ခန္ဓာကိုယ်မှ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့အစားအစာများ

Published on September 21, 2025 Reading time: 2 mins Tags: #Detox #Healthy Foods #Nutrition Tips

အဆိပ်အတောက်ကင်းစေခြင်းက ဘယ်လောက်အရေးကြီးသလဲဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာတင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဘယ်လောက်ပါနေသလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အဲဒါကြောင့် အဆိပ်အတောက်ကင်းစင်စေတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ အောက်မှဖော်ပြထားတဲ့အစားအစာတွေက အလွယ်တကူစားသုံးနိုင်ပြီး သင့်ခန္ဓာကိုယ်မှာ အဆိပ်အတောက်လည်းကင်းစင်စေနိုင်ပါတယ်။

၁) နိုကိုဥ (Beetroot) vitamins B3 ၊ B6 နဲ့ vitamin C ကြွယ်ဝစွာ ပါဝင်ပါတယ်။ သံဓာတ်၊ ဇင့် နဲ့ ကယ်လဆိယမ်လည်း ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစင်စေပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ဓာတ်ပေါင်းများစွာပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစင်စေဖို့ အကောင်းဆုံအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

၂) သံပုရာသီး (Lemon) သင့်ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်ပမာဏက ညီမျှနေဖို့လိုပါတယ်။ သံပုရာသီးကဲ့သို့ ချဉ်သောအသီးတွေက သင့်ရဲ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ စစ်ထုတ်ပေးဖို့ ကူညီနိုင်ပါတယ်။

၃) ကြက်သွန်ဖြူ (Garlic) Antiseptic ဆိုတဲ့အစွမ်းပါဝင်မှုကြောင့် သင့်ရဲ့ခန္ဓာကိုယ်မှာ ရောဂါဖြစ်ပွားစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၄) ပန်းသီး (Apple) အာဟာရဓာတ်ပြည့်ဝပြီး အမျှင်ဓာတ်ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်စေဖို့ အထူးကောင်းမွန်တဲ့အသီးအနှံဖြစ်ပါတယ်။

၅) လက်ဖက်စီမ်း (Green tea) လက်ဖက်စိမ်းရွက်က အစွမ်းထက်တဲ့ antioxidants တွေပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။

၆) နနွင်း (Turmeric) Curcumin ဆိုတဲ့ဓာတ်က နနွင်းမှာပါဝင်ပါတယ်။ ထိုဓာတ်ကြောင့် အဆိပ်အတောက်ကင်းစင်စေပါတယ်။

၇) ဂေါ်ဖီထုပ် (Cabbage) ဂေါ်ဖီထုပ်စားခြင်းက သင့်ရဲ့အူမကြီးလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေဖယ်ရှားပေးဖို့ ပိုပြီးလွယ်ကူစေပါတယ်။ အသည်းကိုလည်း သန့်စင်စေပါတယ်။

၈) Flaxseeds Flaxseeds မှာ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

၉) ကရိန်းဘယ်ရီသီး (Cranberries) Antioxidants မြင့်မားစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်စေဖို့ ကူညီပေးနိုင်ပါတယ်။

၁၀) အစိမ်းရောင် အသီးအရွက်များ အစိမ်းရောင်အသီးအရွက်များမှာ ကလိုရိုဖီးလ် ကြွယ်ဝစွာပါဝင်တာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ အထောက်အကူဖြစ်စေပါတယ်။

၁၁) နံနံပင် (Cilantro) နံနံပင်က အဆိပ်အတောက်ကိုဖယ်ရှားရမှာ အရမ်းကိုအရေးပါတဲ့အစားအစာဖြစ်ပါတယ်။ သင့်ကိုယ်တွင်းအဂါၤတွေနဲ့ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှာပေးဖို့ ကူညီပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ https://ninasadvice.com/11-common-foods-that-detox-the-body/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content