ဘာကြောင့် grapefruit ကိုစားသုံးသင့်တာလဲ။

Published on September 17, 2025 Reading time: 2 mins Tags: #Grapefruit #Health benefits #Nutrition

Grapefruit သီးက ဝိတ်ကျစေတဲ့ဆိုတဲ့အချက်နဲ့ လူသိများကြပါတယ်။ တကယ်တော့ အဲဒါထက် ပိုများတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်တဲ့ antioxidant တွေလည်း ပါဝင်ပါသေးတယ်။

၁) အဆီကျဖို့ ကူညီပေးနိုင်ပါတယ်။

အက်ဆစ်ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ထိုအက်ဆစ်ဓာတ်က သင့်ခန္ဓာကိုယ်က အဆီတွေကို အစာခြေနေစဉ်မှာပင် ဖြိုခွဲလိုက်နိုင်ပါတယ်။ စွမ်းအင်ပြည့်တဲ့ antioxidants တွေလည်း ပါဝင်တာမို့ သင့်အသည်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း တိုးမြင့်ပေးနိုင်ပါတယ်။

၂) ဗီတာမင်စီ ကြွယ်ဝပါတယ်။

Grapefruit မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီဓာတ်ပမာဏရဲ့ တစ်ဝက်နီးပါးလောက်ကို ပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝမှုကြောင့် သင့်ခန္ဓာကိုယ်တွင်း ခုခံအားကောင်းစေပါတယ်။ သင့်ရဲ့အရေပြားအတွက်လည်း ကောင်းမွန်စေပါတယ်။

၃) အချိန်အတန်ကြာအောင်ဗိုက်ပြည့်စေပါတယ်။

လေ့လာချက်တွေအရ grapefruit သီးက သင့်ရဲ့အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် အချိန်အတန်ကြာတဲ့အထိ ဗိုက်ပြည့်နေစေတဲ့အတွက် အစာစားချင်စိတ် ခဏခဏမဖြစ်ပေါ်တော့ပါဘူး။ ဝိတ်ချချင်တဲ့သူတွေအတွက် သင့်တော်တဲ့ သဘာဝအသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။

၄) GI (glycemic index) ကျစေပါတယ်။

GI (glycemic index) လို့ခေါ်တဲ့ သကြားဓာတ် လျော့ကျစေနိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိုတ် နည်းတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သွေးထဲက သကြားဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

၅) ညအချိန်အမြင်အာရုံေ၀ဝါးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ညအချိန်အမြင်အာရုံေ၀ဝါးခြင်းက free radicals တွေ ပျက်စီးခြင်းကြောင့် မျက်ကြည်လွှာ ထိခိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ Grapefruit မှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် အမြင်အာရုံချို့တဲ့ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ သင့်ရဲ့တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၅၆ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

၆) အဆီကင်းစင်ပါတယ်။

အဆီကင်းတဲ့ အစားအစာလောက် ကျန်းမာစေတာမရှိပါဘူး။ grapefruit မှာ အဆီနဲ့ ကိုလက်စထရောလုံးဝမပါဝင်ပါဘူး။

၇) ကိုလက်စထရောကိုလည်း လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။

Flavonols နဲ့ antioxidant တွေ ပါဝင်မှုကြောင့် LDL (bad cholesterol) ကို တိုက်ဖျက်နိုင်ပါတယ်။ သွေးကြောနံရံတွေမှာ အဆိပ်ဖြစ်စေတဲ့၊ စုပုံစေတဲ့အဆီတွေကို ဖျက်ဆီးနိုင်တဲ့အတွက် ပိုကျန်းမာတဲ့ သွေကြောစနစ်ကို ပိုင်ဆိုင်ပြီး ပိုကျန်းမာစေမှာပါ။

၈) နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Tryptophan ဆိုတဲ့ ကွန်ပေါင်းကြောင့် ဦးနှောက်မှာရှိတဲ့ serotonin နဲ့ melatonin ဆိုတဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ဟော်မုန်းကို နိုးဆော်ပေးနိုင်ပါတယ်။ ထိုဟော်မုန်းဓာတ်တွေကြောင့် ညအချိန်မှာ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ စိတ်ဖိစီးမှုကြောင့်အိပ်မပျော်ခြင်းနဲ့ ညဘက်မျက်စိကြောင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၉) သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးကြောတွေကို ပြေလျော့စေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပါတယ်။ သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်။ ပိုတက်ဆီယမ်များခြင်းက သင့်ရဲ့ကိုယ်တွင်းအဂါၤရပ်တွေကို အောက်ဆီဂျင်ပိုရစေနိုင်ပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကဲ့သို့ ရောဂါမျိုးမဖြစ်ဖို့ ကာကွယ်ပေးနိုင်ပါတယ်။

https://www.healthyhubb.com/11-incredible-health-benefits-grapefruit-6-favorite/ လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

No related content found.