ကျန်းမာရေးအတွက်လိုက်နာသင့်သောအကျင့်ကောင်းများ
Published on September 23, 2025 Reading time: 5 mins Tags: #Health #Daily exercise #Nutrition #Sleep #Mental health
တကယ်တော့ လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားနိုင်ဖို့ ကျန်းမာရေးက အရေးကြီးပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ အားသွန်ခွန်စိုက်လုပ်နိုင်မယ်၊ ပညာရေး၊ လူမှုရေး ၊ စီးပွားရေး၊ မိသားစုအရေးအားလုံးကို ကိုယ်စိတ်ရှိသလို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျန်းမာအောင်နေထိုင်စားသောက်သင့်တဲ့အကျင့်ကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ၁) တစ်နေ့နာရီဝက်ခန့် လမ်းလျှောက်ပေးပါ။ ၂) ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုပါ။ ၃) အိပ်ရေး ၀၀အိပ်ပါ။ အိပ်ချိန် ၇နာရီမှ ၉နာရီခန့် ၄) မနက်ခင်းအိပ်ရာစောစောထပါ။ ၅) ရေများများသောက်ပါ။ ၆) အသီးအရွက်နဲ့အသားငါး မျှတအောင်စားပေးပါ။ ၇) စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါစေ။ ၈) ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ပါ။ ၉) နာကျင်စရာအတိတ်တွေကို မေ့ပစ်ပါ။ ၁၀) လက်ကိုဆပ်ပြာနဲ့မကြာခဏဆေးပါ။