နှစ်တစ်ရာပဲရဲ့အံမခန်းအစွမ်းများ

Published on September 22, 2025 Reading time: 4 mins Tags: #Century Bean #Health #Nutrition

အာရှအရှေ့ဘက်မှာ ရှင်သန်ပေါက်ရောက်ပြီး တရုတ်ပြည်မှာ စိုက်ပျိုးပြီး နှစ်ထောင်ချီရှင်သန်တဲ့အပင် ကြီးမျိုးဖြစ်တာမို့ နှစ်တစ်ရာပဲလို့ခေါ်ဆိုတာဖြစ်ပါတယ်။ အမျိုးစုံအသုံးတည့်တဲ့ပဲလည်းဖြစ်ပါတယ်။ ရှေးခေတ်ကတည်းက ရှင်သန်ပေါက်ရောက်တဲ့ အပင်ကြီးမျိုးဖြစ်ပါတယ်။ ထိုအပင်ရဲ့အရွက်နဲ့အစေ့ဟာလည်း တရုတ်ရိုးရာဆေးပညာမှာအသုံးဝင်တယ်လို့ ဖော်ပြကြပါတယ်။ အဓိကကတော့ သွေးလည်ပတ်မှုကောင်းစေခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်အားကောင်းစေခြင်းတို့အတွက်အသုံးဝင်ပါတယ်။ နှစ်တစ်ရာပဲရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) နှလုံးကျန်းမာရေးကိုထိန်းသိမ်းပေးပါတယ်။ နှလုံးကျန်းမာရေးကိုထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေပါတယ်။ ၂) အာရုံကြောရောဂါများနဲ့ ကင်ဆာရောဂါများကို အကူအညီပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာရောဂါများကိုသက်သာစေပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ ၃) အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်းနဲ့ ဖန်တီးတွေးတောနိုင်စွမ်း ကောင်းမွန်စေပါတယ်။ ၄) အိုမင်းရင့်ရော်ခြင်းကိုနှေးစေပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုနှေးစေပြီး အမည်းစက်များနဲ့ အရေးအကြောင်းကို သက်သာစေပါတယ်။ ၅) နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို ကူညီပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကျယ်စေခြင်းနဲ့ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ ၆) မှတ်ဉာဏ်နဲ့ဆိုင်သောရောဂါများကို သက်သာစေပါတယ်။ သိမြင်ခြင်းနဲ့ဆိုင်သောရောဂါများဖြစ်ပေါ်ခြင်းကို လျော့ကျစေဖို့ကူညီပေးနိုင်ပါတယ်။ ဥပမာ။ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အင်ဇိုင်းမားရောဂါကဲ့သို့ရောဂါများဖြစ်ပွားခြင်း သတိပြုရန်။ သွေးနဲ့ဆိုင်သောရောဂါရှိသူများနဲ့ ကိုယ်ဝန်ဆောင်များစားသုံးဖို့မသင့်တော်ပါ။

Related content