ဘီလျံနာများအကြံပြုသောဖတ်သင့်စာအုပ် ၅ အုပ်
Published on September 7, 2025 Reading time: 2 mins Tags: #Warrent Buffet #Bill Gates #Mark Zuckerberg #Book Recommendations #Reading Habits
ကမ္ဘာကျော် ဘီလီယံနာတွေဖြစ်ကြတဲ့ Warrant Buffet, Bill Gate နဲ့ Mark Zuckerberg တို့ရဲ့ တူညီသောအချက် တစ်ခုကတော့ စာအုပ်တွေကို ခုံခုံမင်မင်ဖတ်လေ့ရှိခြင်းပဲဖြစ်ပါတယ်။ သူတို့ဖတ်ဖို့ညွှန်းဆိုထားတဲ့ စာအုပ်ကောင်းတွေထဲက အချို့ကိုထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။
“Creativity, Inc.” by Ed Catmull
- စီးပွားရေးလုပ်ငန်းတွေကို တီတွင်ဆန်းသစ်စွာ စီမံအုပ်ချုပ်ခြင်းအကြောင်း ရေးထားတဲ့စာအုပ်ပါ။ စာရေးသူ Ed Catmull ဟာ Pixar Animation Studios ကို Steve Jobs နဲ့တွဲကာတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
“The Better Angels of Our Nature,” by Steven Pinker – New York Times ရဲ့အရောင်းရဆုံး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Steven Pinker ရဲ့ဒီစာအုပ်မှာ သမိုင်းကြောင်း၊ စစ်ပွဲနဲ့ ငြိမ်းချမ်းခြင်း၊ လူသားတွေရဲ့ ကောင်းတဲ့စိတ်နဲ့ ဆိုးတဲ့စိတ်တို့ကို ရှုထောင့်အသစ်ကနေ ရေးသားတင်ပြထားပါတယ်။
“How to Win Friends and Influence People,” by Dale Carnegie
- နာမည်ကျော်စာရေးဆရာကြီး Dale Carnegie ရဲ့ လူမှုပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံနည်းလမ်းတွေအကြောင်း ရေးသားထားတဲ့ ဒီစာအုပ်က ကမ္ဘာ့ရောင်းအားအကောင်းဆုံးနဲ့ အောင်မြင်ကျော်ကြားသူတွေ အဖတ်အများဆုံး စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။
“The Catcher in the Rye,” by J. D. Salinger
- ဂန္တဝင်စာအုပ်တစ်အုပ်အဖြစ်မှတ်တမ်းတင်ခံထားရတဲ့ J. D. Salinger ရဲ့ဒီစာအုပ်ဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ဘဝအပေါ်အတွေးအမြင်၊ ရင်ဆိုင်မှုတွေကို လက်ရာမြောက်စွာ ရေသားသရုပ်ဖော်ဆောင်နိုင်ပါတယ်။
“Einstein: His Life and Universe,” by Walter Isaacson
- အတ္ထုပတ္တိစာအုပ်တွေနဲ့ နာမည်ကျော်စာရေးဆရာကြီး Walter Isaacson ရဲ့ဒီစာအုပ်မှာ ပါရမီရှင် နာမည်ကျော် သိပ္ပံပညာရှင်အိုင်းစတိုင်းရဲ့ ဘဝအကြောင်းကို ပြည့်စုံစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
#BooksReadByBillionaires
Original Source : buffettsbooks.com & theinvestorpodcast.com ပုံမ ျားကိုအင်တာနက်မှကူးယူဖော်ပြထားပါသည်။