နှမ်းနက်ရဲ့ကောင်းကျိုးများ

Published on September 22, 2025 Reading time: 2 mins Tags: #Black Sesame #Health Benefits #Nutrition #Food

နှမ်းနက် (Black Sesame seeds) ကို ဆူရှီမှာကပ်ထားတဲ့နှမ်းနက်စေ့လေးတွေ၊ ပေါင်မုန့်အချို့မှာ ကပ်ထားတာမျိုးတွေ မြင်ဖူးကြမှာပါ။ နှမ်းနက်စေ့က ကျန်းမာရေးအရ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ Smoothie တွေ၊ ဒိန်ချဉ်တွေစားရင် ထည့်တတ်ကြပါတယ်။ အိန္ဒိယမှာဆိုရင် နှမ်းနက်စေ့ရဲ့အဆီကို ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ အာဟာရပညာရှင်(Chief Nutritionist)တစ်ယောက်ဖြစ်တဲ့ Dr. Rupali Dutta က နှမ်းနက်စေ့မှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ polyunsaturated fatty acids နဲ့ Omega-6 ကဲ့သို့ အဆီတွေပါဝင်ပါတယ်။ အမျှင်ဓာတ်တွေ၊ သံဓာတ်တွေ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖောရတ်တွေလည်း ပါဝင်ပါတယ်။ နှမ်းနက်စေ့ရဲ့အစွမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) အိုမင်းရင့်ရော်ခြင်းကိုလည်း သက်သာစေခြင်း တရုတ်လူမျိုးတွေက နှမ်းနက်စေ့မှာ အိုမင်းရင့်ရော်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို နည်းပါးစေဖို့ ကူညီပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ၂၀၁၀မှာ ဟားဗတ်တက္ကသိုလ်က လေ့လာချက်တစ်ခုအရ နှမ်းနက်စေ့မှာ ဗီတာမင်ဘီနဲ့ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဗီတာမင်ဘီနဲ့သံဓာတ်ချို့တဲ့သူတွေအတွက် အထူးကောင်းမွန်စေပါတယ်။ ဗီတာမင်ဘီနဲ့သံဓာတ်ချို့တဲ့ခြင်းက ဆံပင်ဖြူမြန်ခြင်း၊ ဆံပင်ကျွတ်များခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂) ကင်ဆာဖြစ်ပွားနိုင်ချော့ လျော့ကျစေဖို့ အကူအညီဖြစ်ခြင်း

Houston မြို့ Anderson Cancer Centre မှ MD ဖြစ်သူ Dr.Ronald DePhino ရဲ့ပြောပြချက်အရ နှမ်းနက်စေ့မှာ ခန္ဓာကိုယ်ထဲမှ ဖရီးရယ်ဒီကယ်တွေကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိကြောင်းပြသခဲ့ပါတယ်။ အမျှင်ဓာတ်၊ lignans ၊ phytosterol (phytochemicals) စတာတွေပါဝင်ခြင်းကြောင့် အူမကြီးကင်ဆာဖြစ်ပွားခြင်းကိုလည်း လျော့ကျဖို့ ကူညီပေးပါတယ်။

၃) အစာမကြေခြင်းနဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း ကာလက္ကတား N.R. S ဆေးရုံမှ Dr. Amol Ghosh ပြောပြချက်အရ နှမ်းနက်စေ့က ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်နဲ့ unsaturated fatty တွေက အစာကြေစေပါတယ်။ အူထဲမှာ အစာချေလွယ်ကူစေပါတယ်။ အမျှင်ဓာတ်ကလည်း အူမကြီးလှုပ်ရှားမှုကို ကူညီပေးနိုင်ပါတယ်။

၄) သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ခြင်း

မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးတိုးခြင်းကိုကာကွယ်ဖို့ ကူညီပေးပါတယ်။ Polyunsaturated fats ပါဝင်ခြင်းက သွေးဖိအားကို ထိန်းချုပ်ဖို့ကူညီနိုင်ပါတယ်။

၅) အရိုးတွေသန်မာဖို့ ကူညီနိုင်ခြင်း Delhi မြို့ Aayna Clinic မှ အာဟာရပညာရှင် Dr. Gargi Sharma ရဲ့ပြောပြချက်အရ အရိုးတွေမကျန်းမာခြင်း၊ ပျက်စီးခြင်းကြောင့် အရိုးပွရောဂါဖြစ်ပေါ်ရတာဖြစ်ပါတယ်တဲ့။ အသက် ၃၅နှစ်နောက်ပိုင်းမှာ အရိုးသိပ်သည်းမှုက ကျဆင်းလာပါတယ်။။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် ပိုပြီး အရိုးပျက်စီးဖို့ လွယ်ကူစေပါတယ်တဲ့။ နှမ်းနက်စေ့မှာ ကယ်လဆီယမ်နဲ့ဇင့်ဓာတ်ကြွယ်ဝတာကြောင့် သင့်အရိုးသန်မာစေဖို့ အထောက်အကူဖြစ်စေပါတယ်လို့ ပြောပြခဲ့ပါတယ်။

Dr. Anju Sood ဆိုသူကတော့ နှမ်းနက်စေ့ကို ကွေကာအုပ်၊ ထမင်း၊ ခေါက်ဆွဲစတာတွေအပြင် ဒိန်ချဉ်၊ smoothie တွေမှာလည်း ထည့်သွင်းစားသောက်နိုင်တယ်လို့ပြောထားပါတယ်။ နှမ်းနက်မှာ ပါဝင်တဲ့ သတ္တုဓာတ်အပြင် ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကျောက်တည်ဖူးသူတွေ ဒါမှမဟုတ် အစာအိမ်မကောင်းတဲ့သူတွေတော့ အလွန်အကျွံ့မစားသင့်ဘူးလို့ဖော်ပြထားပါတယ်။

https://food.ndtv.com/food-drinks/5-healthy-benefits-of-sesame-seeds-for-better-digestion-and-healthier-bones-1416030လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

Related content