သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Published on September 22, 2025 Reading time: 2 mins Tags: #Elephant Apple #Health #Nutrition #Vitamins

သပြုသီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ phenols ၊ tannins ၊ alkaloids ၊ flavonoids ၊ saponins ဆိုတဲ့ဓာတ်တွေအပြင် ဗီတာမင် ဘီ၊ အေ၊ စီ ဓာတ်တွေလည်း ပါဝင်ပါတယ်။ သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ၁) သွေးဖိအားလျော့ကျစေခြင်း ငှက်ပျောသီးစားတဲ့အခါ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်ကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းချုပ်ပေးနိုင်သလိုပါပဲ။ သပြုသီးမှာလည်း သွေးဖိအားမြင့်တက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၂) မျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း ဗီတာမင်အေ ပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။ မျက်လုံးအာရုံအားနည်းခြင်းကို ဗီတာမင်အေက အကူအညီဖြစ်စေပါတယ်။ သပြုသီးမှာ ဗီတာမင်အေကြွယ်ဝစွာပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးကိုအကူအညီပေးနိုင်ပါတယ်။

၃) ကူးစက်ရောဂါတွေကိုတိုက်ဖျက်နိုင်ခြင်း ဗီတာမင်စီပါဝင်မှုကြောင့် ခုခံစွမ်းအားကိုတိုးစေပါတယ်။ တုတ်ကွေး၊ အအေးမိခြင်းနဲ့ အခြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာကိုစားပေးခြင်းက သင့်ရဲ့ခုခံစွမ်းအားကိုတိုးစေပါတယ်။

၄) အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်း ဗီတာမင်စီကြွယ်ဝစွာပါဝင်ခြင်းက အရွယ်တင်နုပျိုးခြင်းကို အားပေးပါတယ်။ ဗီတာမင်စီက ကော်လိပ်ဂျင်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာစားသုံးခြင်းက အရေပြားကို အရေးအကြောင်းများခြင်း၊ အိုမင့်ရင့်ရော်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၅) စွမ်းအင်တိုးစေခြင်း ဗီတာမင်ဘီကြွယ်ဝခြင်းကြောင့် အားနည်းဖျော့တော့ခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ တနည်းအားဖြင့် သွေးအားနည်ခြင်းကို ကာကွယ်ပေးပါတယ်။ စွမ်းအင်တိုးစေပါတယ်။ သင့်ရဲ့ဦးနှောက်လုပ်ဆောင်ချက်၊ အာရုံကြောဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။

၆) သွေးထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း သံဓာတ်ပါဝင်မှုကြောင့် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်တဲ့သွေးအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်စားသုံးခြင်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အထောက်အကူဖြစ်စေပါတယ်။

၇) ကျောက်ကပ်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးခြင်း သပြုသီးမှာကျောက်ကပ်ရောဂါကိုကာကွယ်နိုင်တဲ့ ဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်တယ်လို့ ရှေးခေတ်အိန္ဒိယလေ့လာသူတွေက ပြောခဲ့ကြပါတယ်။ ကျောက်ကပ်ရောဂါနဲ့နှလုံးရောဂါအတွက် ဆေးအဖြစ်သုံးခဲ့ကြတယ်လို့ဖော်ပြကြပါတယ်။ ၈) အစာအိမ်ပြဿနာတွေကို ကုသပေးဖို့အကူအညီဖြစ်ခြင်း

အူမကြီးနဲ့ အစာအိမ်အတွက် ကောင်းမွန်စေတဲ့ဓာတ် tannins ပါဝင်မှုကြောင့် အစာအိမ်ပြဿနာတွေကို ကူညီနိုင်ပါတယ်။ https://www.healthbenefitstimes.com/elephant-apple/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content