သီဟိုဠ်စေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Published on September 22, 2025 Reading time: 2 mins Tags: #Cashew Nuts #Health Benefits #Nutrition

အသီးအဖြစ်၊ အစေ့အဖြစ် ၂မျိုးလုံးအသုံးဝင်ပြီး ကော့ပါး၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ ဖော့စဖောရတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ၁) နှလုံးကျန်းမာစေပါတယ်။ The National Centre for Biotechnology Information (NCBI) ရဲ့လေ့လာချက်အရ သီဟိုဠ်စေ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြောပြထားပါတယ်။ ကိုလက်စထရောနည်းတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။ ရောင်ရမ်းခြင်း၊ သွေးကြောဆိုင်ရာ ပြဿနာများ၊ အောက်ဆီဂျင်နည်းပါးခြင်းစတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ LDLလျော့ကျဖို့ကူညီပေးပြီး၊ HDL တိုးမြင့်ပေးပါတယ်။ HDL ကို နှလုံးကျန်းမာရေးအတွက် စုပ်ယူပေးနိုင်ပြီး အသည်းက ဖြိုခွဲပေးပါတယ်။ သီဟိုဠ်စေ့မှာ unsaturated fatty acids ၊ protein ၊ fiber ၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants တွေပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၂) သွေးနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကော့ပါး ကြွယ်ဝစွာပါဝင်တာကြောင့် ကော့ပါးချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်တဲ့ သွေးအားနည်းရောဂါမျိုးကိုကာကွယ်နိုင်ပါတယ်။ သီဟိုဠ်စေ့မှာ တစ်နေ့တာအတွက်လိုအပ်တဲ့ကော့ပါးကြွယ်ဝစွာပါဝင်ပါတယ်။ ၃) အမြင်အာရုံကို ကာကွယ်ပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ အမျိုးမျိုးသော ညစ်ညမ်းမှုတွေကြောင့် မျက်လုံးကို အမျိုးမျိုးသော ကူးစက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ သီဟိုဠ်စေ့မှာ Zea Xanthin ဆိုလို့ခေါ်တဲ့ antioxidant pigment တွေပါဝင်တာကြောင့် ထို antioxidant pigment က ကျွန်တော်တို့ မျက်ကြည်လွှာကို ကာကွယ်ပေးနိုင်ပါတယ်။ Zea Xanthin ပမာဏနည်းနည်းလေးပါဝင်ခြင်းက အသက်အရွယ်ကြောင့် အမြင်အာရုံပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၄) အရေပြားအတွက်ကောင်းမွန်စေပါတယ်။

သီဟိုဠ်စေ့အဆီက သင့်အရေပြားအတွက် အံ့အားသင့်လောက်အောင် အကျိုးရှိစေပါတယ်။ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဖော့စဖောရတ် နဲ့ selenium ပါဝင်တာကြောင့် သင့်အရေပြားအတွက်သာမက၊ ကင်ဆာအတွက်ပါ အကာအကွယ်ဖြစ်စေပါတယ်။

၅) ဝိတ်ကျစေပါတယ်။ Omega 3 ပါဝင်မှုကြောင့် ဇီဝကမ္မဖြစ်စဉ်တွေကို မြင့်တင်ပေးနိုင်ပြီး ဝိတ်ကျစေနိုင်ပါတယ်။ အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် အစာစားချင်စိတ်ကိုလည်း ထိန်းပေးပါတယ်။

၆) Dietary Fibres ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာချက်အရ Dietary Fibres တွေကြွယ်ဝစွာပါဝင်တဲ့အရင်းမြစ်ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ Dietary Fibres ၂မျိုးဖြစ်တဲ့ oleic acid နဲ့ palmitic acid ပါဝင်ပါတယ်။ အစာကောင်းစွာခြေဖျက်နိုင်ပြီး အစာခြေစနစ်ဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၇) ဆံသားကျန်းမာတောက်ပြောင်စေပါတယ်။ သီဟိုဠ်စေ့အဆီက သင့်ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကော့ပါးပါဝင်ခြင်းက အရေပြားနဲ့ဆံသားမှာ melanin ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ဆံသားအရောင်ကို တောက်ပစေပြီးနက်မှောင်စေပါတယ်။ https://food.ndtv.com/food-drinks/7-incredible-cashew-nut-benefits-from-heart-health-to-gorgeous-hair-1415221 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content