မနေ့ညက သောက်တာများသွားလျှင် စားသင့်သောအစားအစာများ
Published on September 7, 2025 Reading time: 2 mins Tags: #Hangover #Food #Health Tips
၁) အုန်းရည် သောက်ပါ
အုန်းရည်က သဘာဝအလျောက် ခွန်အားဖြည့်အချိုရည်ဖြစ်ပါတယ်။ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းနိုင်ရုံသာမက အရက်သောက်ဖို့တိုက်တွန်းတဲ့ဓာတ်ကိုပါ ကုန်ဆုံးစေပါတယ်။ မနက်စောစောမှာသောက်လိုက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်ပြီး နဂိုအတိုင်း အားပြန်ပြည့်စေမှာပါ။
၂) အသီးဖျော်ရည် တစ်ခုခုသောက်ပါ။
အသဲကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာချေလွယ်တဲ့အတွက် အာဟာရဖြစ်စေတဲ့ဓာတ်တွေကို သွေးထဲကနေစုပ်ယူဖို့လွယ်စေပါတယ်။
၃) ပန်းသီးရှာလကာဖျော်ရည် သောက်ပါ။
အံ့သြဖွယ်ကောင်းလောက်အောင် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကို (magnesium, sodium, and calcium) စုဆောင်းပေးနိုင်ပါတယ်။ ရေ၊ ဂျင်း၊ ပျားရည်နှင့် ပန်းသီးရှာလကာရည်ကို ရောသမပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာ သောက်ပေးခြင်းဖြင့် အာဟာရပြန်လည်ပြည့်ဝလာသလို ရောဂါပျောက်စေသည့်ဆေးတစ်မျိုးဖြစ်ပါတယ်။
၄) ငှက်ပျော်သီးစားပါ။
အရက်ကြောင့် ပျက်ဆီးသွားတဲ့စွမ်းအားတွေကို ပြန်ဖြည့်နိုင်ပါတယ်။ မူးနှောက်နေပြီး အော့ချင်အန်ချင်စိတ်ဖြစ်ပေါ်ခြင်းကိုလည်း ပျောက်စေနိုင်ပါတယ်။ အစာချေစနစ်ကိုကောင်းစေတဲ့အတွက် အကောင်းဆုံး လောင်စာတစ်မျိုးဖြစ်ပါတယ်။
၅) ဥတစ်မျိုးမျိုး စားပေးပါ။
ဥတွေမှာ cysteine ပါဝင်ပါတယ်။ အရက်ကထုတ်ပေးတဲ့ အဆိပ်၊ မအီမသာဖြစ်စေတဲ့ဓာတ်ကို cysteine ကဖြိုခွဲပစ်နိုင်ပါတယ်။ taurine ပါဝင်တဲ့အတွက်ကြောင့်လည်း အသည်းပျက်ဆီးတတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။
၆) ကြက်စွပ်ပြုတ်သောက်ပါ။
Cysteine ဓာတ်ပါဝင်လို့ အသည်းကိုအကျိုးဖြစ်စေပါတယ်။ ရေဓာတ်ကိုပြန်လည်ဖြည်တင်းပေးပြီး sodium levels ကို ပြန်ထိန်းပေးနိုင်ပါတယ်။
၇) ခရမ်းချဉ်သီး စားပေးပါ။
Lycopene ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲက ယောင်ရမ်းခြင်းတွေလျှော့နည်းစေနိုင်ပါတယ်။ မနက်မစားဖြစ်ရင်တောင် နေ့လည်စာအဖြစ်စားလို့ရပါတယ်။
၈) အုတ်ဂျုံ ခန္ဓာကိုယ်မှ အက်ဆစ်ဓာတ်ကိုလျှော့ပါးစေနိုင်ပါတယ်။
ကိုယ်လက်မလှုပ်မရှားချင်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းမှ သက်သာစေပြီး လိုအပ်တဲ့စွမ်းအားတွေပြန်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်နှင့် ဗီတာမင်ဘီဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သောက်လိုက်ခြင်းက အာဟာရဓာတ်တွေဖန်တီးပေးပြီး မအီမသာဖြစ်ခြင်း၊ သွေးထဲကသကြားဓာတ်ကို ပုံမှန်ဖြစ်စေခြင်း အစရှိတဲ့အကျိုးတွေ ဖြစ်စေမှာပါ။