နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာများ (၁)
Published on September 21, 2025 Reading time: 3 mins Tags: #Self-discipline #Positivity #Personal-growth
ဘဝမှာ စိတ်ညစ်မယ်၊ ဝမ်းနည်းမယ်၊ ပျော်ရွှင်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်ဆင်းရဲမယ်၊ ငိုကြွေးမယ်၊ ပျော်ရွှင်မယ်၊ ဝမ်းသာမယ် စသဖြင့် ခံစားချက်ပေါင်းစုံက အလှည့်ကျဖြစ်နေမှာပါ။ ခံစားချက်ပေါင်းစုံ ရရှိခံစားဖို့အတွက်လည်း ဖြစ်ရပ်ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ကြုံရဆုံရ၊ ရင်ဆိုင်ရ၊ ဖြေရှင်းရအုံးမှာပါပဲ။ အဲဒီ့အခါမှာ လဲပြိုကျနေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘယ်သူကမှ မထူမတ်ပေးနိုင်ပါဘူး။ ကိုယ်တိုင်သာ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ထူထောင်ဖို့ကြိုးစားရမှာပါ။ ကိုယ်တိုင်သာ ကိုယ့်ဘဝကို ၊ ကိုယ့်စိတ်ဓာတ်ကို ပြန်လည်မြင့်တင်နိုင်တာဖြစ်ပါတယ်။ အဲဒီလို ပြန်လည်မြင့်တင်ဖို့ လိုအပ်တဲ့အရာကတော့ ကိုယ့်ကိုကိုယ် ကတိပေးဖို့ဖြစ်ပြီး အဲဒီ့ကတိကို တည်အောင်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒါကြောင့် ဘဝရဲ့နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာတွေက ဘယ်လိုအရာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။
၁) ပျော်ရွှင်ခြင်းဆိုတာက ရွေးချယ်မှုတစ်ခုပါပဲ။ ကိုယ်ကတော့ ဒီနေ့ပျော်ရွှင်ဖို့ပဲ ရွေးချယ်မယ်။ ၂) ကိုယ်တိုင်ဆုံးဖြတ်ထားတဲ့ဘဝမျိုးဖြစ်အောင် ဖန်တီးဖို့ ကိုယ်တိုင်ပဲတတ်နိုင်ပါတယ်။ ၃) ကိုယ့်ဘဝမှာ အဓိပ္ပါယ်ပြည့်ဝစွာရှင်သန်မယ်၊ ရည်ရွယ်ချက်ကို စိတ်ဆန္ဒပြင်းပြစွာနဲ့ ကြိုးစားမယ်။ ၄) ဘာမှမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးတွေအတွက်နဲ့ ချွေးထွက်မခံပါနဲ့။ ၅) အကောင်းမြင်ဖို့က ရွေးချယ်တတ်ခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ပဲ ရွေးချယ်မယ်။ ၆) တချို့လူတွေကို “no” လို့ ငြင်းဖို့ ကြိုးစားမယ်၊ ကိုယ့်ကိုကိုယ် “yes” လို့ ပြောနိုင်ဖို့ကြိုးစားမယ်။ ၇) ကိုယ်ဖြစ်ချင်တဲ့အရာတွေအတွက် ကိုယ်လုပ်နိုင်ပါတယ်။ ကြိုးစားနိုင်ပါတယ်။ ၈) ကိုယ့်စိတ်ထဲ မကောင်းတဲ့အတွေးတွေကို စွန့်လွှတ်မယ်၊ အကောင်းမြင်စိတ်ဖြစ်အောင် ကြိုးစားမယ်။ ၉) ကိုယ့်ဘဝကို အင်တာနက်ပေါ်က သူစိမ်းတွေရဲ့ ဘဝနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။