အိမ်မှာနေရင်း လုပ်နိုင်သော ပျော်ရွှင်စရာလေးများ

Published on August 6, 2025 Reading time: 1 mins Tags: #Home #Activities #Self-care #Wellbeing #Fun #Relaxation #Indoor #Productivity

တစ်ခါတစ်လေကျ အပြင်သွားရတာတွေ ငြီးငွေ့လာတဲ့အခါမှာ အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး တစ်နေ့တာကို ကုန်ဆုံးတာမျိုးလေးလဲ မဆိုးပါဘူးနော်။ သူငယ်ချင်းတို့ အိမ်မှာနေတဲ့အခါ လုပ်ဆောင်နိုင်တဲ့ ပျော်ရွှင်စရာအလုပ်လေးတွေ ကိုအောက်မှာဝေမျှပေးလိုက်ပါတယ်။

  • အိပ်ရာခင်းပြင်မယ် ပုံမှန်ဆိုရင် မနက်အိပ်ရာထပြီး ကျောင်းသွား၊ အလုပ်သွား၊ အပြင်သွားရတဲ့အခါ အိပ်ရာကို သေချာမသိမ်းမိကြပါဘူး။ ကိုယ်က အိမ်မှာနေလို့ အချိန်ရပြီဆိုရင် အိပ်ရာခင်းကို သေသေချာချာလေး ပြင်ဆင်ရတာ စိတ်ကြည်နူးဖွယ်ကောင်းပါတယ်။ အိပ်ရာခင်းအသစ်လဲတာမျိုးဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ ခေါင်းအုံး၊ ဖက်ခေါင်းအုံးအစွပ်လေးတွေ လဲတာမျိုးဖြစ်ဖြစ်၊ စောင်အသစ်လဲတာမျိုးဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ အဲ့လိုလဲပြီးတဲ့အခါခုတင်ပေါ်မှာတစ်နေကုန်နှပ်နေရတဲ့ဖီလင်ကတစ်ကယ်ဇိမ်ပါပဲ။

  • လေ့ကျင့်ခန်းလုပ်မယ် နောက်ခံသီချင်းအေးအေးလေးဖွင့်ပြီး လေ့ကျင့်ခန်းလုပ်ရတာ ကျန်းမာရေးအတွက် ကောင်းသလို စိတ်ကိုလဲ ပေါ့ပါးစေမှာပါ။ ကိုယ်က Gym ကစားသူ၊ ယောဂကျင့်သူဆိုရင်လဲ အိမ်မှာအားလပ်နေတဲ့အခါ သေချာအချိန်ယူပြီး လုပ်ဆောင်လို့ရပါတယ်။ တကယ်ကိုအေးအေးဆေးဆေးလေးနဲ့ပေါ့ဗျာ။ လုပ်ဆောင်ပြီးတဲ့အခါ လန်းဆန်းပေါ့ပါးသွားမှာသေချာပါတယ်။

  • သီချင်းနားထောင်မယ် ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဖွင့်ပြီး လိုက်ဆိုမယ်။ ဒါမှမဟုတ် ပိုကြမ်းချင်တယ်ဆိုရင်တော့ အိမ်မှာ တစ်ယောက်ထဲ ကာရာအိုကီအပီဆင်နွှဲလိုက်တာပေါ့။ ပျော်စရာကောင်းပါတယ်။ နောက်နေ့သူငယ်ချာင်းတွေ ကာရာအိုကေသွားဟဲတဲ့အခါလည်း ကိုယ်ကလေ့ကျင့်ပြီးသားဖြစ်နေတော့အပီဆွဲလို့ရပြီလေ။

  • ဟင်းချက်မယ် ဟင်းချက်နေကြသူဖြစ်ဖြစ်၊ ဟင်းမချက်ဖူးတဲ့သူဖြစ်ဖြစ်၊ ဟင်းအသစ်အဆန်းလေးတွေကို ချက်ကြည့်ပါ။ အင်တာနက်ကနေ ကိုယ်ကြိုက်တဲ့ ဟင်းချက်နည်းတွေကို ရှာနိုင်ပါတယ်။ ကိုယ်စမ်းပြီး ချက်လိုက်တဲ့ ဟင်းပွဲလေး စားလို့ကောင်းတယ်ဆို ကျေနပ်စရာ တကယ်ကောင်းတာပါ။ ကိုယ်ဘာသာကိုယ်ချက် ကိုယ်ဘာသာကိုယ်ကြိုက်ပြီးစားတဲ့ ခံစားချက်က ကြည်နူးဖို့အရမ်းကောင်းပါတယ်။ စားမကောင်းရင်လဲ ဟင်းချက်ဖို့ ပြင်ဆင်ရတာနဲ့တင် ပျော်ဖို့ကောင်းပါတယ်။

