ချောကလက် စားသုံးခြင်း၏ ဦးနှောက်အကျိုးကျေးဇူးများ
Published on September 21, 2025 Reading time: 2 mins Tags: #Dark chocolate #Health #Brain #Nutrition
တစ်နေ့လျှင် ချောကလက်အနည်းငယ်စားခြင်းက သင့်ဦးနှောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ မေ့လွယ်ခြင်း၊ မှတ်ရခက်ခဲခြင်း စတဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို ကူညီပေးနိုင်ပါတယ်လို့ Italy မှ University of L’Aquila တက္ကသိုလ်ရဲ့ဖော်ပြချက်အရသိရပါတယ်။ dark chocolate မှာ Antioxidants နဲ့ သံဓာတ်တွေပါဝင်ပါတယ်။ dark chocolate မှာ ဦးနှောက်ရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ တစ်နေ့နည်းနည်းစားပေးခြင်းက အာရုံစူးစိုက်မှုတိုးတက်စေခြင်း၊ သွက်လက်ထက်မြက်စေခြင်း၊ အလုပ်ခွင်မှာ မှတ်ဉာဏ်ကောင်းခြင်း နဲ့ အလုပ်လုပ်နိုင်စွမ်းတိုးတက်စေခြင်းတွေ အကျိုးရှိစေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ မေ့လွယ်ခြင်း၊ မကြာခဏမေ့တတ်ခြင်း စတဲ့ပြဿနာတွေအတွက် အထူးအကျိုးရှိစေတယ်လို့လည် ဖော်ပြကြပါတယ်။ အတွေးအခေါ်နဲ့ မှတ်ဉာဏ်ကို တိုးတက်အောင်ကူညီပေးပါတယ်။
ကိုကိုးနဲ့ ချောကလက် ( dark chocolate) စားခြင်းက လူငယ်တွေမှာကော လူကြီးတွေမှာကော ဆက်စပ်တွေးခေါ်နိုင်စွမ်းကို တိုးတက်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
Flavanols လို့ခေါ်တဲ့ antioxidant ပါဝင်မှုကြောင့်ကျန်းမာရေးကို အကျိုးရှိစေတာဖြစ်ပါတယ်။ နို့ရောထားတဲ့ချောကလက်ထက် dark chocolate မှာ ထိုဓာတ်ပိုပြီးပါဝင်ပါတယ်။ ဒါပေမယ့် ထိုဓာတ်ကို ပန်းသီး၊ သစ်တော်သီးနဲ့ စပျစ်သီးစတဲ့အသီးတွေမှာလည်း ပါဝင်တတ်ပါတယ်။ Flavonoid ကြောင့် နှလုံးသွေးကြောဆိုင်ရာစနစ်ကို ကျန်းမာစေပြီး ဦးနှောက်ရဲ့ သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ အရွယ်မတိုင်မီ မေ့လွယ်ခြင်းမဖြစ်စေပါဘူး။ အဲဒါကြောင့် dark chocolate ကို တစ်နေ့လျှင် နည်းနည်းစားပေးသင့်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ့စားသုံးခြင်းကိုတော့ ကန့်ကွက်ထားပါတယ်။ အထူးသဖြင့် သကြားတွေများတဲ့ချောကလက် ဒါမှမဟုတ် ရောနှောထားတဲ့ချောကလက်မျိုးကို အလွန်အကျွံ့မစားသင့်ပါဘူး။ တစ်နေ့မှာ dark chocolate တစ်အောင်စခန့်စားသုံးခြင်းက ကယ်လိုရီ ၁၅၀ သို့မဟုတ် ၂၀၀ခန့်ရနိုင်ပါတယ်။ ထိုပမာဏခန့်စားခြင်းက ကျန်းမာရေးအတွက်အကျိုးများစေပါတယ်။
တစ်နေ့ကို ပန်းသီးတစ်လုံးစားဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ဘာမှမရောနှောထားတဲ့ dark chocolate အနည်းငယ်ခန့်စားသုံးပေးခြင်းက အန္တရာယ်မဖြစ်စေပါဘူး။ https://www.menshealth.com/nutrition/a27289178/chocolate-brain-benefits/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။