အစိမ်းရောင် ငရုတ်သီးတောင့်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
Published on September 21, 2025 Reading time: 2 mins Tags: #Green Chili #Health Benefits #Food
စပ်ပေမယ့် အရသာရှိတဲ့ ငရုတ်သီးစိမ်းတောင့်မှာ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေရှိပါတယ်။ သင်က အစပ်ကြိုက်တတ်တဲ့သူဆိုရင်တော့ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ငရုတ်သီးစိမ်းတောင့်ကို စားပေးနိုင်ပါတယ်။ ငရုတ်သီးတောင့်မှာ ဗီတာမင် အေ၊ စီ၊ ကေတို့လည်း ပါဝင်ပါတယ်။ ၁) အရေပြားကူးစက်ခံရမှုတွေကို ကူညီပေးနိုင်ပါတယ်။ anti-bacterial properties ကြောင့် အရေပြားမှာ ကူးစက်ခံရတဲ့ပြဿနာမျိုးတွေနဲ့ ဝက်ခြံတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ အရေပြားကျန်းမာရေးနဲ့ညီညွှတ်စေပြီး အရေပြားကို တောက်ပကြည်လင်စေတဲ့ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ အေးပြီးအလင်းရောင်မရတဲ့နေရာမျိုးမှာ သိမ်းဆည်းခြင်းက ဗီတာမင်စီကို ထိန်းသိမ်းထားသလိုဖြစ်စေပါတယ်။
၂) အစာခြေစနစ်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ dietary fibre ပါဝင်မှုကြောင့် အူမကြီးကိုအစာတွေသယ်ယူရမှာ ချောမွေ့စေပြီး သယ်ယူရလွယ်ကူစေပါတယ်။ အစာခြေစနစ်ကျန်းမာစေပါတယ်။ အစာအိမ်နာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၃) ဝိတ်ကျဖို့ အထောက်အကူပြုပါတယ်။ ပိုလျှံနေတဲ့အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်ကျဖို့အကူအညီဖြစ်ပါတယ်။
၄) သွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။ သွေးထဲက သကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုသမားတွေအတွက်အကျိုးရှိစေပါတယ်။
၅) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ antioxidants တွေပါဝင်မှုကြောင့် ကင်ဆာဆဲလ်တွေ တိုးပွားလာစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဆန်ကျင်ပေးနိုင်ပါတယ်။
၆) နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ cholesterol level နဲ့ triglyceride ပမာဏကို လျော့ကျစေတဲ့အတွက် သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၇) အအေးပတ်ခြင်းကိုလည်း ကုသပေးဖို့ကူညီနိုင်ပါတယ်။ Capsaicin ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် နှာခေါင်းထဲက အမှေးပါးတွေကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ နှာခေါင်းထဲက ချွဲတွေကို ပျော်စေပြီး အအေးပတ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။
၈) စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ငရုတ်သီးစိမ်းစားခြင်းက Endorphins တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ endorphins က မကောင်းတဲ့စိတ်ခံစားချက်တွေကို ပြေပျောက်စေပြီး စိတ်ခံစားချက်တွေကို ကောင်းမွန်စေပါတယ်။ နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။
၉) အရိုးပွခြင်းကိုလည်း ကာကွယ်ဖို့ကူညီပေးပါတယ်။ ငရုတ်သီးစိမ်းမှာ ဗီတာမင်ကေ ပါဝင်တာကြောင့် အရိုးပွခြင်းအန္တရာယ်ကိုလျော့ကျစေပါတယ်။ အဆစ်အမြစ်တွေရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးဖို့ ကူညီနိုင်ပါတယ်။
၁၀) မျက်လုံးအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင်စီနဲ့ beta carotene ပါဝင်မှုကြောင့် မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဘေးထွက်ဆိုးကျိုး။ ။ အလွန်အကျွံ့စားသုံးရင်တော့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။
https://parenting.firstcry.com/…/magazine-benefits-of-gree…/ လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။