နံနံပင်စားခြင်းရဲ့ ကောင်းကျိုးများ
Published on September 19, 2025 Reading time: 2 mins Tags: #Parsley #Health Benefits #Nutrition
နံနံပင်ကို ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက စားသုံးခဲ့ကြတာပါ။ နံနံပင်စားသုံးခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ကူညီပေးနိုင်ခြင်း၊ ခုခံအားတိုးစေခြင်းနဲ့ အခြားသောရောဂါများကိုဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။ အသုတ်ထဲမှာပဲ ထည့်ထည့်၊ ဟင်းထဲမှာပဲထည့်ထည့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ နံနံပင်ကြောင့်ရရှိမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) ခုခံအားကောင်းမွန်စေပါတယ်။ သင့်ရဲ့ ဟင်းလျာထဲမှာ နံနံပင်တစ်ဇွန်းစာထည့်သွင်းစားသုံးခြင်းကပဲ ဗီတာမင်စီ ၈ရာခိုင်နှုန်းပါဝင်မှုရှိပါတယ်။ အရသာရှိပြီးအနံအရသာနဲ့ပြည့်ဝစေလို့ သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေပါတယ်။ ဗီတာမင်စီကြောင့် ဗိုင်းရပ်၊ ဘက်တီးရီးယားတွေရဲ့ကူးစက်မှုတွေကို တိုက်ဖျက်နိုင်တဲ့ သွေးဖြူဥတွေကို ထိန်းထားပေးနိုင်ကြောင့် ကူးစက်လွယ်တဲ့ရောဂါတွေမဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။ ၂) သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ သံဓာတ်က ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဓာတ်ဖြစ်ပါတယ်။ သွေးနီဥတွေကို တိုးစေပြီး သင့်ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်လည်ပတ်မှုကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။ နံနံပင်တစ်ခွက်က သင့်ရဲ့ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၂၀ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ၃) အနာကျက်မြန်စေပါတယ်။ ဗီတာမင်ကေပါဝင်မှုကြောင့် သွေးခဲခြင်းကို မဖြစ်ပေါ်စေဘဲ အနာကျက်မြန်စေပါတယ်။ နံနံပင် ခွက်တစ်ဝက်မှာတင် ၄၉၆မီလီဂရမ်ပါဝင်ပါတယ်။ ထိုပမာဏက အနာကျက်မြန်ဖို့ကူညီပေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။ ၄) သင့်အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဗီတာမင်အေပါဝင်မှုကြောင့် သင့်မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ lutein နဲ့ zeaxanthin ဆိုတဲ့ဓာတ်တွေပါဝင်မှုကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ၅)နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။ ဖောလိတ်ဓာတ်က ဗီတာမင်ဘီဖြစ်ပြီး နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေပြီး မရှိမဖြစ်လိုအပ်ပါတယ်။ နှလုံးရောဂါဖြစ်ပွားစေတဲ့ homocysteine ဆိုတဲ့ဓာတ်ကို ဖောလိတ်ဓာတ်က တိုက်ဖျက်နိုင်တဲ့အတွက် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ၆) ခန္ဓာကို်ယ်ထဲကအရည်ဓာတ်တွေကိုမျှတစေပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် ထိုဓာတ်နှစ်ခုက ခန္ဓာကိုယ်ထဲကအရည်ကို မျှတဖို့လုပ်ဆောင်ပေးပါတယ်။ ရေဓာတ်ပိုလျှံမှုမဖြစ်ပေါ်အောင်၊ ရောင်ရမ်းခြင်းလျော့ကျအောင်၊ သွေးဖိအားမျှတအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ၇) Antioxidants များပြားစွာပါဝင်ပါတယ်။ luteoilin, lycopene နဲ့ beta carotene ဆိုတဲ့ antioxidants ဓာတ်တွေများစွာပါဝင်မှုကြောင့် ဖရီးရယ်ဒီကယ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ပြတ်လပ်မှုကို လျော့ကျစေပါတယ်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ပေါ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ၈) အဆစ်အမြစ်ရောင်ရမ်းခြင်းကိုကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီ၊ ကေ၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်ပါဝင်မှုကြောင့် အဆစ်အမြစ်ကိုက်ခဲနာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ၉) သင့်ရဲ့သွားနဲ့သွားဖုံးကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ပါတယ်။ သဘာဝပိုးသေစေတဲ့အစွမ်းသတ္တိကြောင့် သွားခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အသက်ရှုလိုက်တိုင်း လန်းဆန်းမှုကိုခံစားရစေပါတယ်။ ကယ်လဆီယမ်နဲ ကလိုရိုဖီးလ်ပါဝင်မှုကြောင့် သွားများကို ခိုင်မာစေပြီး သွားဖုံးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ၁၀) အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ သင့်ရဲ့အူမကြီးကို သန့်စင်စေပြီး အဆိပ်အတောက်ကင်းစေပါတယ်။ အဆီပိုတွေနဲ့ အရည်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ရဲ့အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အတွက် သင့်ရဲ့ဝိတ်ကျဖို့လည်း ကူညီပြီးသားဖြစ်စေပါတယ်။ https://www.healthyhubb.com/health-benefits-parsley/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။