ခရမ်းသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူး ၇ ချက်
Published on September 23, 2025 Reading time: 3 mins Tags: #Eggplant #Health Benefits #Nutrition
ခရမ်းသီးက ဟင်းချက်စားဖို့လွယ်ကူပြီး အရသာရှိတဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရရှိစေပါတယ်။ ခရမ်းသီးစားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ၁) ဗီတာမင်နဲ့သတ္တုဓာတ်ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင် ဘီဆစ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ ဖော့စဖောရတ်၊ ကော့ပါး၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်၊ ပိုတက်ဆီယမ် နဲ့ niacin တို့လည်းပါဝင်ပါတယ်။ ၂) အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူထဲက ဂတ်စ်ထုတ်လုပ်ခြင်းနဲ့ အူနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပေါ်ခြင်းကို ကာကွယ်ဖို့အကူအညီဖြစ်စေပါတယ်။ ၃) နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ခရမ်းသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက်ကောင်းမွန်စေတာသာမက သင့်ရဲ့နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်က သင့်ခန္ဓာကိုယ်ထဲက ကိုလက်စထရောပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ သင့်အစာခြေစနစ်ထဲက အစာခြေရည်နဲ့ပေါင်းပြီး သင့်ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်တာကြောင့်ပါ။ ၄) ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ Antioxidants တွေပါဝင်မှုက ကင်ဆာကဲ့သို့ရောဂါမျိုးကို တိုက်ဖိုက်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ Antioxidants နဲ့ မဂ္ဂနီစ်တွေမြင့်မားစွာပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်မှာ ကင်ဆာရောဂါဖြစ်ပွားနိုင်ချောကို လျှော့ချပေးနိုင်သလို သင့်ကိုယ်တွင်းအဂါၤတွေမှာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ ၅) အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ သံဓာတ်နဲ့ ကယ်လဆီယမ်ပါဝင်မှုကြောင့် ခရမ်းသီးစားသုံးခြင်းက အရိုးတွေသန်မာစေသလို၊ အရိုးပွရောဂါဖြစ်ပွားနိုင်ချေကိုလျှော့ချပေးပါတယ်။ အရိုးနဲပတ်သက်တဲ့ရောဂါမှန်သမျှကို ကာကွယ်ရာမှာအထေက်အကူဖြစ်စေပါတယ်။ ၆) သွေးအားနည်းခြင်းကိုလည်း သက်သာစေပါတယ်။ သံဓာတ်ပါဝင်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာသွေးအားနည်းရောဂါဖြစ်ပွားမှုကိုလျှော့ကျစေပါတယ်။ သံဓာတ်ချို့တဲ့ခြင်းက သွေးအားနည်းရောဂါဖြစ်ပွားနိုင်ပြီး မောပန်းလွယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း သွေးနီဥလုံလောက်စွာမရရှိနိုင်ခြင်းစတဲ့ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ ၇) ဦးနှောက်လုပ်ဆောင်ချက်ကိုတိုးတက်စေပါတယ်။ ခရမ်းသီးမှာ သဘာဝဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ phytonutrients ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်မှတဆင့်ဦးနှောက်ထိ သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေတာကြောင့် phytonutrients တွေက ရုံကြောအတွက်ကူညီနိင်ပြီး မှတ်ဉာဏ်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ http://doublediamondacres.com/2018/02/15/7-surprising-health-benefits-of-eating-eggplant/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။