အသီးအနှံနဲ့ကျန်းမာရေး

Published on September 15, 2025 Reading time: 3 mins Tags: #Fruits #Health #Nutrition #Food

အသီးအနှံများစားသုံးခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ လူတိုင်းနီးပါးသိကြမှာပါ။ အသီးများမှာ အရေးပါတဲ့အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ အမျိုးမျိုးသော antioxidants တွေနဲ့ အပင်တွေမှာတွေ့ရတတ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်အသီးအနှံကတော့ ဘာအတွက် အကျိုးရှိသလဲဆိုတာကို တစ်ခုချင်းစီ သေချာမသိတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အသီးတစ်မျိုးစီနဲ့ ကောင်းကျိုးလေးတွေကို တွဲရက်ဖော်ပြပေးလိုက်ပါတယ်။

စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးစားသုံးခြင်းကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ကူညီနိုင်ပြီး ကင်ဆာရောဂါအချို့အတွက်လည်း ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီးများ

အားကစားသမားများအတွက် စားသုံးသင့်တဲ့အသီးဖြစ်ပါတယ်။ စွမ်းအင်တွေတိုးစေပါတယ်။

နာနတ်သီးများ

နာနတ်သီးစားသုံးခြင်းက အဆစ်ရောင်ရောဂါကို သက်သာဖို့ကူညီပေးနိုင်ပါတယ်။

ဘလူးဘယ်ရီသီးများ

ဘလူးဘယ်ရီသီးစားသုံးခြင်းက သင့်ရဲ့နှလုံးနဲ့ပတ်သက်တဲ့အန္တရာယ်ကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ကီဝီသီးများ

ကီဝီသီးက အရိုးသိပ်သည်းဆကို တိုးစေတဲ့အတွက် အရိုးရောဂါတွေအတွက် ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။

သရက်သီးများ

သရက်သီးစားသုံးခြင်းက ကင်ဆာရောဂါအချို့ကို ကာကွယ်ရာတွင် ကူညီပေးနိုင်ပါတယ်။

လိမ္မော်သီးများ

အရေပြားနဲ့ အမြင်အာရုံကို ကောင်းမွန်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ချယ်ရီသီးများ

ချယ်ရီသီးစားသုံးခြင်းက သင့်ရဲ့အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။

စပျစ်သီးများ

စပျစ်သီးက သင့်ရဲ့သွေးကြောတွေကို ပြောလျော့စေပြီး ဖိအားမများအောင် ကူညီပေးပါတယ်။

ပန်းသီးများ

ပန်းသီးစားသုံးခြင်းကြောင့် ခန္ဓာကိုယ်ကို ဝင်ရောက်လာနိုင်တဲ့ ကူးစက်မှုများကို ခုခံကာကွယ်နိုင်စွမ်းရှိစေပါတယ်။

ဖရဲသီးများ

ဖရဲသီးက သင့်ရဲ့နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ကျဖို့ကူညီနိုင်ပါတယ်။

မက်မွန်သီးများ

မက်မွန်သီးမှာ ပိုတက်ဆီယမ်၊ ဖလိုရိုက်နဲ့ သံဓာတ်ပေါများစွာပါဝင်ပါတယ်။

Related content