ဆီးချိုသမားများ သတိထားသင့်သော အချက်များ

Published on September 7, 2025 Reading time: 2 mins Tags: #Diabetes #Health Tips #Nutrition

ဆီးချိုရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်ပုံမှန်ထက်မြင့်မားတဲ့ရောဂါကို ခေါ်တာဖြစ်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ခြင်းဟာ သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာပါတဲ့ အချိုဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဆီးချိုသမားများ သတိထားသင့်သောအချက်များကတော့

၁) ကျန်းမာတဲ့စားသောက်မှုပုံစံ

ဖြစ်ဖို့ အရေးကြီးတဲ့အတွက် အစားအစာကို သတိထားဖို့လိုပါတယ်။

၂) ကိုလက်စထရော ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။

အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ ကြက်ဥအနှစ်၊ အသည်း နဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ တစ်နေ့ကို ကိုလက်စထရောပမာဏ ၂၀၀ မီလီဂရမ် ထက်ပိုမစားမိအောင် သတိထားပါ။

၃) ဆိုဒီယမ် (အငန်ဓာတ်) ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။

နားလည်လွယ်အောင်ပြောပြရရင် အငန်ဓာတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်သင့်ပါဘူး။ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။

၄) ပြည့်ဝဆီများတဲ့အစားအစာတွေစားသုံးခြင်းကို သတိထားသင့်ပါတယ်။

အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ အမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။

၅) Trans fats အဆီပါတဲ့အစားအစာတွေကို သတိထားသင့်ပါတယ်။

ဒီအဆီတွေက အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေမှာ အများကြီး ပါဝင်နေတတ်တဲ့အတွက် အလွန်အကျွံမစားမိအောင်သတိထားပါ။

၆) အဆီပိုတွေ လျှော့ချနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်တာကို မမေ့ပါနဲ့။

ကိုယ်လက်လှုပ်ရှားမှုတစ်ခုတော့ ပုံမှန်လုပ်ဖို့သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာပိုနေတဲ့အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

၇) စိတ်ဖိစီးမှု ဖြစ်လာရင် သတိထားပါ။

စိတ်ဖိစီးမှုကြောင့် ခန ္ဓာကိုယ်မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ဟော်မုန်းဓာတ်ထွက်စေပါတယ်။ အဲဒီ့အခါ ဆီးချိုတက်စေနိုင်တာမို့ စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။ လျှော့ချနိုင်အောင်ကြိုးစားဖို့ အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်။

၈) အိပ်ရေးဝဝအိပ်ဖို့ သတိထားပါ။

ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

၉) ဆေးလိပ်ဖြတ်ဖို့ သတိထားပါ။

ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။ ဆီးချိုရောဂါရှိနေပေမယ့် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် လူတန်းစေ့ကျန်းမာအောင် နေနိုင်မှာပါ။ ဒါကြော့င်ဆီးချိုရောဂါသည်တွေ သတိထားသင့်တဲ့အချက်လေးတွေကို မှတ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ #Hello Sayarwon website မှာဆီးချိုရောဂါအကြောင်းဆောင်းပါးများကို ကိုးကားဖော်ပြပါသည်။

Related content