နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာများ (၂)

Published on September 21, 2025 Reading time: 3 mins Tags: #Life lessons #Self-discipline #Personal growth

ဘဝမှာ စိတ်ညစ်မယ်၊ ဝမ်းနည်းမယ်၊ ပျော်ရွှင်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်ဆင်းရဲမယ်၊ ငိုကြွေးမယ်၊ ပျော်ရွှင်မယ်၊ ဝမ်းသာမယ် စသဖြင့် ခံစားချက်ပေါင်းစုံက အလှည့်ကျဖြစ်နေမှာပါ။ ခံစားချက်ပေါင်းစုံ ရရှိခံစားဖို့အတွက်လည်း ဖြစ်ရပ်ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ကြုံရဆုံရ၊ ရင်ဆိုင်ရ၊ ဖြေရှင်းရအုံးမှာပါပဲ။ အဲဒီ့အခါမှာ လဲပြိုကျနေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘယ်သူကမှ မထူမတ်ပေးနိုင်ပါဘူး။ ကိုယ်တိုင်သာ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ထူထောင်ဖို့ကြိုးစားရမှာပါ။ ကိုယ်တိုင်သာ ကိုယ့်ဘဝကို ၊ ကိုယ့်စိတ်ဓာတ်ကို ပြန်လည်မြင့်တင်နိုင်တာဖြစ်ပါတယ်။ အဲဒီလို ပြန်လည်မြင့်တင်ဖို့ လိုအပ်တဲ့အရာကတော့ ကိုယ့်ကိုကိုယ် ကတိပေးဖို့ဖြစ်ပြီး အဲဒီ့ကတိကို တည်အောင်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒါကြောင့် ဘဝရဲ့နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာတွေက ဘယ်လိုအရာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။ ၁၀) ဒီနေ့ကစပြီး ကိုယ့်အတွက် ဘာမှအကျိုးမပေးတာတွေကို လွှတ်ချလိုက်မယ်။ ၁၁) ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းအားလုံးကို မကြိုးစားကြည့်ရသေးဘဲနဲ့ လက်လျှော့အရှုံးပေးဖို့ မစဉ်းစားဘူး။ ၁၂) အတိတ်က ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက် ကိုယ့်ကိုကိုယ်ခွင့်လွှတ်မယ်။ နောက်မလုပ်ဖို့ ကြိုးစားမယ်။ ၁၃) ကိုယ့်ကိုကိုယ် အရှိအတိုင်းလက်ခံမယ်၊ ကိုယ့်ကိုကိုယ်ချစ်ခင်မယ်။ ၁၄) ကိုယ့်ကိုချစ်တဲ့သူတွေနဲ့သာ ကိုယ့်ဘဝကို ဖြတ်သန်းမယ်။ ကိုယ့်ကိုမလိုမုန်းထားသူတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်မယ်။ ၁၅) ကိုယ့်ကိုကိုယ်အတွက် ဂုဏ်ယူမယ်။ ၁၆) ကိုယ်လုပ်ချင်တာတွေ ဖြစ်အောင် လုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် အပြည့်အဝယုံကြည်တယ်။ ၁၇) ကိုယ့်ကို ထိခိုက်နာကျင်စေခဲ့သူတွေအားလုံးကို ခွင့်လွှတ်မယ်။ ကိုယ့်ဘ၀ လွတ်မြောက်ခြင်းအတွက်ပေါ့။ ၁၈) ကိုယ့်မှာရှိထားသမျှကို အသိအမှတ်ပြုမယ်၊ ကိုယ့်မှာ မရှိသေးတာတွေလည်း တစ်နေ့ဖြစ်လာမှာပေါ့။

Related content