ပင်လယ်ရေညှိရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

Published on September 21, 2025 Reading time: 1 mins Tags: #Seaweed #Health #Nutrients #Natural Foods

ပင်လယ်ရေညှိက ဆားငံရေမှာ ရှင်သန်ပါတယ်။ ပင်လယ်ရေညှိအမျိုးပေါင်းများစွာရှိပြီး ယေဘုယျအားဖြင့် ကျန်းမာရေးဆိုင်ရာအာဟာရဓာတ်တွေကတော့ တူညီကြပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ပင်လယ်ရေညှိကိုထည့်သွင်းစားသုံးခြင်းက သိုင်းဂွိုက်လုပ်ဆောင်ချက်တွေ၊ အစာခြေစနစ်နဲ့ဝိတ်ကျစေခြင်း စသည်တို့မှာ အကူအညီဖြစ်စေပါတယ်။ ပင်လယ်ရေညှိတွေကို အကြမ်းအားဖြင့် • nori • kelp • wakame • kombu • dulse • blue-green algae စသဖြင့် အမျိုးမျိုးခွဲခြားထားပါတယ်။ ပင်လယ်ရေညှိစားခြင်းရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

၁) အာဟာရဓာတ်မြင့်မားစွာပါဝင်ပါတယ်။ • ပင်လယ်ရေညှိမှာ သံဓာတ်နဲ့ အိုင်အိုဒင်းဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ပင်လယ်ရေညှိတစ်မျိုးချင်းစီမှာ မတူညီတဲ့အာဟာရဓာတ်နဲ့ သတ္တဓာတ်တွေပါဝင်ပါတယ်။ လေ့လာချက်တွေအရ ပင်လယ်ရေညှိကရတဲ့အာဟာရဓာတ်တွေမှာ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ polyunsaturated fatty acids တွေပါဝင်ပါတယ်။ Journal of Applied Phycology မှာဖော်ပြထားတဲ့ လေ့လာချက်တွေအရ ပင်လယ်ရေညှိတွေမှာ ဗီတာမင်စီ၊ ဘီ၊အေ၊ အီးနဲ့ antioxidants ဓာတ်တွေပါဝင်ပါတယ်။

၂) thyroid လုပ်ဆောင်ချက်တွေကို ကူညီပေးနိုင်ပါတယ်။ Thyroid ကလင်းက ဟော်မုန်းတွေထိန်းချုပ်ပေးဖို့နဲ့ ထုတ်လုပ်ပေးပါတယ်။ ဟော်မုန်းတွေကနေမှ စွမ်းအင်ဖြစ်ပေါ်ဖို့၊ ကြီးထွားမှုနဲ့ ဆယ်လူလာကလပ်စည်းတွေပြုပြင်ပေးဖို့အသုံးပြုရပါတယ်။ Thyroid လုပ်ဆောင်ချက်တွေမှန်ကန်ဖို့ အိုင်အိုဒင်းဓာတ်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် သိုင်းဂွိုက်လုပ်ဆောင်ချက်ပေါ်မူတည်ပြီး လူတစ်ယောက်လိုအပ်တဲ့ပမာဏခန့်သာလိုအပ်တာဖြစ်ပါတယ်။ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းက သိုင်းဂွိုက်လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ သိုင်းဂွိုက်အဆမတန်ကြီးထွားလာတာကို မြင်ရမှာဖြစ်ပါတယ်။ hypothyroidism ရောဂါမဖြစ်ပေါ်စေဖို့အတွက် အိုင်အိုဒင်းပမာဏ လုံလောက်စွာဖို့လိုပါတယ်။ Hyperthyroidism ကျပြန်တော့ သိုင်းဂွိုက်ကလင်းက အလွန်အကျွံ့အလုပ်လုပ်ပြီး ဟော်မုန်းပမာဏတွေ အများအပြားထုတ်လုပ်တာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အိုင်အိုဒင်းပမာဏ လွန်ကဲစွာရရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရေညှိမှာတော့ အိုင်အိုဒင်းပမာဏ မြင့်မားစွာပါဝင်တာကြောင့် အိုင်အိုဒင်းချို့တဲ့မှုမဖြစ်စေပါဘူး ။

