ပိုကျန်းမာစေဖို့ သင်နေ့တိုင်းလုပ်နိုင်တဲ့ အရာလေးများ

Published on September 23, 2025 Reading time: 5 mins Tags: #Health #Daily Activities #Habits

ကျန်းမာဖို့အတွက် တကူးတကလုပ်ယူတာထက် သင့်ရဲ့နေ့စဉ်လုပ်ရှားမှုတွေထဲကနေမှပဲ လုပ်ယူသွားလို့ရပါတယ်။ နေ့တိုင်းသင်လုပ်နိုင်တဲ့အရာလေးတွေကပဲ သင့်အတွက် ကျန်းမာစေတဲ့အရာလေးတွေရှိပါတယ်။ အဲဒါတွေကတော့…. ၁) မနက်အိပ်ရာနိုးနိုးခြင်း ရေ ၂ခွက်ခန့်သောက်ပါ။ ၂) ၁၀ မိနစ်ခန့် ခန္ဓာကိုယ်ကို အကြောဆန့်တာမျိုးလုပ်ပေးပါ။ ၃) လှေကားတွေကို တက်ဖို့မကြောက်ပါနဲ့။ ဒါမှမဟုတ် လမ်းလျှောက်ပါ။ ၄) မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ။ သင့်မျက်လုံးတွေကို ကွန်ပျူတာမှာပဲ အကြာကြီးကြည့်တာထက် ဘေးပတ်ဝန်းကျင်ကိုလည်း မကြာခဏ ကြည့်ဖို့ သတိပေးပါ။ ၅) နေရောင်ခြည်နဲ့ အနည်းဆုံး ၁၅မိနစ်ခန့်ထိတွေ့ပါစေ။ ၆) ညအိပ်ချိန်မတိုင်မီ ၂နာရီအလိုမှာ သင့်ဖုန်းကို silence လုပ်ထားပါ။ ၇) မအိပ်ခင် ၁၀မိနစ်ခန့် စာဖတ်ပါ။

Related content