  • အခန်းရှင်းမယ် ရှုပ်ပွနေတဲ့ ကိုယ့်အခန်းလေးကို သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် ရှင်းလင်းကြမယ်။ အခန်းတွင်း အလှဆင်တာမျိုးကိုလဲ လုပ်နိုင်ပါတယ်။ အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ခေါက်ပြီး ဗီဒိုထဲထည့်ကြမယ်။ တစ်အိမ်လုံးကို သန့်ရှင်းရေးမလုပ်နိုင်ရင်တောင် ကိုယ့်အခန်းလေးကိုတော့ တံမြက်စီးလှည်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါမျိုးကလည်း ဒီလိုပိတ်ရက်မှ လုပ်နိုင်တာကို။ အခုချက်ချင်းမပျော်ရွှင်ဘူးဆိုရင်တောင် နောက်နေ့အလုပ်ကပြန်လာတဲ့အခါ ကိုယ့်အခန်းလေးကသန့်ရှင်းနေတော့အမောပြေသွားမှာပါ။

  • ရုပ်ရှင်ကြည့်မယ် ရုပ်ရှင်ရုံမှာသွားကြည့်တာထက် အပြောင်းအလဲအနေနဲ့ တစ်ခါတစ်လေ အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပါ။ ကိုယ်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ရုပ်ရှင်တွေ၊ ကာတွန်းကားတွေကို ပြန်ကြည့်ရတာမျိုးကကို တကယ်လွမ်းဆွတ်တမ်းတကြည်နူးပျော်ရွှင်စေပါတယ်။

  • အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ဆော့မယ် ကိုယ့်အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေရှိမယ်ဆိုရင် သူတို့နဲ့ အချိန်ပေးပြီး ဆော့ပေးပါ။ ကိုယ့်ကို စိတ်ပျော်ရွှင်စေပါလိမ့်မယ်။

  • စာဖတ်မယ် ပုံမှန်ဆို အလုပ်တွေရှုပ်နေလို့ စာမဖတ်ဖြစ်ဘူးဆိုရင် ကိုယ်အားလပ်ချိန်ရလို့ အိမ်မှာနေတဲ့အခါ ကိုယ်ဖတ်ချင်လို့ စိတ်ထဲမှာတေးထားတဲ့ စာအုပ်တွေကို အေးအေးဆေးဆေးဖတ်လို့ ရပါပြီ။ အိပ်ရာပေါ်မှာလဲပြီးပဲဖြစ်ဖြစ် ဆိုဖာပေါ်မှာလဲပြီးပဲဖြစ်ဖြစ် စိတ်ကြိုက်သက်တောင့်သက်သာ စာဖတ်ပါ။

  • ဓာတ်ပုံအဟောင်းလေးတွေ ပြန်ကြည့်မယ် ကိုယ်ငယ်ငယ်တုန်းက ဓာတ်ပုံတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဟိုးအရင်တုန်းကနေ အခုချိန်အထိ အစဉ်လိုက်ပြန်ကြည့်ကြည့်ပါ။ ဒေါသထွက်ခဲ့ရတာတွေ၊ ပေ ျာ်ရွှင်ခဲ့ရတာတွေ၊ တွေးတောပူပင်ခဲ့ရတာတွေ အစုံကိုသတိရလွမ်းဆွတ်ကြည်နူးမိမှာပါ။

  • ဖုန်းပြောမယ် အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဆီ၊ ဥပမာ အထက်တန်းကျောင်းတုန်းက အရမ်းခင်ခဲ့ကြတဲ့ သူငယ်ချင်းမျိုးဆီကို ဖုန်းခေါ်မယ်။ ပြီးရင် အရင်ကအကြောင်းတွေ ရယ်ရယ်မောမော ပြန်ပြောရင်း ဖုန်းပြောကြမယ်။ ပြန်တွေ့ဖို့ကိုလဲ ချိန်းရင်းပေါ့။အဲ့လိုသူငယ်ချင်းတွေနဲ့ ပြောရတာတစ်ကယ့်ကို ပျော်စရာကြီးပါ။

ဒီအရာလေးတွေကို အပြင်သွားစရာမလို၊ ပိုက်ဆံလဲမကုန်ပဲနဲ့ အိမ်မှာနေတဲ့အခါမျိုးမှာ လုပ်ဆောင်နိုင်မှာပါ။ အိမ်မှာနေပြီးဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတဲ့ကိုယ့်ရဲ့ သူငယ်ချင်းတွေသိသွားအောင် မျှဝေပေးလိုက်ပါတယ်။

Source: “Fun things to do at home,”

No related content found.