ဘလူးဘယ်ရီသီးရဲ့ အံ့မခန်းအစွမ်းများ
Published on September 22, 2025 Reading time: 4 mins Tags: #Blueberries #Antioxidants #Health Benefits
ဘယ်လူးဘယ်ရီသီးက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ခရမ်းရင့်ရောင်အသီးမျိုးဖြစ်ပါတယ်။ ပထမဆုံးသီးစမှာ အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်လာတဲ့အခါမှာတော့ ခရမ်းရင့်ရောင်ပြောင်းသွားပါတယ်။ ဘယ်ရီသီးတွေမှာ အာဟာရဓာတ်ကြွယ်ဝစုံလင်စွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီစ်တို့ အဓိက ပါဝင်ပြီး အခြားသော antioxidants တွေနဲ့အာဟာရတွေလည်း ပါဝင်ပါသေးတယ်။ ဘယ်ရီသီးစားခြင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ ၁) ကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့ antioxidants တွေပါဝင်ပါတယ်။ ၂) အဆီလောင်ကျွမ်းစေပါတယ်။ ၃) ခုခံစွမ်းအားတိုးစေပါတယ်။ ၄) ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိစေပါတယ်။ ၅) နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ ၆) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ၇) သွေးထဲကသကြားဓာတ်ပမာဏကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ၈) ကိုလက်စထရောကိုလျော့ကျစေနိုင်ပါတယ်။ ၉)အမြင်အာရုံတိုးတက်စေနိုင်ပါတယ်။ ၁၀) အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဥဏ်စွမ်းအားတိုးစေပါတယ်။ ၁၁) အိုမင်းရင့်ရော်ခြင်းကိုနှေးစေပြီး အရေပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ၁၂) ကောင်းမွန်စွာအိပ်ပျော်စေဖို့ အကူအညီဖြစ်စေပါတယ်။