သဘောၤသီးစားသုံးခြင်းရဲ့ကျန်းမာရေးကောင်းကျိုး ၁၃ခု

Published on September 16, 2025 Reading time: 1 mins Tags: #Papaya #Health Benefits #Nutrition #Fruits

သင်္ဘောသီးက အတွင်းပိုင်းမှာ ဂျယ်လီကဲ့သို့အစေ့လေးတွေပါတဲ့ လိမ္မော်ရောင်ရှိတဲ့ အပူပိုင်းဒေသ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူတို့မှာ မယုံနိုင်စရာကောင်းလောက်အောင် ကျန်းမာရေးအတွက်အကျိုးရှိပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေဖို့ ၊ ခုခံအားကောင်းဖို့ ၊ ဝိတ်ကျစေဖို့၊ အမြင်အာရုံကောင်းစေဖို့နဲ့ ဖိစီးမှုတွေအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တော်တော်များများလည်း ပါဝင်ပြီး အစွမ်းထက် antioxidants တွေနဲ့ အဆီ၊ ကယ်လိုရီနည်းပါးတဲ့အတွက် အာဟာရအတွက် အကောင်းဆုံးဖြစ်တဲ့အသီးဖြစ်ပါတယ်။ အရသာရှိပြီး အာဟာရပြည့်ဝတဲ့သင်္ဘောသီးရဲ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁) ခုခံအားကောင်းစေခြင်း

ဗီတာမင် စီပါဝင်လို့ ခုခံအားကောင်းစေပါတယ်။ သင်္ဘောသီးဖျော်ရည်တစ်ခွက်မှာ ၂၃၃ ရာခိုင်နှုန်းပါဝင်ပါတယ်။ အအေးမိခြင်း၊ တုတ်ကွေးဖြစ်ခြင်း၊ အခြားသောရောဂါတွေကို ကိုလည်း ကာကွယ်နိုင်ပါတယ်။

၂) ဇီဝဖြစ်စဉ်တွေကို မြင့်တင်ပေးနိုင်ခြင်း

ဇီဝကမ္မဖြစ်စဉ်တွေနှေးကွေးတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ရောဂါအများအပြားဖြစ်စေနိုင်ပါတယ်။ သင့်တော်တဲ့ဇီဝကမ္မဖြစ်စဉ်တွေလည်ပတ်ဖို့ ဗီတာမင်ဘီ ၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ် တို့ကို မှီခိုပါတယ်။ သင်္ဘောသီးမှာ ထိုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဇီဝကမ္မဖြစ်စဉ်အတွက် ကူညီပေးနိုင်ပြီး စွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။

၃) အရေပြားကိုကြည်လင်စေခြင်း

သင်္ဘောသီးမှာ antioxidants တွေနဲ့ ဗီတာမင်အေ ၊ စီ များပြားစွာပါဝင်မှုကြောင့် သင့်အရေပြားမှာဖြစ်တတ်တဲ့ပြဿနာတေါကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ ကောလိပ်ဂျင်တိုးစေပြီး အရေပြားရဲ့အသွင်အပြင်ကို ငယ်ရွယ်နုပျိုစေပါတယ်။ အရေအကြောင်ေးတွနဲ့ စိတ်ဖိစီးမှုကြောင့် အိုင်မင်းရင့်ရော်ခြင်းကို ဖယ်ရှားနိုင်ပါတယ်။

၄) သင့်ရဲ့မျက်လုံးအတွက်ကောင်းမွန်စေခြင်း

မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ရန် အတွက်လိုအပ်တဲ့ဓာတ်တွေပေါများစွာပါဝင်ပါတယ်။ ညအချိန်အမြင်အာရုံဝေဝါးခြင်းတို့အတွက် သင်္ဘောသီးက အထူးကောင်းမွန်ပါတယ်။ ဗီတာမင်အေနဲ့ အစွမ်းထက် antioxidants တွေကြောင့် မျက်ကြည်လွှာကိုထိန်းသိမ်းပေးနိုင်ပြီး တစ်ရှုးတွေကို ပုံမှန်အလုပ်လုပ်ဖို့ ကူညီနိုင်ပါတယ်။

