ဆီးဖြူသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
Published on September 22, 2025 Reading time: 4 mins Tags: #Gooseberry #Health #Vitamins #Nutrition
ဆီးဖြူသီးကို goose berry လို့ခေါ်သလို amla လို့လည်းခေါ်ပါတယ်။ ဆီးဖြူပင်ကို မြန်မာနိုင်ငံမှာ သဘာဝအလျောက်သော်လည်းကောင်း စိုက်ပျိုး၍သော်လည်းကောင်း ပေါက်ရောက်ပါတယ်။ အပင်လတ်မျိုးဖြစ်ပါတယ်။ ဆီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် ဘီဖိုက်၊ ဘီဆစ်၊ ကော့ပါး၊ မဂ္ဂနီစ်၊ စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆီးဖြူသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ၁) ဆီးကောင်းစေပြီး မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ၂) အစာကြေစနစ်ကို အားကောင်းစေပါတယ်။ ၃) ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေပါတယ်။ ၄) ခုခံနိုင်စွမ်းတိုးစေပါတယ်။ ၅) နှလုံးကြွက်သားတွေကို အထောက်အကူဖြစ်စေပါတယ်။ ၆) အိုမင်းရင့်ရော်ခြင်းကိုနှေးစေပါတယ်။ ၇) သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။ ၈) အမြင်အာရုံကောင်းစေပါတယ်။ ၉) ကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ၁၀) ဦးနှောက်မှတ်ဉာဏ်ကို အထောက်အကူဖြစ်စေပါတယ်။ ၁၁) ဆံသားသန်စွမ်းစေပါတယ်။ တန်ဆေးလွန်ဘေးဖြစ်တာမို့ ဘယ်အစားအစာကိုမဆို သက်ဆိုင်ရာဆရာဝန်ကို မေးမြန်းပြီးမှ စားသုံးခြင်းကတော့ အကောင်းဆုံးပါပဲနော်။