွာ လုပ်နိုင်ပြီးသွားရင် ဖြစ်လာမယ့် ကိုယ့်ရဲ့ကြည့်ကောင်းနေမယ့် ပုံစံကို စိတ်ထဲမှာ ကြိုတင်မြင်ယောင်ထားတာမျိုးပေါ့။ ၃။ ရွေးချယ်ပါ အမြဲတမ်း ရွေးချယ်စရာ (၂) လမ်းရှိပါတယ်။ ဖြစ်မြောက်အောင် လုပ်မှာလား၊ လမ်းတစ်ဝက်မှာ လက်လျှော့လိုက်မှာလား။ ဖြစ်မြောက်အောင်လုပ်မယ့်လမ်းကို ရွေးချယ်ပါ။ ငါရဲ့မကောင်းတဲ့အကျင့်တွေကို ရအောင်ပြင်နိုင်ရမယ်၊ ငါ့ကိုယ်ငါ ပြင်ဆင်ဖို့လမ်းကို ရွေးချယ်တယ်လို့ နေ့တိုင်း ကိုယ့်ကိုယ်ကို သတိပေးပါ။ ဘယ်အရာမဆို ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။ ၄။ အကောင်အထည်ဖော်ပါ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ (၂) မျိုးှရှိပါတယ်။ တစ်ချို့ ကကြတော့ ချက်ချင်းအပြင်းအထန်ကြိုးစားကြတယ်။ ကိုယ့်ကိုယ်ကို လုံးဝထိန်းချုပ်ပြီးတော့ ခြေလှမ်းကြီးကြီးကို တစ်ခါထဲလှမ်းတယ်။ မလုပ်ရင်လဲ မလုပ်ဘူး၊ လုပ်ရင်လဲ ကြီးကြီးမားမားပဲဟေ့ ဆိုသူမျိုးတွေပေါ့။ တစ်ချို့ကကြတော့ ခြေလှမ်းသေးသေးက စကြတယ်။ ဘယ်လောက် အတိုင်းအတာအထိ အရင်လုပ်မယ်။ ပြီးရင်ဘယ်အဆင့်ကို တက်မယ်။ တဖြည်းဖြည်းချင်းသွားတဲ့ သူမျိုးပေါ့။ ဘယ်လိုနည်းလမ်းပဲသုံးသုံးပါ၊ နောက်ဆုံးကိုယ့်ကိုယ်ကို ပြင်ဆင်နိုင်ဖို့က အဓိကပါ။ ဆိုတော့ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ်ပြီး အကောင်အထည်ဖော်နိုင်ပါတယ်။ ၅။ ပြောပြပါ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တစ်ယောက်ယောက်ကို ကိုယ့်အကြံအစည်တွေကို ပြောပြထားပါ။ ကိုယ်ကြိုးစားပြင်ဆင်နေကြောင်း အသိပေးထားပါ။ ပြီးရင် ကိုယ့်ရဲ့တိုးတက်မှုနှုန်းကို တစ်ပတ်တစ်ခါဖြစ်စေ၊ တစ်လတစ်ခါဖြစ်စေ မေးမြန်းခိုင်းပါ။ ဒီလိုပြောပြထားခြင်းက ကိုယ့်ကိုလမ်းခုလတ်ကနေ လှည့်မပြန်စေဖို့ တွန်းအားပေးပါလိမ့်မယ်။ ၆။ လက်မလျော့ပါနဲ့ ဒီလို ကိုယ့်ရဲ့အကျင့်ဆိုးလေးတွေကို ပြင်ဆင်ဖို့ကြိုးစားတဲ့အခါ တစ်ခါတစ်လေ ကိုယ်ထင်သလောက် အရာမရောက်တာဖြစ်တတ်ပါတယ်။ ဒါသင်တစ်ယောက်ထဲ မဟုတ်ပါဘူး၊ လူအများစုလဲ ဒီလိုပါပဲ။ အရေးကြီးတာ လက်မလေ ျာ့လိုက်ဖို့ပါပဲ။ ဆက်ကြိုးစားပါ။ ၇။ ကိုယ့်ကိုယ်ကို ဆုချပါ တစ်ဆင့်ပြီး တစ်ဆင့်ကိုယ်အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့အခါတိုင်း၊ ပြင်ဆင်နိုင်ခဲ့တဲ့အခါတိုင်း ကိုယ့်ရဲ့အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကို ဆုပြန်ချပါ။ နောက်ဆုံးမှာ ကိုယ့်ရဲ့အကျင့်ဆိုးတစ်ခုကို လုံးဝဖျောက်ဖျက်သွားနိုင်ခဲ့တဲ့အခါမျိုးမှာ လက်ဆောင်တစ်ခုခု ကိုယ့်အတွက်ကိုယ် ဝယ်ပေးဖို့ စီစဉ်ထားပါ။ အမူအကျင့်ဆိုးဆိုတာ ဖျောက်ဖျက်ရခက်ပါတယ်။ အချိန်ယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဖြတ်ပြီး ကြိုးစားရင် ဘယ်လိုမကောင်းတဲ့အကျင့်မျိုးကိုမဆို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်လို့ ပြောပါရစေ။ တစ်ချိန်လုံးနှာခေါင်းနှိုက်နေတတ်တဲ့သူငယ်ချင်းတွေ၊ လက်သည်းကိုက်တဲ့သူငယ်ချင်းတွေ နှင့် အခြားသောအကျင့်ဆိုးတွေကို ဖျောက်ဖျက်ဖို့အကြံပေးချင်တာပဲဖြစ်ဖြစ်၊ အကြံဉာဏ်ပေးချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို ဝေမျှပေးစေချင်ပါတယ်။

Translated from Original Source: “7 steps to break you bad habits,”success.com Photo Credit : Heinz Marketing

Related content