၃) ဆီးချိုရောဂါကိုထိန်းချုပ်ပေးပါတယ်။ ပင်လယ်ရေညှိက ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဆီးချိုရောကို ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝခြင်းက သွေးထဲက အင်ဆူလင်နဲ့ ကလူးကို့ပမာဏကို ပုံမုန်ဖြစ်စေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ၂၀၁၈ခုနစ်လေ့လာချက်အရ အမျိုးအစား ၂ဆီးချိုရောကို လျော့ကျစေနိုင်ပါတယ်။

၄) အူကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။ အူထဲက ဘက်တီးရီးယားတွေအတွက်အရေးကြီးတဲ့အလုပ်ကတော့ အစားအစာတွေကိုဖြိုခွဲပေးခြင်းဖြစ်ပြီး အစာခြေဖို့အထောက်အကူပေးရတာဖြစ်ပါတယ်။ ရေညှိတွေမှာ အူအတွက်ကောင်းမွန်စေတဲ့အမျှင်ဓာတ်ပါဝင်ပါတယ်။ ရေညှိအခြောက်တွေမှာ ၂၃ - ၆၄ ရာခိုင်နှုန်းထိအမျှင်ဓာတ်ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြောင့် အူထဲကဘက်တီးရီးယားတွေကို ရှင်သန်စေပါတယ်။ အူထဲကဘက်တီးရီးယားတွေက အမျှင်ဓာတ်တွေကို အူကျန်းမာရေးနဲ့ ခုခံအားစနစ်အတွက်ကောင်းမွန်စေတဲ့ကွန်ပေါင်းတွေအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ အူကျန်းမာစေတဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ အော့အန်ခြင်းတွေအတွက် အကူအညီဖြစ်စေပါတယ်။

၅) ဝိတ်ကျစေပါတယ်။ အမျှင်ဓာတ်ကြောင့် အစာခြေလွယ်ပြီး ဝိတ်ကျဖို့အကျိုးရှိစေပါတယ်။ အမျှင်ဓာတ်က စားပြီးတဲ့အခါတိုင်း ဗိုက်ကိုအချိန်အတော်ကြာအောင် ပြည့်နေစေပါတယ်။ မကြာခဏဗိုက်ဆာခြင်းကို ကူညီပေးနိုင်ပါတယ်။ အစာအိမ်က ပြည့်နေတဲ့အတွက် ဦးနှောက်ကို အချိန်အတော်ကြာအောင် ဆာလောင်တယ်လို့အချက်အပြတော့ဘဲ အချိန်အတော်ကြာအောင် အစာမစားဘဲနေနိုင်သွားစေပါတယ်။

၆) နှလုံးကျန်းမာစေပါတယ်။ လေ့လာချက်တွေအရ ရေညှိမှာပါဝင်တဲ့အမျှင်ဓာတ်က ကိုလက်စထရောပမာဏကိုလျော့ကျစေပါတယ်။ antioxidants တွေပါဝင်တာကြောင့်နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။

ဘေးထွက်ဆိုးကျိုး ရေညှိကိုအလွန်အကျွံ့စားသုံးခြင်းကတော့ အိုင်အိုဒင်းပမာဏလွန်ကဲစေနိုင်ပါတယ်။ ပင်လယ်ထဲက အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေကို စုပ်ယူထားတာကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ aluminum, cadmium စတဲ့သတ္တုဓာတ်တွေပါဝင်နေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပါဝင်နိုင်ချေ အရမ်းကိုပမာဏနည်းပါးပေမယ့် ရေညှိကိုနေ့စဉ်စားသုံးနေမယ်ဆိုရင်တော့ ထိုအဆိပ်အတောက်တွေက ခန္ဓာကိုယ်မှာ စုပုံလာစေနိုင်ပါတယ်။ အချိန်ကြာကြာ နေ့တိုင်းလို ပမာဏများစွာ စားသုံးမယ်ဆိုရင်တော့ မကောင်းနိုင်ပါဘူးလို့ Scientific Reports ရဲ့လေ့လာချက်တွေမှာဖော်ပြထားပါတယ်။ https://www.medicalnewstoday.com/articles/323916.php လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content