တစ်နေ့တာလုံး သင် မဖြစ်မနေ စိတ်ထဲမှတ်ထားရမယ့်အရာများ

Published on September 22, 2025 Reading time: 4 mins Tags: #Daily habits #Positivity #Mental health

တစ်နေ့တာလုံးမှာ မလုပ်ချင်ပေမယ့်လုပ်ရတာရှိမယ်၊ လုပ်ချင်ပေမယ့် မလုပ်နိုင်တာရှိမယ်၊ ဖြစ်ချင်ပေမယ့်မဖြစ်နိုင်သေးတာတွေရှိမယ်၊ စားဝတ်နေရေးအရ မဖြစ်မနေလုပ်ရတဲ့အလုပ်တွေရှိမယ်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ်မမြင်ချင်မတွေ့ချင်ပေမယ့်တွေ့ဆုံဆက်ဆံနေရတာရှိမယ်။ ကိုယ့်အပေါ် ကောင်းစေချင်တဲ့လူတွေရှိသလို၊ ကိုယ့်အပေါ်မကောင်းတဲ့လူတွေလည်း ကြုံရမှာပါပဲ။ အဲဒါကြောင့် အောက်ကဖော်ပြထားတဲ့အချက်လေးတွေကို မနက်ခင်းတိုင်း ၊ အိပ်ရာက နိုးထလို့ တစ်နေ့တာ စတင်တိုင်း သင့်အတွင်းစိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်းမှတ်သားထားပါ။ သင်တစ်နေ့တာမှာ ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။ ၁) ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ရှင်သန်မယ်။ ၂) ကိုယ့်ကိုကိုယ် ပိုချစ်ဖို့ကြိုးစားမယ်။ ၃) ကိုယ့်ကိုကိုယ် ပိုစိတ်ချမ်းသာအောင် ကြိုးစားမယ်။ ၄) ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေးကို ဂရုစိုက်မယ်။ ၅) ကိုယ်ဘယ်လောက်စေတနာထားထား စေတနာကို နားမလည်သူတွေအတွက် အချိန်ကုန်မခံဘူး။ ၆) မကောင်းတဲ့အတွေးအမြင်တွေကို စိတ်ထဲလုံးဝမထည့်ဘူး။ ၇) ပိုပြီး ပြုံးပျော်ဖို့ ကြိုးစားမယ်။ ၈) သူတပါးအပေါ်လည်း မကောင်းတဲ့စိတ်ထား၊ အပြောအဆို မဖြစ်အောင် သတိထားမယ်။ ၉) ပိုပြီး ခွင့်လွှတ်တတ်ဖို့ ကြိုးစားမယ်။

Related content