သင့်ယုံကြည်မှု တိုးစေဖို့ ဖတ်သင့်သော ကောက်နုတ်ချက်များ

Published on September 16, 2025 Reading time: 3 mins Tags: #Confidence #Quotes #Inspiration

အတွေ့အကြုံက သင်ဘာလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကတော့ သင်လုပ်ရမယ့်အရာကို လုပ်ဖြစ်စေလိမ့်မယ်။

  • Stan Smith (တင်းနစ်ကစားသမား)

သင်အနနိုင်ရတဲ့အခါ လူတိုင်းက တော်တယ်လို့ပြောတိုင်း သင်တော်သွားတာမဟုတ်သလို၊ သင်ကျရှုံးတဲ့အခါ လူတိုင်းက သင့်ကို ညံ့တယ်လို့ပြောတိုင်းလည်း သင်ညံ့သွားတာမဟုတ်ပါဘူး။

  • Lou Holtz (အမေရိကန် ဘောလုံးကစာသမား)

ဘဝပင်လယ်ပြင်မှာ ဘယ်လိုရွက်လွှင့်ရမလဲဆိုတာကို သင်ယူထားသူအတွက် မုန်းတိုင်းတွေကို ကြောက်စရာမလိုပါဘူး။

  • Louisa May Alcott (စာရေးဆရာ)

အခြားသူတဦးက သင့်ကိုပန်းတွေလာပေးတာကို စောင့်နေမယ့်အစား သင့်ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် သင့်ရဲ့ ကိုယ်ပိုင်ဥယျာဉ်တခုကို ပျိုးထောင်ပြီး လှပဝေဆာလာအောင် ကိုယ်တိုင်ဖန်တီးပါ။

  • Jorge Luis Borges (စာရေးဆရာ)

အကောင်းမြင်ခြင်းက အောင်မြင်ရမယ်လို့ ယုံကြည်ခြင်းပဲ။ မျှော်လင့်ချက်နဲ့ ယုံကြည်မှုသာမရှိရင် ဘယ်အရာမှ မပြီးမြောက်နိုင်ဘူးလေ။

  • Helen Keller (စာရေးဆရာ)

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက လူကိုပျော်ရွှင်စေတယ်။ ပျော်ရွှင်နေတဲ့အခါ အံ့မခန်းတဲ့အရာတွေကို လုပ်နိုင်လာလိမ့်မယ်။

  • Joe Namath (သရုပ်ဆောင်)

ကိုယ့်ကိုယ်ကို အောင်နိုင်မယ်လို့ ယုံကြည်သူတွေပဲ အနိုင်ရသွားကြတာပါ။ အနှေးနဲ့အမြန်ဆိုသလိုပေါ့။

  • Paul Tournier (ဆရာဝန်)

ကိုယ့်ကိုကိုယ် ယုံကြည်မှုသာ မရှိဘူးဆိုရင် ဘဝဆိုတဲ့ ပြိုင်ပွဲမှာ သင်နှစ်ခါတောင် ကျရှုံးသွားမှာပေါ့။

  • Marcus Gravey (နိုင်ငံရေးသမား)

Related content