ယုံကြည်မှုတိုးစေတဲ့ အလွယ်ဆုံးနည်းလမ်းများ
Published on September 23, 2025 Reading time: 3 mins Tags: #Confidence #Self-motivation #Behavior #Social-skills
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးခြင်းက လိုအပ်တဲ့အရာတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတဲ့လူအဖို့ ဘယ်နေရာမှာမဆို တွန့်ဆုတ်နေမှာဖြစ်ပြီး ကိုယ့်မှာရှိတဲ့အစွမ်းအစတွေကိုလည်း ထုတ်ပြရဲမှာမဟုတ်လို့ အောင်မြင်ဖို့နောက်ကျနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အလွယ်ဆုံးအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ပထမဆုံးအမြင်မှာတင် ယုံကြည်မှုရှိအောင်ပြင်ဆင်ပါ။ ဥပမာ။ သင့်အဝတ်အစား၊ သင့်ရဲ့တကိုယ်ရည်သန့်ရှင်းရေး ၂) ပြုံးပါ။ ပြုံးခြင်းက သင့်ကိုမြင်ရတဲ့လူတွေအတွက်လည်း စိတ်ရွှင်လန်းစေသလို၊ ဘယ်လောက်ရုပ်ဆိုးပါစေ အမြဲပြုံးရွှင်နေတဲ့လူကို လူအများစုချစ်ခင်တတ်ကြပါတယ်။ ၃) အပျက်စကားမျိုးကိုရှောင်ပါ။ အထူးသဖြင့် အခြားသူရဲ့မကောင်းကြောင်းတွေ၊ အခြားသူကိုရှုံ့ချတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်စေတဲ့စကာမျိုးတွေရှောင်ပါ။ ၄) မကောင်းတဲ့လူတွေကိုရှောင်ပါ။ မကောင်းမြင်စိတ်များတဲ့သူတွေကိုရှောင်ပါ။ မကောင်းမြင်စိတ်က ကိုယ့်ကိုကူးစက်နိုင်စေပါတယ်။ ၅) ပြဿနာတွေကို ပိုတိုးတက်လာစေမယ့်စိန်ခေါ်မှုအဖြစ်မြင်ပါ။ ပြဿနာတွေကြုံရတဲ့အခါ ကိုယ့်စွမ်းရည်ပိုပြီးတိုးတက်လာစေမယ့် စိန်ခေါ်မှုအဖြစ်ပြောင်းမြင်လိုက်ပါ။ ၆) မျက်လုံးချင်းဆုံပြီးစကားပြောပါ။ တဖက်လူရဲ့စကားကို အလေးထားကြောင်းဖော်ပြတဲ့အနေနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပေးပါ။ အဲဒါက တဖက်လူပြောစကားကိုလည်း ပိုပြီးမှတ်မိလွယ်စေပါတယ်။ ၇) နောက်ဆံတင်းရမယ့်အဝတ်အစားအပြင်အဆင်မျိုးရှောင်ပါ။ အရမ်းကြပ်နေတဲ့စကတ်တို့၊ အင်္ကျ ီတို့၊ ရင်ဟိုက်နေတာမျိုး ၊ တိုလွန်းတာမျိုး စသဖြင့် မလုံခြုံဘူးလို့ခံစားရစေတဲ့အဝတ်အစားအဆင်အယင်မျိုးက သင့်ကိုယုံကြည်မှုလျှော့စေပါတယ်။ ၈) သင့်ကိုယ်သင်ယုံကြည်ပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်အကောင်းဆုံးလုပ်နိုင်တယ်လို့ ယုံကြည်စိတ်ထားပါ။