ပတ်ဝန်းကျင်မှာတွေ့ရတတ်သော လွှဲမှားနေသောအပြုအမူများ (၂)
Published on September 19, 2025 Reading time: 3 mins Tags: #Right and Wrong #Social Behaviors #Environment
တခါတလေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမှန်အဖြစ်လက်ခံကျင့်သုံးနေပြီး တကယ်တမ်းကျတော့ မှားယွင်းနေတဲ့အချက်တော်တော်များများရှိပါတယ်။ အမှားတွေကို လူတော်တော်များများက အမှန်အဖြစ်လက်ခံကျင့်သုံးနေတဲ့အခါ အမှန်တွေတဖြေးဖြေး ကွယ်ပျောက်လာပြီး အမှားတွေကသာ အမှန်ကဲ့သို့ ကြီးစိုးလာပါတော့တယ်။ အမှန်တရားတွေကတော့ အမှားအဖြစ်နေရာလွှဲနေကြပါတော့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့ဓဒူဝမြင်နေကျဖြစ်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) အမှိုက်တွေကို တိုက်ပေါ်မှ နောက်ဖေးလမ်းကြားသို့ အလွယ်ပစ်ချခြင်း ၂) လူကူးမျဉ်းကြားမှ မကူးဘဲ လူကူးများတဲ့နေရာမှ အလွယ်ကူးခြင်း ၃) ကွမ်းတံတွေးကို မြင်ရာထွေးခြင်း ၄) “ကိုယ့်မထိရင် မနာဘူး….” ဆိုသည့်စိတ်ဓာတ်မွေးခြင်း ၅) လူကြီးပြောတာသာ အမှန်ဟု တထစ်ချသတ်မှတ်ခြင်း (မဖြစ်နိုင်၊ ဖြစ်နိုင်မစဉ်းစားခြင်း) ၆) အခြားသူများ၏ ကိုယ်ခန္ဓာသွင်ပြင်၊ အားနည်းချက်များကို အုပ်စုဖွဲ့ လှောင်ပြောင်ခြင်း၊ ရယ်စရာလုပ်ခြင်း ၇) မှန်ရာကို အမုန်းခံပြီး မပြောခြင်း ၈) လူကူးမျဉ်းကြားမှ ကားလမ်းကူးနေသူများကို ယဉ်မောင်းသူများမှ ဦးစားမပေးခြင်း ၉) စနစ်တကျ တန်းစီနေသူများကို ကြားဖြတ်ခြင်း ၁၀) အခြားသူများကို ဖေ့ဘုတ်ပေါ်မှ လက်လွတ်စပယ် comment ရေးပြီး bully လုပ်ခြင်း ၁၁) အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများကို ဦးစားမပေးခြင်း ၁၂) အမှိုက်များကို အမှိုက်ပုံမပစ်ဘဲ အလွယ်တကူ ရေမြောင်းထဲပစ်ခြင်း
ထိုအပြုအမူတွေက မှားနေမှန်းသိပေမယ့် ခံယူသူတွေများလာတဲ့အခါ အမှန်တရားတစ်ခုလို လက်ခံကျင့်သုံးသူများလာပါတယ်။ အမှားတွေနေရာယူလာတာများလာတဲ့အခါ အမှန်တွေဆိတ်သုန်းရပါလိမ့်မယ်။ အဲဒါကြောင့် မှားနေတာတွေကို အများသိအောင် လက်ဆင့်ကမ်းပေးလိုက်ကြပါနော်။