ဂေါ်ဖီထုပ် စားခြင်းရဲ့ ကောင်းကျိုး ၁၀ ချက်

Published on September 15, 2025 Reading time: 1 mins Tags: #Cabbage #Health Benefits #Nutrition

ဂေါ်ဖီထုပ်မှာ အရေးကြီးတဲ့ ဗီတာမင် စီ၊ ကေ၊ ဘီ ကဲ့သို့ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကယ်လဆီယမ်၊ ကြေးနီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စထရပ်နဲ့ မဂ္ဂနီစ် ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျိုးမျိုးသော sulforaphane နဲ့ anthocyanins ကဲ့သို့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အက်ဒီအောက်ဆီဒင့်တွေဖြစ်ပါတယ်။ အဲဒါအပြင် ဂေါ်ဖီထုပ်မှာ choline ၊ beta-carotene ၊ glutamine ၊ lutein နဲ့ zeaxanthin ဓာတ်တွေပါဝင်ပါတယ်။ အနီရောင်ဂေါ်ဖီထုပ်မှာ အစိမ်းရောင်ဂေါ်ဖီထုပ်ထက် ထိုဓာတ်ပေါင်းတွေအများပြားပါဝင်ပါတယ်။

၁) ကင်ဆာကို ကာကွယ်နိုင်ခြင်း

ဂေါ်ဖီထုပ်မှာပါဝင်တဲ့ phytochemicals ဓာတ်တွေက ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်ဖြစ်စေတဲ့ဒြပ်ပေါင်းတွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပြီး ကင်ဆာဆဲလ်ကြီးထွားခြင်းကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကင်ဆာရောဂါလေ့လာသူတွေက ဂေါ်ဖီထုပ်မှာပါဝင်တဲ့ ဓာတ်တွေက ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။

၂) နှလုံးသွေးကြောဆိုင်ရာရောဂါများကို လျော့ကျစေနိုင်ခြင်း

အနီရောင်ဂေါ်ဖီထုပ်မှာပါဝင်တဲ့ anthocyanins ဆိုတဲ့ဓာတ်က ခန္ဓာကိုယ်တွင်းယောင်ရမ်းခြင်းကို လျော့ကျဖို့ကူညီပေးနိုင်တဲ့အတွက် နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ကူညီနိုင်ပါတယ်။ သွေးထဲမှာပါဝင်တဲ့ ကလပ်စည်းတွေကို ပြန်လည်တည်ဆောက်ပေးပြီး သွေးဖိအားကျဖို့ကူညီပေးပါတယ်။

၃) ဦးနှောက်ကျန်းမာရေးကို မြင့်တင်ပေးနိုင်ခြင်း

ဦးနှောက်ကျန်းမာရေးအတွက် အဓိက အာဟာရဓာတ်ဖြစ်တဲ့ choline ဓာတ်ပါဝင်တဲ့အတွက် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ အာရုံစိုက်နိုင်ဖို့အတွက် လိုအပ်တဲံ ဆဲလ်အမှေးပါးတွေကို ထိန်းသိမ်းပေးပါတယ်။ ဗီတာမင်ကေနဲ့ anthocyanins ဓာတ်တွေက စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ အာရုံစူးစိုက်မှုအတွက် ကူညီနိုင်ပါတယ်။

၄) မျက်လုံးတိမ်စွဲရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

ဂေါ်ဖီထုပ်မှာ beta-carotene ဓာတ်တွေပါဝင်တဲ့အတွက် အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းခြင်း နဲ့ မျက်လုံးတိမ်စွဲရောဂါများကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်နိုင်တဲ့မျက်လုံးတိမ်စွဲရောဂါပြဿနာတော်တေ်ာများများကို ကူညီပေးနိုင်ပါတယ်။

၅) ယောင်ရမ်းခြင်းကို လျော့ကျစေခြင်း

glutamine လို့ခေါ်တဲ့ amino acid ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆင်အမြစ်ယောင်ရမ်းခြင်း၊ အဆစ်အမြစ်ကိုက်ရောဂါ၊ ဓာတ်မတည့်ခြင်းလက္ခဏာတွေကို သက်သာဖို့ကူညီပေးနိုင်တဲ့ အဓိက ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရ အူလမ်းကြောင်းဆိုင်ရာယောင်ရမ်းခြင်းတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာမဆို ယောင်ရမ်းခြင်းတွေကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။

၆) အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ခြင်း

ဂေါ်ဖီထုပ်မှာ ကယ်လဆီယမ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ထိုဓာတ်တွေက အရိုးကျန်းမာရေးအတွက် လိုအပ်ပါတယ်။ အသက်အရွယ်ကြောင့် အရိုးကျန်းမာရေးချို့ယွင်းလာခြင်းကို ထိုဓာတ်တွေက ကူညီပေးနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်ခြင်းကနေလည်း ကာကွယ်ဖို့ ကူညီနိုင်ပါတယ်။

၇) အစာအိမ်အနာဖြစ်ခြင်းကို ကုသဖို့ ကူညီနိင်ခြင်း

ဂေါ်ဖီထုပ်မှာ အနာတွေကို သက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဂေါ်ဖီထုပ်အဖြူစားသုံးခြင်းက အစာအိမ်မှာအနာဖြစ်ခြင်းကို ကာကွယ်ဖို့နဲ့ ကုသဖို့ အကျိုးသက်ရောက်မှုရှိစေပါတယ်။

၈) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အူထဲက မပျော်ဝင်တဲ့အမျှင်ဓာတ်တွေကို ကူညီပေးတဲ့အတွက် အစာခြေစနစ်ကို ကျန်းမာစေပြီး အူမကြီရဲ့ပုံမှန်လုပ်ဆောင်ချက်တွေအတွက် ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။

၉) ဝိတ်ကျဖို့ ကူညီပေးနိုင်ခြင်း

ကယ်လိုရီနည်းပါးတဲ့အတွက် ဝိတ်ကျဖို့ အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ဂေါ်ဖီထုပ်တစ်ခွက်မှာ ၃၃ကယ်လိုရီသာပါဝင်ပါတယ်။ အမျှင်ဓာတ်ကြောင့် သင့်ကိုပြည့်အင့်စေလို့ အစာစားချင်စိတ်ကို လျော့နည်းစေနိုင်ပြီး ဝိတ်ကျစေပါလိမ့်မယ်။

၁၀) အရေပြားကျန်းမာဖို့ကူညီနိုင်ခြင်း

အစိမ်းရောင် ဂေါ်ဖီထုပ်မှာ indole-3-carbonile ဓာတ်ပါဝင်ပြီး ထိုဓာတ်က အသည်းကို သန့်စင်ဖို့ကူညီပေးနိုင်တာမက အရေပြားကျန်းမာရေးကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ အရေပြားအိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားပျက်စီးခြင်းတွေကို ဖြစ်စေတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

https://www.ehealthzine.com/10-health-benefits-of-cabbage.html လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။

Related content