အခြေအနေဆိုးတွေကြုံလာတဲ့အခါတွေးရန်အချက်များ

Published on August 18, 2025 Reading time: 4 mins Tags: #Life tips #Personal growth #Mental health

လူတိုင်းလိုလို ဆိုးဝါးလှတဲ့အခြေအနေတွေ ကြုံဖူးမှာပါ။ ဘဝက ကောင်းတလှည့်ဆိုးတလှည့်မဟုတ်လား။ ကောင်းတဲ့အခြေအနေမှာတော့ ပြဿနာမရှိပေမယ့် ဆိုးတဲ့အခြေအနေမှာတော့ ကိုယ့်ကိုကိုယ် မဆောက်တည်တတ်တာမျိုး၊ ယူကြုံးမရတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုအခြေအနေဆိုးမျိုးကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ဆောက်တည်ပြီး အကောင်းဘက်ကတွေးနိုင်အောင် လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ၁) သင့်ရဲ့ဘဝမှာ ပိုင်ဆိုင်ထားတဲ့အရာတွေကို ချရေးပါ။

  • ၂) ဒီနှစ်ပိုင်းမှာ သင်စွမ်းဆောင်နိုင်ခဲ့တဲ့အရာတွေကို ချရေးပါ။

  • ၃) သင်နှစ်သက်တဲ့အရာတွေကို ချရေးပါ။

  • ၄) အဆိုးဆုံးအခြေအနေတွေကို ကြိုတင်ခန့်မှန်းပါ၊ ထိုအခြေအနေဆိုးတွေအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်း ၃ခုကို ကြိုတင်စဉ်းစားပါ။

  • ၅) ဆိုးဝါးတဲ့စကားလုံးတွေကို နာရီအနည်းငယ်လောက် မေ့ပျောက်ထားလိုက်ပြီးတော့ နာရီပိုင်းလောက်ရုပ်ရှင်ကြည့်လိုက်ပါ။

  • ၆) သင့်ရဲ့စိတ်တင်းကြပ်မှုတွေ ပြေပျောက်သွားအောင် သင်ပြေးနိုင်သလောက် ပြေးကြည့်လိုက်ပါ။

  • ၇) လာမယ့် ငါးနှစ်အတွင်းမှာ သင်ရောက်ချင်တဲ့ပန်းတိုင်ကို ချရေးထားပါ။

  • ၈) အတွေ့အကြုံအသစ်တွေကို စူးစမ်းလေ့လာရန် သင်ရဲ့ဝါသနာအသစ်ကို ရှာဖွေပါ။

Related content