ငရုတ်ကောင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

Published on September 22, 2025 Reading time: 3 mins Tags: #Black Pepper #Health Benefits #Spices

ငရုတ်ကောင်းဆိုတာက ဟင်းပွဲမှာ ထည့်သုံးတာမျိုး အနံ့အရသာအတွက်သုံးတဲ့ဟင်းခတ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်ကောင်းမှာ များစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဝိတ်ကျဖို့ကူညီပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အအေးပတ်ခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ ငရုတ်ကောင်းပင်ကို ဆေးဝါးအတွက်ကော ဟင်းခတ်အဖြစ်ကော သုံးကြပါတယ်။ ငရုတ်ကောင်းမှာ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရတ်၊ ဆိုဒီယမ်၊ as thiamin ၊ riboflavin ၊ niacin နဲ့ vitamin B6 တို့ပါဝင်ပါတယ်။ ဗီတာမင်အီ၊ ဖောလိတ်နဲ့ ဗီတာမင်ကေလည်း ပါဝင်ပါသေးတယ်။ ငရုတ်ကောင်းက ရင်ကြပ်ခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ချေအန္တရာယ်နည်းပါးခြင်း၊ နှလုံးနဲ့ အသည်းရောဂါတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ငရုတ်ကောင်းရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့… ၁) အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း ၂) လေပွခြင်းကိုကူညီနိုင်ခြင်း ၃) ချွေးထွက်စေခြင်း၊ ဆီးရွှင်စေခြင်း ၄) ဝိတ်ကျဖို့အထောက်အကူဖြစ်ခြင်း ၅) အဆစ်အမြစ်နာကျင်မှုများကိုသက်သာစေခြင်း ၆) အရေပြားကျန်းမာရေးအတွက်အထောက်အကူဖြစ်ခြင်း ၇) အအေးပတ်ခြင်းနှင့် ချောင်းဆိုးခြင်းကိုသက်သာစေခြင်း ၈) ဘက်တီးရီးယားကြောင့် ကူးစက်မှုကိုတိုက်ဖျက်နိုင်ခြင်း ၉) သွေးကြောတွေကိုသန့်စင်စေခြင်း ၁၀) antioxidants ကြွယ်ဝခြင်း၊ အူကျွံ့ခြင်းကိုသက်သာစေခြင်း၊ အင်းစက်ပိုးမွှားအကိုက်ခံရခြင်းကိုသက်သာစေခြင်း ၁၁) ရင်ကြပ်ရောဂါကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကူညီပေးနိုင်ခြင်း ၁၂) သွားကိုက်ခြင်းနှင့်သွားနာခြင်းကိုသက်သာစေခြင်း တို့ဖြစ်ပါတယ်။

Related content