၅) ကိုလက်စထရော လျော့ကျဖို့ကူညီပေးနိုင်ခြင်း

soluble နဲ့ insoluble fiber အမျှင်ဓာတ် ၂မျိုးလုံးပါဝင်တဲ့အတွက် ကိုလက်စထရောကိုလျော့ကျစေနိုင်ပါတယ်။ LDL (bad) နဲ့ HDL (good) cholesterol ၂မျိုးလုံးကို ကျန်းမာရေးနဲ့ညီညွှတ်အောင်ထိန်းပေးနိုင်ပါတယ်။

၆) သွေးဖိအားကို လျော့ကျဖို့ကူညီပေးနိုင်ခြင်း

မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် အပြည့်အဝပါဝင်မှုကြောင့် သွေးလွှတ်ကြောတွေကို ပြေလျော့စေနိုင်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေနိုင်ပါတယ်။ သွေးခဲခြင်းကို တားဆီးပေးနိုင်ပြီး အညစ်အကြေးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နိုင်ပါတယ်။

၇) သွေးထဲကသကြားဓာတ်ကိုမျှတစေခြင်း

သင်္ဘောသီးက ချိုပြီး အရသာရှိပါတယ်။ သွေးထဲကသကြားပမာဏကို ထိန်းပေးနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၈) အဆီကျစေနိုင်ခြင်း

ဝိတ်ကျပြီး အဆီကျဖို့ဆိုတာ ခက်ခဲတဲ့အရာပါပဲ ၊ အဆီကျဖို့က ပိုအရေးကြီးပါတယ်။ သင်္ဘောသီးစားခြင်းက အဆီကင်းအောင် ကုသပေးနိုင်သလို သင့်ရဲ့ ပိုလျှံနေတဲ့အဆီတွေကို ဖယ်ရှားနိုင်ဖို့ အကောင်းဆုံးအသီးပါပဲ။

၉) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အစာအိမ်နာခြင်းတွေကို ကုသနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝလို့ အစွမ်းထက် antioxidants တွေလည်း ပါဝင်တာကြောင့်ပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အညစ်အကြေးတွေကိုဖယ်ရှားဖို့ကူညီပေးပြီး အာဟာရစုပ်ယူမှုကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

၁၀) သွေးမဆုံးမီဖြစ်ပွားတတ်သော လက္ခဏာတွေကိုလျော့ကျစေနိုင်ခြင်း

သွေးမဆုံးမီလက်က္ခဏာတွေကို ရှုပ်ထွေးပါတယ်။ ထိုပြဿနာကို သင်္ဘောသီးကဖြေရှင်းနိုင်ပါတယ်။ သွေးစီးဆင်းမှုကိုပုံမှန်ဖြစ်စေပြီး ရာသီလာစဉ် ကိုက်ခဲခြင်းများကိုသက်သာနိုင်ပါတယ်။

၁၁) ရောင်ကိုင်းခြင်းအတွက် သဘာဝဆေးဖြစ်ခြင်း

ဗီတာမင်စီ၊ choline, papain နဲ့ beta-carotene ဓာတ်တွေကို ရောင်ရမ်းခြင်းကို ကာကွယ်ပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

၁၂) ရေဓာတ်ပြည့်ဝခြင်း

၈၀ရာခိုင်နှုန်းရေဓာတ်ပြည့်ဝခြင်းကြောင့် အရည်ရွှမ်းပြီး ချိုစိမ့်ပျော့ပျောင်းတဲ့အသီးပါ။ ရေဓာတ်ပြည့်ဝဖို့ ကူညီပါတယ်။ သင့်ခန္ဓာကိုယ်အလုပ်လုပ်ချိန်မှာ လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ပေးနိုင်ပါတယ်။

၁၃) အယ်ကာလိုင်းပါသောအစာဖြစ်ခြင်း

အယ်ကာလိုင်းပါတဲ့အစားအစာက သင့်ခန္ဓာကိုယ်ကူးစက်ရောဂါတွေကနေ သက်သာစေနိုင်ပါတယ်။ သင့်စွမ်းအင်ပမာဏကို တိုးစေပါတယ်။ အစာခြေလွယ်ပြီး ပျော်ဝင်လွယ်တာကြောင့် အခြားရောဂါတွေနဲ့ မောပန်းနွမ်းနယ်မှုကို သက်သာစေနိုင်ပါတယ်။

https://www.healthyhubb.com/13-incredible-health-benefits-of-papaya/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content