ဆံပင် မဆုံးရှုံးအောင် မည်သို့ထိန်းသိမ်းမလဲ။

Published on September 4, 2025 Reading time: 2 mins Tags: #Hair Care #Health Tips

သန်စွမ်းသောဆံပင်များ မဆုံးရှုံးရလေအောင် ဘယ်လိုထိန်းထိမ်းရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ အများအားဖြင့် သိသလို ရှိကြပေမယ့် သတိမမူမိကြတဲ့အချက်လေးတွေပါ။

၁) သင့်ရဲ့ဦးရေပြားကို သန့်ရှင်းအောင်ထားပါ။

သင့်ဦးရေပြားက သင့်ဆံပင်ကောင်းခြင်းမကောင်းခြင်းအတွက် အရေးကြီးပါတယ်နော်။ သင့်ဦးရေပြားမှာ ဗောက်တွေ၊ သန်းတွေ၊ အညစ်အကြေးတွေနဲ့ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ဆံပင်တွေကို ပိုပြီး အကျျွတ်များစေနိုင်ပါတယ်။

၂) ခေါင်းစည်းတဲ့အခါ တင်းကြပ်နေအောင်မစည်းနှောင်ပါနဲ့။

သင့်ရဲ့ဆံပင်ကို စည်းနှောင်မယ်ဆိုရင် လုံးဝပွယောင်းမနေနိုင်အောင် အရမ်းကြီး တင်းကြပ်အောင် စည်းနှောင်ခြင်းက သင့်ဆံပင်တွေကို နာစေပါတယ်။ သင့်ဆံပင်တွေက ဦးရေပြားကနေ ဆောင့်ဆွဲထားသလို ဖြစ်နေတာမို့ သင့်ရဲ့ဦးရေပြားလည်း နာကျင်စေနိုင်ပါတယ်။ သင့်ဆံပင်တွေလည်း နာတဲ့အတွက် အကျွတ်များစေပါတယ်။ ခေါင်းစည်းတဲ့အခါ ခေါင်းစည်းကြိုးနဲ့ တော်သင့်ရုံစည်းနှောင်တာအကောင်းဆုံးပါပဲ။

၃) ပုံစံတစ်မျိုးတည်းစည်းနှောင်းခြင်းမလုပ်ပါနဲ့။

အမြဲတစ်စေ ဆံပင်ကို ဒီပုံစံအတိုင်းပဲ အမြဲစည်းနှောင်တာက သင့်ဆံသားကို ထိခိုက်နိုင်ပါတယ်။ စည်းနှောင်နေကျနေရာက အမြဲထိုနေရာကိုထိတာများလာတဲ့အခါ ထိုနေရာတစ်ဝိုက်က သင့်ဆံသားတွေက ပိုပြီးပျက်စီးလွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်ကို မကြာခဏ စည်းနှောင်တဲ့ပုံစံပြောင်းလဲသင့်ပါတယ်။

၄) ပျော့ဆေးကို ပုံမှန်သုံးပါ။

ခေါင်းလျှော်တဲ့အခါတိုင်းပျော့ဆေးသုံးသင့်ပါတယ်။ ပျော့ဆေးက သင့်ဆံပင်ကို လိုသလိုပျော့ပြောင်းစေတဲ့အတွက် ဖြီးရခက်ပြီး ဆံပင်ကျွတ်ထွက်တာတွေ၊ ပြတ်ထွက်တာတွေ မဖြစ်နိုင်တော့ပါဘူး။ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံသားကြမ်းတာတွေကိုလည်းပျော့ဆေးက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။

၅) အပူအလွန်အကျွံ့မပေးပါနဲ့။

ခေါင်းလျှော်ပြီး dryer နဲ့မှုတ်တဲ့အခါ ခြောက်ချင်ဇောနဲ့ အပူတွေ လွန်ကဲစွာပေးခြင်းက သင့်ဆံပင်ကို ပျက်စီးစေပါတယ်။ အပူများတဲ့အခါ ဆံသားတွေခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ အဲဒါအပြင် နေပူထဲသွားရင်လည်း နေပူဒဏ်ကာကွယ်နိုင်တဲ့ ဦးထုပ်၊ ထီး အကာအကွယ်ဆောင်သွားသင့်ပါတယ်။ ပြီးတော့ ဆံသားကောက်မယ်၊ ဖြောင့်မယ်ဆိုရင်လည်း အပူဒဏ်ခံနိုင်တဲ့ဆေးတွေအရင်သုံးပြီးမှ ကောက်တာဖြောင့်တာပိုကောင်းပါတယ်။

၆) အဖျားနှစ်ခွဖြစ်နေတာမျိုးကို ညှပ်ပစ်ပါ။

သင့်ဆံပင်မှာ နီကျင်ကျင်လေးတွေဖြစ်ပြီး အဖျားနှစ်ခွဖြစ်နေတာမျိုးဆို ဆံပင်အဖျားလေးတွေကို တိပစ်လိုက်ပါ။ အဲဒါက ပိုကောင်းပါတယ်။ အဖျားနှစ်ခွဖြစ်နေတာမျိုးတွေက မတိမိတဲ့အခါ ဆံပင်က ရှည်လာပေမယ့်လည်း ခြောက်သွေ့အက်ကွဲနေတဲ့ဆံသားမျိုးဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် ဆံသားခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ဖို့ အဖျားလေးတွေ တိပေးပါ။

၇) ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်၊ ပျော့ဆေးရွေးသုံးပါ။

သင့်ဆံပင်က ခြောက်သွေ့တဲ့အမျိုးအစားလား၊ ဆီပြန်တဲ့အမျိုးအစားလား၊ စသည်ဖြင့် မတူနိုင်ပါဘူး။ ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ကိုယ်နဲ့ကိုက်တဲ့ခေါင်းလျှော်ရည်၊ ပျော့ဆေး ဝယ်သုံးမှသာ ငွေကုန်ရကျိုးနပ်ပြီး ကိုယ့်ဆံသာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၈) စိုနေတဲ့ဆံပင်ကို ဘီးမဖြီးသင့်ပါ။

သင့်ဆံသားတွေ စိုနေတဲ့အချိန်မှာ ဘီးနဲ့အတင်းမရမကမဖြီးသင့်ပါဘူး။ ဆံသားတွေက စိုနေတဲ့အချိန်မှာ ပိုပြီး ပျက်ဆီးလွယ်လို့ပါ။ တဘက်လေးနဲ့ ခြောက်သွားအောင် လုပ်ပြီးတော့ဖြစ်ဖြစ် အနည်းငယ်ခြောက်သွေ့ချိန်မှသာ ဘီးအသွားကျဲကျဲနဲ့ အရင်ဖြီးသင့်ပါတယ်။ အဲဒါက သင့်ဆံပင် အထွေးလိုက်ကျွတ်ထွက်ခြင်းက ကာကွယ်နိုင်ပါတယ်။

အထက်ပါအချက်လေးတွေကတော့ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ရမယ့် ယေဘုယျအချက်လေးတွေပါ။ ဆံသားကာကွယ်ဖို့ တကူးတက ဘာမှမလုပ်ချင်ဘူးဆိုရင်တော့ အထက်ပါအချက်လေးတွေလောက်ကို လိုက်နာလိုက်ရင်ပဲ သင့်ဆံပင်တွေ မပျက်စီးနိုင်တော့ပါဘူးနော်။

Related content