ကြွက်နားရွက်မှို ရဲ့ကျန်းမာရေးကောင်းကျိုးများ
Published on September 19, 2025 Reading time: 2 mins Tags: #Auricularia auricular #Health #Nutrition
ကြွက်နားရွက်မှိုကို သိပ္ပံနာမည် Auricularia auricular လို့ ခေါ်ပါတယ်။ တရုတ်ရိုးရာဆေးဝါးအဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ တရုတ်ဟင်းလျာတွေနဲ့ ဂျပန်ဟင်းလျာတွေမှာ အသုံးများပါတယ်။ ကြွက်နားရွက်မှိုက သွေးလှည့်ပတ်မှု၊ နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်းရောင်ကိုင်းမှုနဲ့အခြားကောင်းကျိုးတွေအများကြီးရှိပါတယ်။ ၁) သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း သံဓာတ်ပါဝင်မှုများပြားတဲ့အတွက်ကြောင့် သွေးအားနည်းခြင်းအတွက် အိမ်သုံးဆေးတစ်မျိုးအဖြစ် လူသိများပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ terpenoids ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်မှုကြောင့် ဓာတ်မတည့်မှုခံစားရခြင်းကို ကာကွယ်ပေးပါတယ်။ ၂) ရောင်ရမ်းမှုကို သက်သာစေခြင်း Polysaccharide လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ခြင်းက ဆေးဝါးဆိုင်ရာကောင်းကျိုးတွေအများကြီးရှိပါတယ်။ ရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့အဓိက အင်ဇီုင်းတစ်မျိုးလည်းဖြစ်တဲ့အတွက် အယ်ဇီုင်းမားရောဂါကို ကာကွယ်နိုင်ပါတယ်။ ၃) နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း ထိုမှိုအမျိုးအစားမှာ တွေ့ရတဲ့ Polysaccharides ဓာတ်ကြောင့်ပဲ သွေးတွင်းကိုလက်စထရောလျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါအန္တရာယ်ကိုလျော့ကျစေပြီး လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ထိုမှိုကို သွေးခဲခြင်းနဲ့ သွေးတိုးရောဂါအတွက်လည်း အသုံးပြုကြပါတယ်။ ၄) Antioxidant ရဲ့အစွမ်းသတ္တိတွေပါဝင်ခြင်း ဗီတာမင် ဘီတူး ပါဝင်ပါတယ်။ ထိုဓာတ်က အစွမ်းထက်တဲ့ antioxidant တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားကောင်းစေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာဖိအားမျိုးစုံကိုလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ ၅) ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေခြင်း ထိုမှိုကို အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေပြေစေပါတယ်။ အဆုတ်ကို သန့်စင်စေပြီး အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေပါတယ်။ ၆) ဝိတ်ကျစေပါတယ်။ အမျှင်ဓာတ်နဲ့ pectin ဓာတ်ပါဝင်မှုကြောင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဆီဓာတ်စုပ်ယူမှုကို တားဆီးပေးနိုင်တဲ့အတွက် ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး ။ ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်မစားသင့်ပါဘူး။ သွေးနဲ့ဆိုင်တဲ့ရောဂါရှိပြီး ဆေးသောက်နေရသူတွေ မစားသင့်ပါဘူး။ စားလို့ရမရ သက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ https://www.organicfacts.net/black-fungus.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။