ငါးကြီးဆီ စားခြင်း၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

Published on September 22, 2025 Reading time: 4 mins Tags: #Fish Oil #Health #Omega-3 #Vitamins

ငါးကြီးဆီ ဆိုတာ ငါးရဲ့တစ်ရှုးတွေကနေ ထုတ်လုပ်ထားတဲ့အဆီဖြစ်ပါတယ်။ အဆီများတဲ့ငါးကနေရလာတာဖြစ်ပြီး တူနာငါး၊ မက်ကရယ်ငါးကဲ့သို့ ငါးတွေကနေ ရယူတာဖြစ်ပါတယ်။ တခါတရ့မှာ အခြားသော ငါးတွေရဲ့သည်းခြေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကော့ဒ်ပင်လယ်ငါးရဲ့ အသည်းမှရတဲ့အဆီလည်းဖြစ်ပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ်နှစ်ကြိမ်ခန့်စားဖို့ တိုက်တွန်းထားပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဖက်တိးအက်ဆစ်က များစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ ဗီတာမင်အေနဲ့ဒီလည်း ပါဝင်နိုင်ပါသေးတယ်။ ငါးကိုမစားဖြစ်ဘူးဆိုရင်တော့ ငါးကြီးဆီကို ဖြည့်စွက်စာအဖြစ်စားပေးနိုင်ပါတယ်။ ငါးကြီးဆီရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေခြင်း ၂) အင်ဇိုင်းမားရောဂါဖြစ်ပေါ်နိုင်ချေ လျှော့ကျစေခြင်း ၃) အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေခြင်း ၄) စိတ်ဓာတ်ကျခြင်းကို ကုသရာတွင်အသုံးဝင်ခြင်း ၅) ADHD ရောဂါကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေခြင်း ၆) ဆံသားကောင်းမွန်စေခြင်း ၇) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း ၈) နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း ၉) ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေဖို့ အထောက်အကူဖြစ်ခြင်း

Related content