မျက်လုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ

Published on September 7, 2025 Reading time: 3 mins Tags: #Eye Care #Exercises #Health Tips

နေ့စဉ်ကွန်ပ ျုတာ၊ ဖုန်းအသုံးများသူတွေအနေနဲ့ မျက်လုံးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ မျက်လုံးထိခိုက်မှု မရှိစေဖို့အတွက် မျက်လုံးလေ့ကျင့်ခန်းအချို့ကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွယ်လွယ်ကူကူ ခုံမှာတင်ထိုင်ရင်း လုပ်နိုင်တဲ့ မျက်လုံးလေ့ကျင့်ခန်းလေတွေကတော့

၁။ မ ျက်တောင်မကြာခဏခတ်ပေးပါ

ကွန်ပ ျုတာ သို့မဟုတ် ဖုန်းအသုံးပြုနေတဲ့အခါမ ျိုးမှာ ပုံမှန်အချိန်ရဲ့ သုံးပုံတစ်ပုံလောက်သာ မျက်တောင်ခတ်လေ့ရှိကြပါတယ်။ ဒီအခါမှာ မျက်ဝတ်ရည်ခြောက်ကပ်ပြီးတော့ မျက်လုံးအောင့်တတ်တာကြောင့် သတိထားပြီး မျက်တောင်မကြာခဏ ခတ်ပေးဖို့လိုပါတယ်။

၂။ The 20-20-20 rule

မိနစ် ၂၀ ကြာတိုင်း အဝေးမှာရှိတဲ့ (ပေ ၂၀ ခန့်) အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ခန့်ကြည့်ပေးပါ။ ကွန်ပျူတာ၊ ဖုန်းသုံးတာ မိနစ် ၂၀ ကြာတိုင်းယခုလို ပြုလုပ်ပေးမယ်ဆိုရင် မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ မျက်လုံးလေကျင့်ခန်းလုပ်ပါ

အကောင်းဆုံးမျက်လုံးလေ့ကျင့်ခန်းကတော့ အပေါ်၊ အောက်၊ ဘယ်၊ ညာ မျက်လုံးကိုလှုပ်ရှားပေးခြင်းပဲဖြစ်ပါတယ်။

၄။ အနွေးပေးပါ

လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်းပွတ်ပေးပြီး မျက်လုံးပေါ် ခဏတာအုပ်ထားပေးမယ်ဆိုရင် မျက်လုံးတစ်ဝိုက်က အာရုံကြောတွေကို ပြေလေ ျာ့စေပါတယ်။

၅။ အနားယူချိန်ထားပါ

တစ်နေ့တာအလုပ်လုပ်ချိန်အတွင်းမှာ ၅ မိနစ်ခန့် အနားယူချိန်လေးတွေထားပြီး ခေါင်းနဲ့ဇက်လေ့က ျင့်ခန်းများ ပြုလုပ်ပေးပါ။ အထက်ပါလေ့က ျင့်ခန်းမ ျားပြုလုပ်ပြီးမိမိမ ျက်လုံးက ျန်းမာရေးကိုဂရုစိုက်ဖို့တိုက်တွန်းလိုက်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအရမ်းသုံးတဲ့သူငယ်ချင်းတွေတွေ့ရင်းလည်း သူတို့ဖတ်မိအောင်ရှယ်ပြီးမန်းရှင်းခေါ်လိုက်ပါဦးဗျို့ ။

Source: “Eye exercises,” by guidingtech.com ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

Related content