မျှစ်စားခြင်းမှရရှိနိုင်တဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

Published on September 26, 2025 Reading time: 2 mins Tags: #Bamboo Shoots #Health #Nutrition #Food

မြန်မာလူမျိုးတော်တော်များများက မျှစ်ကိုကြိုက်နှစ်သက်တတ်ကြပါတယ်။ မျှစ်စားသုံးက ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာကိုတော့ ဖော်ပြကြတာ သိပ်မတွေ့မိပါဘူး။ အဲဒါကြောင့် မျှစ်စားခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ၁) ကယ်လိုရီပါဝင်မှု နည်းပါးခြင်း ၁၀၀ ဂရမ်ခန့်စားသုံးရင်တောင်မှ ကယ်လိုရီ ၂၀ခန့်သာပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။

၂) သကြားပါဝင်မှု နည်းပါးခြင်း ၁၀၀ဂရမ်မှာမှ ၂.၅ဂရမ်ခန့်သာ ပါဝင်တာကြောင့် သကြားပါဝင်မှု နည်းပါးပါတယ်။

၃) အဆီပါဝင်မှုမပါသလောက်နည်းခြင်း ၁၀၀ဂရမ်မှာမှ ဝ.၄၉ ဂရမ်ခန့်သာ ပါဝင်နိုင်တာကြောင့် အဆီပါဝင်မှုမရှိသလောက်နည်းပါးပါတယ်။

၄) ပရိုတင်းဓာတ်ပါဝင်ခြင်း ၁၀၀ဂရမ်မှာ ၂ ဒါမှမဟုတ် ၂.၅ ဂရမ်ခန့် ပါဝင်ပါတယ်။ essential amino acids (၁၇)မျိုးနဲ့ semi-essential amino acids (၂) မျိုးပါဝင်ပါတယ်။

၅) ဗီတာမင်နဲ့သတ္တုဓာတ်များပါဝင်ခြင်း မျှစ်မှာ vitamin A, vitamin E, vitamin B-6, thiamin, riboflavin, niacin, folate နဲ့ pantothenic acid ကဲ့သို့ အာဟာရဓာတ်တွေပါဝင်ပြီး သတ္တုဓာတ်တွေဖြစ်တဲ့ calcium, magnesium, phosphorus, potassium, sodium, zinc, copper, manganese, selenium နဲ့ သံဓာတ်စတဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၆) ဝိတ်ကျစေခြင်း ဝိတ်လျော့ချင်တဲ့လူတွေအတွက် အသင့်တော်ဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။

၇) နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေခြင်း ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အန္တရာယ်ရှိသော LDL Cholesterol တွေကို ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလျော့ကျစေပါတယ်။

၈) ခုခံအားကောင်းစေခြင်း မျှစ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကြောင့် ခန္ဓာကိုယ်တွင်း ခုခံအားတိုးစေပါတယ်။

၉) အူမကြီးလုပ်ဆောင်ချက်ကို ကူညီပေးနိုင်ခြင်း အူမကြီးလှုပ်ရှားမှုကို ကျန်းမာစေပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။

၁၀) အနာကျက်မြန်စေခြင်း မျှစ်မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကြောင့် အနာကျက်မြန်စေပါတယ်။

သတိပြုဖွယ်။ ဘယ်စားစရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း အလွန်အကျွံ့မစားဖို့တော့ သတိထားသင့်ပါတယ်ခင်ဗျာ။

Related content