ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သည့်နည်းလမ်း ၁၀ ချက်

Published on August 18, 2025 Reading time: 2 mins Tags: #Headache Remedies #Health Tips #Natural Remedies

ခေါင်းကိုက်ခြင်းကို လူတိုင်းလိုလိုခံစားဖူးကြမှာပါ။ ခေါင်းကိုက်ခြင်းက စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းခြင်း တို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ တစ်ချို့ကတော့လည်း ရောဂါကြောင့် ခေါင်းကိုက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ခေါင်းကိုက်တဲ့အခါ အလွန်ခံစားရခက်ပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရသက်သာစေမယ့် နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

၁) သံပုရာခြမ်းကို ပွတ်လိမ်းပေးပါ။

သံပုရာသီးကို ထက်ခြမ်းလှီးပြီး နားထင်ကို ပွတ်ပေးပါ။

၂) ဗံဒါစေ့စားပေးပါ။

ဗံဒါစေ့ ၁၀စေ့၊ ၁၂စေ့ခန့် စားပေးပါ။ အဲဒါက ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ အက်စပရင်ဆေးပြား နှစ်ပြားစားခြင်းနဲ့ညီမျှပါတယ်။

၃) sport drink သောက်ပါ။

sport drink လိုမျိုး အားပြန်ဖြည့်ပေးမယ့် အချိုရည်နှစ်ဖန်ခွက်ခန့်သောက်ခြင်းက ခေါင်းကိုက်ခြင်းကို ကုသပေးနိုင်ပါတယ်။ (ဒါပေမယ့် အချိန်အဆအလိုက်သောက်သုံးသင့်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမို့ပါ)

၄) ပူစီနံရွက်၊ သခွားသီး၊ သံပုယိုသီး၊ ရေရောထားတဲ့ဖျော်ရည်သောက်ပါ။

ပူဒီနာရွက် (ပူစီနံရွက်) ၃ရွက်၊ သခွားသီး၊ သံပုယိုသီး(အခြမ်းလေးတွေခြမ်းပြီးထည့်ပါ)၊ ရေတစ်ဖန်ခွက် ရောထားတဲ့ ဖျော်ရည်သောက်ပါ။

၅) ဟင်းနုနွယ်ရွက် စားပေးပါ။

ဟင်းနုနွယ်ရွက်မှာ မဂ္ဂနီဆီယမ်ဓာတ်များပြားစွာပါဝင်တဲ့အတွက် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၆) ရေတစ်ခွက်သောက်ပါ။

ခေါင်းကိုက်တော့မယ့် အရိပ်အယောင်ပြတာနဲ့ ရေတစ်ခွက်ကြိုသောက်ထားလိုက်ပါ။

၇) ရေခဲကပ်ပါ။

သင့်နားထင်နဲ့ နဖူးတစ်ဝိုက်ကို ရေခဲကပ်ထားပေးပါ။

၈) ကွမ်းရွက်ကပ်ပေးပါ။

သင့်နားထင်တစ်ဝိုက်ကို မိနစ်၃၀ခန့်ကြာအောင် ကွမ်းရွက်လေးကပ်ပေးပါ။

၉) ယူကလစ်ဆီလိမ်းပါ။

သင့်နားထင်တစ်ဝိုက်ကို ၁၅မိနစ် ဒါမှမဟုတ် မိနစ်၂၀ခန့်ကြာအောင် ယူကလစ်ဆီလိမ်းထားပါ။

၁၀) ရေနွေးနဲ့ရေချိုးပါ။

ရေနွေးနဲ့ရေချိုးခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ အရမ်းမခက်ဘဲ လွယ်ကူစွာလုပ်ကြည့်လို့ရမယ့်အချက်လေးတွေကိုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ မကြာခဏခေါင်းကိုက်တတ်သူတွေနဲ့ စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်တတ်သူတွေ အဆင်ပြေကြပါစေ။

https://www.tipsonlifeandlove.com/health-and-wellness/5-easy-headache-remedies နှင် https://www.pinterest.com/pin/713750240921766869/

လင့်တို့မှ ပေါင်းစုပြီး ဘာသာပြန်ဖော်ပြထားပါတယ်။

Related content