သခွားမွှေးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုး ၁၃ ချက်
Published on September 19, 2025 Reading time: 3 mins Tags: #Custard Apple #Health #Nutrition #Antioxidant
သခွားမွှေးသီးက လိမ္မောဖျော့ရောင်ရှိပြီး အရသာလည်းရှိ အနံလည်းမွှေးတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီးရနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ အာဟာရဓာတ်နဲ့ antioxidant တွေလည်းပါဝင်ပါတယ်။ အဲဒါအပြင် သကြားဓာတ်၊ အဆီဓာတ်ပါဝင်မှုနည်းပါးစေပြီး အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သခွားမွှေးစားသုံးခြင်းကြောင့် အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမြင်အာရုံနဲ့ အရေပြား၊ ဆံသားအတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အာဟာရဓာတ်နဲ့ပြည့်ဝစေတဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်လို့ ဖော်ပြကြပါတယ်။ ၁) သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း ၂) ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်တွေကို ထိန်းပေးနိုင်ခြင်း ၃) အမြင်အာရုံအတွက် အထူးကောင်းမွန်စေခြင်း ၄) ခုခံအားတိုးစေခြင်း ၅) စိတ်ဖိစီးမှုတွေကို လျော့ကျဖို့ ကူညီနိုင်ခြင်း ၆) ရေဓာတ်ပြည့်ဝစေခြင်း ၇) အိုမင်းရင့်ရော်ခြင်းကို နှေးစေခြင်း ၈) သွေးဖိအားကို ကျစေခြင်း ၉) ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တိုက်ဖျက်ပေးနိုင်ခြင်း ၁၀) ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ကူညီနိုင်ခြင်း ၁၁) ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေခြင်း ၁၂) ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေခြင်း ၁၃) အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း စတဲ့အချက်တွေအပြင်တွေ ရေဓာတ်ပြည့်ဝစွာပါဝင်ခြင်း၊ antioxidantများ ပါဝင်ခြင်း၊ ပိုတက်ဆီယမ်ပါဝင်ခြင်းနဲ့ သံဓာတ်ပါဝင်ခြင်းတို့က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေကို ဖယ်ရှားပေးဖို့ ကူညီပါတယ်။ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။